ဘန်ကောက် ဈေးဝယ်လမ်းညွန် အပိုင်း (၇) Bangkok Shopping Guide Part (7)

in #myanmar7 years ago

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ နိုင်ငံတကာမှ လာသော ခရီးသွား
အများစုသည် ဟိုတယ်ငှားရမ်းခြင်း နှင့် ဟိုတယ်မှာ အိပ်စက်
အနားယူခြင်းများမှာ အနည်းငယ်သာ ရှိ၏ ( ထိုင်းနိုင်ငံမှာ
စီးပွားရေး အခြေချထားသူများ ဆိုင်များ ဖွင့်လှစ်ခြင်း လုပ်ငန်းများ
တည်ထောင်ထားခြင်း ) စသည့် လူများသာ အများအားဖြင့်
ဟိုတယ်မှာ အိပ်စက် အနားယူကြပါသည် ။

PB080391.jpg

credit : google image

အဘယ်ကြောင့်ဆိုသော် ခရီးသွားများ အများစုမှာ မိမိသွားမည့်
ခရီးစဉ်အား မလာခင် ကတည်းက ကြိုတင်ရေးဆွဲ စီစဉ်ထား
ကြခြင်းကြောင့် ဖြစ်သည် ။ ဥပမာအနေဖြင့် ခရီးစဉ်တခုအား
ကြိုင်ရေးဆွဲ ပြပါမည် သောကြာနေ့ လေယဉ်ခရီးစဉ်ဖြင့်
လိုက်ပါ လာပါက ဘန်ကောက်သို့ ညအချိန် ရောက်မည် ဖြစ်၏

P1090178.JPG.jpg

credit : google image

ဘန်ကောက်ရောက်သော် ညမလို့ ဈေးမဖွင့်ဘူး မထင်ပါနှင့်
ညဈေး နေ့ဈေး ၂၄ နာရီပါတ်လုံး ဈေးများ သူ့နေရာနှင့်သူ
ရှိသောကြောင့် စိတ်ပူစရာပင်မလို ဒီထဲမှာမှ လေယဉ်ဆိုက်
ရောက်သည်နှင့် အများဆုံး သွားရောက်ကြသည့် ညဈေးလေး
တစ်ခုကို ဖော်ပြပေးသွာမှာ ဖြစ်ပါတယ် ဒီဈေးလေးကတော့
ပွတ်တူနမ်း ဆိုတဲ့ မြန်မာပြည် ခရီးသွားအများစု သိထားကြသော
ဈေးလေးဖြစ်ပါတယ် အများစုက ဒီဈေးဟာ နေ့မှာဘဲဖွင့်တယ်လို့
သိထားကြတာကြောင့် ညမှာ သိပ်သွားလေ့ သွားထ မရှိကြပါဘူး
ဒါပေမယ့် မဟုတ်ပါဘူး ည ၂ နာရီထိုးကနေ ဆိုင်ခန်းများ
စတင် ဖွင့်လှစ်ကြပါတယ် ပွတ်တူနမ်း ဆိုတဲ့ ဈေးကြီးအတွင်းမှာ
ဖွင့်လှစ်တာ မဟုတ်ပေမယ့် ဒီ ပွတ်တူနမ်းဆိုတဲ့ ဈေးကြီး၏
နာမည်ကို မှီခိုပီး အလုပ်ကြိုးစား လုပ်ကိုင်သူများက ပွတ်တူနမ်း
ဈေးကြီးရှေ့ သို့မဟုတ် လမ်းကြား လမ်းပေါ်တလျှောက်
ဖြူတ်ရ သိမ်းရ လွယ်ကူသော သံတန်းများကို ဆိုင်အဖြစ် ဆင်ကာ
ဖွင့်လှစ် ရောင်းချခြင်းကြောင့် ဈေးသက်သာခြင်း ဆိုတဲ့
အရသာအား ခရီးသွားများခံစားရမှာ ဖြစ်ပါတယ် ဆိုင်ခန်းများ
အားလုံး စတင်ဖွင့်လှစ်ပီးချိန်ဟာ ၃နာရီ ခွဲကနေ ၄နာရီ မှာ
အကုန်ဆိုင်ခန်းများ ဖွင့်လှစ်ကြတာကြောင့် ပိုပီးစုံလင်စွာ ရရှိနိုင်မှာ
ဖြစ်ပါတယ် သို့ပေမယ့် မိမိအနေဖြင့် ဆိုင်ခန်းဖွင့် လှစ်ချိန်စပီး
သွာရောက် လေ့လာမယ်ဆိုရင် သူတို့ဆိုင်ခန်တွေ ၃၀မိနစ်အတွင်းမှာ
ဘယ်လို အပီးဆောက်နိုင်ကြ သလဲဆိုတဲ့ ဗဟုသုတ တစ်ခုပို၍
ရရှိမှာဖြစ်ပါတယ် ရရှိနိုင်တဲ့ ပစ္စည်းတွေစုံလင်ပီး ဈေးသက်သာ
သောကြောင့် အသေးစိတ် မဖော်ပြပေးတော့ပါဘူး ခင်ဗျ
မိမိသွားရောက်လည်ပါတ် ၀ယ်ယူမယ်ဆိုရင် အထူးတလည်
အံ့သြသွားမည့် ဈေးများဖြင့် ရောင်းချသည့် ဈေးနှုန်းများအား
မြင်တွေ့ ရမည်ဖြစ်ပါသည် အားပေးမှု့အား အထူး ကျေးဇူး
တင်ရှိပါသည်ခင်ဗျ ဆက်လက်ဖော်ပြပေးသွားအုန်းမှာ
ဖြစ်ပါသည်ခင်ဗျ .........

