ဘန်ကောက်ဈေးဝယ် လမ်းညွန် အပိုင်း (၆ ) Bangkok Shopping Guide Part 6

in #myanmar7 years ago

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ဈေးဝယ်ရင်း လျှောက်လည်ပါတ်မည်
ဆိုလျှင် သိထားသင့်သော ယခုအချိန်မှာ နာမည်ကြီးနေတဲ့
နောက်ထပ် Canter တစ်ခုကတော့ MBK ဆိုတဲ့ Canter
ဖြစ်ပါတယ် ဖော်ပြလာခဲ့တဲ့ အပိုင်းအနေနှင့် ၆ခု ရှိပီဖြစ်ရာ
ယခု အပိုင်း ၆မှာ ပိုမိုစုံလင်အောင် ရေးသားဖော်ပြထားပါ၏

tripious_activity_6479325.jpg

ဒီ MBK Canter ကြီးစီသို့ ကုန်းလမ်း ရေလမ်း မိုးပျံရထား
မြေအောက်ရထားဖြင့် စုံလင်အောင် သွားရောက်နိုင်သဖြင့်
မိမိသွားချင်တဲ့ခရီးအား အလျှင်အမြန်ချောမွေ့စွာ ရောက်ရှိနိုင်မှာ
ဖြစ်ပါတယ် ဒီ Canter မှာ စားသောက်ဆိုင်အနည်းငယ်သာ
တည်ရှိတာကြောင့် မိမိအကြိုက်နှင့်မတူလျှင် အနည်းငယ်
ဒုက္ခရနိုင်ပါတယ် မြန်မာပြည်သားများ ထိုင်နိုင်ငံ အနှံ့အပြားမှာ
ဝင်ရောက် အလုပ်လုပ်ကိုင်နေတာကြောင့် မြန်မာပြည်သား
အလုပ်သမားများလည်း တွေရနိုင်သလို မြန်မာပြည်သား
အလုပ်သမားထာရှိသော ဆိုင်များမှာလည်း 100% မှာ
90% က ဈေးနှစ်ဆ သို့မဟုတ် သုံးဆ တင်ရောင်းချတာကြောင့်
ဝမ်းသာအားရ တနင့်တပိုး မ၀ယ်ယူကြပါနှင့်လို့ ဦးစွာသတိပေး
ပါရစေ ရောင်းချသော ပစ္စည်းများမှာ အ၀တ်အထည် ဖိနပ်
အိပ် ဖုန်း ကွန်ပြူတာ နှင့် အလှကုန်ပစ္စည်းများကို ရောင်းချပီး
အများဆုံးရောင်းချသော ပစ္စည်းများမှာ နာရီ အိပ် ဖိနပ် နှင့် ဖုန်း
Brand Copy များကိုရောင်းချတာကြောင့် ဈေးတနင့်တပိုး
ပေးရပီး အတုကိုသာရရှိမည် ဖြစ်၏ ကျွနုပ်ဖော်ပြလာသော
ဘန်ကောက် ခရီးသွားပို့စ် ၅ ခုရှိပီဖြစ်ရာ အကုန်လုံးမှာ ၀ယ်ယူ
စရာများတူညီနေသော်လည်း အရည်အသွေးမှာ မတူညီအောင်
ဖော်ပြပေးနေသည်ကို စာဖက်သူတို့ သတိမှပြုမိပါလေစ

mbk-shopping-mall.jpg.jpg

ဟုတ်ကဲ့ ကျနော် ရောက်ရှိနေတဲ့သုံးနှစ်တာ ကာလ အတွင်းမှာ
ထိုင်းနိုင်ငံမှာ ဈေးဝယ်ထွက်မည်ဆိုလျှင် အကြိုက်ဆုံးမှာ
အ၀တ်အထည်သာဖြစ်၏ သို့သော် အ၀တ်အထည်များတွင်
Copy brand ကိုမကြိုက်နှစ်သက်ပါ Real ကို လည်း
ဝယ်မ၀တ်နိုင်သဖြင့် ခိုင်ခံသော ဒီဇိုင်းဆန်း အရည်အသွေး
ကောင်းသော အထည်များကို ၀ယ်ယူဝတ်ဆင်ခဲ့ပါ၏
အဘယ်ကြောင့် ကျွနုပ် Brand မျာကို Copy မ၀တ်ဆင်ခြင်းနှင့်
ထိုင်းနိုင်ငံအတွင်းမှာ ဈေးဝယ်လျှင် Brand Copy များအား
မ၀ယ်ယူအားမပေးကြရန် ရှင်းပြပါမည် ..........
ထိုင်းနိုင်ငံမှာ အများစု စီးပွားဖြစ်ကြတာ
First Copy Brand ဆိုတဲ့ အတုအပရောင်းချခြင်းဖြင့် စီးပွား
ဖြစ်ထွန်းလာသည်မှာ ကြာပီဖြစ်၏ တချို့သော Brand Copy
များမှာ ထိုင်းနိုင်ငံအတွင်းမှ ထုတ်လုပ်ရောင်းချသော်လည်း
အများစုမှာ ဗီယက်နမ် အင်ဒိုနီးရှာ လာအို ကဘ္မောဒီးယား တို့မှ
ဖြစ်၏ ဥပမာ အနေဖြင့် ပြောရလျှင် LV အိပ် Copy တစ်လုံး
ယခုအချိန်အခါမှာ ၀ယ်ယူမည်ဆိုလျှင် အနည်းဆုံး မြန်မာငွေ
ရှစ်သောင်းမှ တစ်သိန်းထိ ပေးဝယ်ရမည်ဖြစ်ပီး ၄င်းအိပ်၏
တန်ကျေးမှာ မြန်မာငွေ တစ်သောင်းဝန်းကျင်သာရှိ၏

