ဘန်ကောက် ဈေးဝယ်လမ်းညွန် အပိုင်း ၃...( Bangkok Shopping Part 3)

in #myanmar7 years ago (edited)

Steemit မှ ညီအကိုမောင်နှမများ အားလုံးမင်္ဂလာရှိသော
နှစ်သစ် အခါသမယမှာ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း
အလုံးစုံ ပြည့်စုံနိုင်ကြပါစေလို့ ဦးစွာ ဆုမွန်ကောင်း တောင်းပေး
လိုက်ပါသည်ခင်ဗျားးးး

7eleven.jpg

Credit : google image

ဒီတစ်ခေါက် ဘန်ကောက် ဈေးဝယ်လမ်းညွန်မှာ
ဖော်ပြပေးသွားမှာကတော့ဖြင့် နိုင်ငံတကာမှာ ဈေးဝယ်လာ
ကြသော ဧည့်သည်အမျိုးမျိုး အထူးသဖြင့် မြန်မာပြည်မှ
ဈေးဝယ်ရင်း အလည်အပါတ် ရောက်ရှိကြသူများအတွက်
မရှိမဖြစ်လိုအပ်တယ်ဆိုရင်လည်း မမှားနိုင်သလို အရမ်းအသုံး
တည့်တဲ့ စူပါမားကပ် ဈေးဆိုင်သေးသေးကို ဖော်ပြပေးသွားမှာ
ဖြစ်ပါတယ် ဒီဈေးဆိုင်လေးတွေက နေရာအကျယ်အ၀န်း
သိပ်မလိုပေမယ့် သူ့၏ ဈေးကွက်က အတော်ကြီးမားပီး
စက္ကန့်တစ်စက္ကန့်တိုင်း ၀င်ငွေဟာ ထိုင်းငွေသန်းချီ ရှိနေတာကြောင့်
တစ်နှစ်ပါတ်လုံး ပိတ်ရက်ဆိုသည်မှာ မရှိသလောက်ရှားပါးတယ်
ဆိုတာလည်းထည့်ပြောပါရစေ ......ဟုတ်ကဲ့ ဒီဈေးဆိုင်လေး၏
အမည်မှာ 7ELEVEN လို့ခေါ်တဲ့ ဈေးဆိုင်လေးပါ ထိုင်းနိုင်ငံ
အနှံ့အပြားမှာ ဆိုင်းပေါင်းများစွာ ဖွင့်လှစ်ထားတာကြောင့်

29863a26b47bd8e1274c52b04e83802e.png

Credit : google image

ဈေးကွက်ကလည်းအတော် ကြီးမာပါတယ် ရောင်းချသော
ပစ္စည်းများမှာ လူသုံးကုန်ပစ္စည်း အစုံထားရှိပီး ရောင်းချ
သောကြောင့် လူကြိုက်များလှသလို ၀ယ်ယူရာမှာလည်း
လွယ်ကူချောမွေ့ပီး ဆိုင်ဝန်းထမ်းများအား ပြေပြစ်စွာ ဆက်ဆံ
တက်အောင်သင်ကြား ပေးထားသောကြောင့် ၀ယ်ယူသူနှင့်
ရောင်းချသူအားလုံး နေ့တိုင်းစဉ်ဆက်မပြတ် အပြုံးကိုယ်စီ
ရှိနေကြတာကို စာရေးသူကိုယ်တိုင် လက်တွေ့ ကြုံတွေ့ရပီး
ဖြစ်ပါသည် ဘာကြောင့် ဒီဆိုင်လေးကိုဖော်ပြ ပေးရသလဲဆိုရင်
ထိုင်းနိုင်ငံကို အလည်သွားသော မြန်မာပြည်သားများအတွက်
ကုန်ကျစရိပ် အဖိုးအခ ဈေးနှုန်းသက်သာစေရန် အတွက်

7eleven-store-in-thailand-G2BJ10.jpg

Credit : google image

ဖော်ပြပေးခြင်း ဖြစ်ပါတယ် လိုအပ်သမျှကို ဈေးနှုန်းမှန်ကန်စွာ
ရောင်းချပေးပီး ကျသင့်သော ငွေဈေးနှုန်းကိုလည်း မိမိ
မ၀ယ်ယူစဉ်ကတည်းက ကြည့်ရှု့စစ်းဆေးပီး ၀ယ်ယူ
ရရှိနိုင်တာကြောင့် အစဉ်ပြေပီး နေ့စဉ် update ပစ္စည်းများ
ဆိုလိုချင်တာက

20130311-hk-711-cold-drinks.jpg

Credit : google image

အစားအစာ အချိုရည် စသည်တို့ကို ရောင်းချရမည့် ရက်စွဲ
မှန်ကောင်းဝန်ဆောင်မှု့ ပေးတာ ပထမဆုံးမြင်တွေ့ရပီး
သဘာဝအတိုင်း ဆိုးကျိုးမရှိသော ပစ္စည်း အစားအစာများကို
ရောင်းချတာကြောင့် ဈေးနှုန်းလည်းသင့်တင့်ပီး မိမိအတွက်
ထိုင်းနိုင်ငံသို့ အလည်အပါတ်ရောက်ရှိနေချိန် ထိုင်းဘာသာစကား မပြောတက်သော်ငြား မိမိလိုချင်သော အစားအစာ ပစ္စည်းများအား
စိတ်တိုင်းကျ ဈေးနှုန်းချိုသာစွာ ၀ယ်ယူရရှိတာကြောင့် အကျိုး
ရရှိမယ်လို့ မျှော်လင့်ပါတယ် ထမင်း ခေါက်ဆွဲကြော် ပေါက်စီ
မှ စ၍ တစ်နေ့တာသုံးစွဲရန် လိုအပ်သော ပစ္စည်းမျိုးစုံကို
ရရှိနိုင်ပါတယ် နောက်ပီးထပ်ဆောင်း ဖော်ပြပေးချင်တာလေးက
တချို့သော နေရာများမှာ ဈေးနှူန်းအရမ်းချိုသာသော ပါကင်ပိတ်
အစားအစာ မုန့်မျိုးစုံတို့အား တွေရှိနိုင်သော်ငြားလည်း