အော် မေ့သွားလို့ ဒီပွတ်တူနမ်း ညဈေးလေးမှာ
Brand Copy ကြိုက်နှစ်သက်သူများ အတွက်
ဈေးနှုန်းချိုသာစွာဖြင့် မိမိကြိုက်နှစ်သက်သော
Copy Brand များရရှိနိုင်မှာ ဖြစ်ပါတယ်လို့ ထပ်လောင်း
ပြောပြပါရစေခင်ဗျ

Post writer : ThiHaKo(@gelatofresco)
From Myanmar
credit : google image
MSC - 019

Sort:  

voting 100% 0.088$ V n C Done . @thiha/poe

ကျေးဇူးပါခင်ဗျ

Copy brand😅

ဟီးးးးး

Copy ကြောက်တယ်😇😇

ဟုတ်လို့လား ခ်ခ်ခ်

ကျေးဇူးပါ

အသုံးဝင်​မဲ့ ပို့စ်​ပါ...​ကောင်းပါသည်

ဟုတ်ကဲ့ကျေးဇူးပ့ါ

ပွတ်တူနမ်းတဲ့ မှတ်ထားလိုက်ပါဦးမယ်ဗျ

ဟုတ်ကဲ့အသုံးဝင်မှာပါ ထိုင်းဘာသာစကားအားမြန်မာဘာသာဖြင့်ပြန်လည်ဖော်ပြရာမှအနည်းငယ်ကွဲလွဲနိုင်ပါတယ် ဒါကြောင့်
PRATUNAM လို့ ဆိုပီး English လိုမှတ်သားထားပါ

စာဖတ်​ပြီးမှ တခါ​လောက်​​ရောက်​ဖူးချင်​တယ်​ဗျာ

ရောက်ဖူးအောင်သွားပါ ဗီဇာမလိုပါဘူး

လေယာဉ်​လက်​မှတ်​ဖြတ်​​ပေးပါ😂

ဟုတ် ဖြတ်ထားပါတယ် ဟီးးးးးးးးး

PRATUNAM လို့ ဆိုပီး English လိုမှတ်ထားလိုက်ပီ ဟိဟိ

Nice post bro

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.028
BTC 76556.14
ETH 2925.60
USDT 1.00
SBD 2.61