Purse-at-MBK-mall.-Bangkok-Thailand.jpg

ဖုန်းများ ဟမ်းဆက်များမှာလည်း တရုတ် နှင့် ဗီယက်နမ်မှ
ကလုမ်း များကိုအများဆုံးရောင်းချတာကြောင့် ၀ယ်ယူမည်ဆိုလျှင်
ကျွမ်းကျင်စွာ စစ်ဆေးတက်မှသာလျှင် အကောင်းဆုံးဖြစ်မည်
Converse All Star အကျီင်္တစ်ထည်လျှင် Real ဈေးမှာ
တစ်သိန်းနှင့် နှစ်သိန်း ကြားဈေးရှိပီး Copy ဈေးမှာ တစ်သောင်းနှင့်
နှစ်သောင်းကြား ဈေးသာရှိတာကြောင့် Brand ကြိုက်နှစ်သက်သူများအတွက် ဈေးသင့်သော်လည်း အရည်အသွေးမှာ ဆေးတံဆိပ်
ရိုက်နှိပ်ထားပီး ချည်သားများမဟုတ်သောကြောင့် ၀ယ်ယူရန်
အားမပေးလိုပါ ဒါကြောင့် ထိုင်းနိုင်ငံမှထုတ်လုပ်သော
Thai Made Real များအား မြန်မာငွေ ၆၀၀၀ နှင့် ၁၀၀၀၀
ကြားသာရှိသော အထည်မျာုဒီဇိုင်းအသစ်များကို ၀ယ်ယူဝတ်ဆင်
မည်ဆိုပါက ပို၍ အကျိုးရှိမည်ဟု ထင်မိပါသည်

IMG_20180117_211043.png

တကယ့် ထိုင်းနိုင်ငံထုတ် အ၀တ်အထည်များ၏ အရည်အသွေးမှာ
ဆေးရောင် ဖျော့မသွားခြင်း ချူပ်ရိုးမဖြေခြင်း အရောင်လွင့်မသွားခြင်း
ခနခန လျှော်သော်လည်း ဆိုဒ်ပို၍ကြီးမလာခြင်း စတဲ့ အရည်အသွေး
ပြည့်ဝတာကြောင့် ၀ယ်ယူသူအနေဖြင့်စိတ်ချမ်းသာခြင်း များစွာ
ရရှိမည်ဖြစ်ပီး ကုန်ကျသော ငွေ၏ တန်ဖိုးနှင့်လည်း တန်းဖိုးမျှတ
ပါ၏ အ၀တ်အထည်ကြိုက်သူများနှင့် ဖက်ရှင်နှစ်သက်သူများ
ထိုင်းနိုင်ငံဈေးဝယ်လို့ကောင်းသော်လည်း Brand ကြိုက်နှစ်
သက်သော သူများအတွက် ဗီယက်နမ် နှင် အင်ဒိုနီးရှားကသာ
အကောင်းဆုံးပါလို့ဖော်ပြရင်း ထိုင်းနိုင်ငံ ဘန်ကောက် ဈေးဝယ်
လမ်းညွန် အပိုင်း ၆ အား နိဂုံးချူပ်အဆုံးသတ်ရင်း
နောင်လာမည့်ပို့စ့်များမှာ စီးပွားရေးသမားအတွက် ပို၍
သင့်တော်မည့် ဈေးများ ဖော်ပြပေးသွားမည်ဖြစ်ပါ၏ အားလုံး
ညီအကိုမောင်နှမများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့
ပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါ၏

မှတ်ချက် .... ယခုလို အတွင်းကျကျဖော်ပြရခြင်းမှာ မိမိလူမျိုး
အတွက်သာဖြစ်၏ စီးပွားရေးဖက်ကကြည့်လျှင်
မဖော်ပြသင့်သော အပိုင်းများပါ ဖော်ပြထားပါ၏
ထို့ကြောင့် နားလည်ပေးကြပါလို့ ထမင်းရှင်များအား
တောင်းပန်လျှက်

Post writer : ThiHaKo(@gelatofresco)
From Myanmar
Credit : google image
MSC - 019

Sort:  

V 100% $0.068> V n C Done, @poe/thi

ကျေးဇူးပါခင်ဗျ

Please share your idea comments thanks

ဗဟုသုတ ရပါတယ်​အကို ​ကျေးဇူးပါ

ကျေးဇူးပါခင်ဗျ

ကျေးဇူးပါ

ဗဟုသုတရပါတယ်

ဟုတ် ကျေးဇူးပါ

အခုလို ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါဗျ

ဟုတ်ကဲ့အကိုကျေးဇူးပါခင်ဗျ

မ​ရောက်​ဖူး​ပေမဲ့ဗဟုသုတရပါတယ်

ဟုတ် ကျေးဇူးပါအကို

အခုလို သိခွင့်ရလို့ ကျေးဇူး

ဟုတ်ကျေးဇူးပါ

လာချင်မိတယ် ကွီးရယ်😁😁လေယာဉ်လက်မှတ်လေး ဖြတ်ပေးဘာ😁😁

မင်းလေးသာ ခေါင်းတချက်ငြိမ့်ပါကွယ် ခ်ခ်ခ်ခ်

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.026
BTC 55030.03
ETH 2337.21
USDT 1.00
SBD 2.32