7-Eleven-Franchise-Philippines.jpg

Credit : google image

ထိုအရာများမှာ ဒိတ်ကုန်နေသော ပစ္စည်းများအား ပြန်လည်
ပြုပြင်ပီး ဒိတ်အသစ်ဖြင့်ရောင်းချနေခြင်း သို့မဟုတ် ဒိတ်ကုန်ရက်
နီးကပ်နေသော ပစ္စည်းများအား ရောင်းချနေခြင်းကို အများဆုံး
တွေ့မြင်နေရသောကြောင့် အ၀တ်အထည် အခြားစက်ပစ္စည်း
တို့အတွက် အရေးမကြီးသော်လည်း အစားအစာများမှာ
အလွန်အရေးကြီးလှပါသောကြောင့် အထူးဂရုစိုက်ကြဖို့
လိုအပ်သည်ကိုလည်း ဖော်ပြပေးပါစေ ဒီလို 7ELEVEN
ဈေးဆိုင်သေးသေးလေးများကို မိမိရောက်ရှိရာ နေရာအနီးနား
တ၀ိုက်မှာ ရှာကြည့်ပါ ဒီဆိုင်လေးတွေကို တွေ့မြင်ပီဆိုရင်တော့
ယုံကြည်စိတ်ချစွာ မိမိစားသောက်ချင်တာ လိုအပ်တာမှန်သမျှ
ဝယ်ယူပါတော့လို့ နိဂုံးအဆုံးသတ် ရေးသားလိုက်ပါသည် ခင်ဗျားးးး

Post writer: ThiHaKo(@gelatofresco)
From Myanmar
Credit : google image
MSC -019

Sort:  

Please share your idea comment thanks

ရောက်ရင်ဝင်မယ် ဟီး အိပ်မက်ထဲပြောပါတယ်

တနေ့တော့ဖြစ်လာမှာပါ

(၇)လပိုင်းကတောင်ရောက်သေးတာ၊ Steem မလုပ်ရသေးတော့သာအေးကိုမသိဘူး။

ဦးလေး ဒီတခေါက်ပြန်လာရင် ကျွန်တော်လာပီး ဂါရ၀ ပြုပါရစေခင်ဗျ

ကိုသာအေး
တစ်စက္ကန့်မှာထိုင်းငွေသန်းချီရနေတော့
ဆိုင်ပိုင်ရှင်ကိုတကယ်လေးစားအားကျမိခဲ့တယ်ဗျ
အသေးစိတ်ကိုရှင်းပြတင်ပြပေးထားတာကိုတွေ့လိုက်ရပြန်တော့
ကိုသာအေးကိုလည်းဆိုင်ပိုင်ရှင်ကိုယ်စားကျေးဇူးတင်မိတယ်လေ(သူရ)

ဟုတ်ကဲ့ 7Eleven စတိုးဆိုင်ပိုင်ရှင်ဟာ အာရှတခွင်မှာ ဆိုင်းပေါင်းများစွာဖွင့်လှစ်ထားပါတယ် အထူးသဖြင့် ဒီမိုကရေစီ အပြည့်အ၀ရတဲ့နိုင်ငံတိုင်းမှာတွေ့နိုင်ပါတယ် ထိုင်း မလေး စင်္ကာပူ ဂျပန် ကိုရီးယား တရုတ် စတဲ့နိုင်ငံတွေထိ တွေ့ရှိနိုင်ပါသည်

ကျေးဇူးတင်တယ်ဗျာကိုသာအေး(သူရ)

သွားဖြစ်ရင်တော့ ၀ယ်ဦးမယ် အကိုရေ

ဟုတ်အကို အသုံးတည့်မှာပါခင်ဗျ

ဘန်ကောက်ရောက်ရင်သွားဦးမယ်

ဟုတ်ကဲ့ တကယ်သွားသင့်ပါတယ်

ကျေးဇူးပါအကိုရေ
ရောက်ဖစ်ရင်ရှကြည့်အုံးမယ်😆😆😊😊

ဟုတ် ကြည့်မနေနဲ့ ၀ယ်စား ခ်ခ်ခ်

ဈေးတန်လို့ကတော့စားပီးသားဘဲအကိုရေ😍😍

ကိုသာအေး is the best😁😁

ကြည် အာုကိုးမယ်တော် ခ်ခ်ခ်

အလာလည်ရင်လိုက်ပို့ပေတော့

ဟုတ်ကဲ့ အရောက်အရင်လာပါခင်ဗျ

လမ်းညွှန် တဲ့ လူတော့ ရှိတယ်ဟေ့ ဘန်ကောက် ကို အလည် လာအုံးမယ်။ ကိုသာအေး ထွက်မပြေးရဘူးနော်။

ထွက်မပြေးပါဘူးဗျာ ကျနော်ရှိတယ် လာရင်သာအကြောင်းကြား

ဘုတ်လေးလည်းပေးပါအု၃်းဗျ

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58711.36
ETH 2729.16
USDT 1.00
SBD 2.28