ဘန်ကောက် ဈေးဝယ်လမ်းညွန် အပိုင်း ၂

in #myanmar7 years ago (edited)

Steemit မှ ညီအကိုမောင်နှမများ နှစ်သစ်အခါမင်္ဂလာ
သမယမှာစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်
ပြီးပြည့်စုံနိုင်ကြ ပါစေလို့ ပထမဦးစွာ ဆုတောင်းမေတ္တာ
ပို့သအပ်ပါသည် ခင်ဗျ ကျွန်တော်ဒီတစ်ခါ ဘန်ကောက်
ဈေးဝယ်လမ်းညွန်မှာ ဖော်ပြ ပေးသွာုမှာကတော့ဖြင့် ဒီလို
နှစ်သစ် အချိန်အခါမှာ ကြင်နာခါစ ညားခါစ မင်္ဂလာ မောင်မယ်များ ညီအကိုမောင်နှများ မိသာစုလိုက်ေ ဈးဝယ်ရင်း
ရောက်ရှိနေတဲ့ သူများအတွက် ညအချိန်အခါမှာ
လမ်းလျောက်ဈေးလို့ခေါ်တဲ့ ညဈေးလေးတစ်ခုနဲ့
မိတ်ဆက်ပေးပါရစေ ဒီဈေးလေးက စဖွင့်တာ
7နှစ်လောက်ဘဲ ရှိသေးတာပါ ကိုယ်ချစ်ရတဲ့သူနဲ့ အပြင်းပြေ
ဈေးဝယ်ရင်း လမ်းလျှောက်လို့ ကောင်းသော ညဈေးလေး
တစ်ခုပါ ဒီညဈေးနာမည်လေးကတော့
Asiatique လို့ခေါ်ပါတယ် ဒီဈေး၏ပိုင်ရှင်မှာ
အခုခေတ် လူသိများတဲ့ Chang ဘီယာသူဌေး ပိုင်ဆိုင်ထားတာကြောင့် ဖွဲ့စည်းပုံမှာ စနစ်တကျရှိလှပါသည်

20161116000735.jpg

Credit : Google Image

ညဈေးလို့ ခေါ်ဆိုသည့်အတိုင်း ဈေးလေးကို
စ၀င်သောလမ်းမလေးမှစ ဓါတ်ပုံဝါသနာ မမ ကိုကိုများ
အလှဓါတ်ပုံ ကိုယ်စီမနားတမ်း ရိုက်ကူးနေသည့်
မြင်ကွင်းမှာ အများဆုံးတွေ့မြင် ရပါမည် ညဈေးလေးမှာ
အ၀တ်အထည် မိတ်ကပ် စားစရာအမျိုးစုံ
လက်ဆောင်ပစ္စည်မျိုးစုံ နှင့် စားသောက်ဆိုင်ကြီးများ
ပြည့်နှက်လျှက် ကလေးများအတွက် ချားရဟတ်
ကစားကွင်း မျက်လှည့်ပြပွဲများပါ လည်ပါတ်ကြည့်ရှု့
နိုင်မည် ဖြစ်ပါသည် ညဈေးဆိုသည့်အတိုင်း
အစစအရာရာ ဈေးကြီးလွန်းလှပါသည် အစားအစာ
အ၀တ်အထည်မှ စ၍ အကုန်နီးပါး ဈေးနှစ်ဆခန့်
မြှင့်တင်ရောင်းချသောကြောင့်ေ ငွပိုငွေလျှံလေးကိုင်းပီး
သွားရောက်လည်ပါတ်မှသာလျှင် အဆင်ပြေပါမည်
သို့သော် မိမိမှာ အေးဆေးနေတက်သူ
ဝယ်ချင်စားချင်စိတ်နည်းသော သူများအတွက်
အပန်းဖြေစရာ မြစ်ဆိပ်ကမ်းဖက်မှာ လေးတဖြူးဖြူးနှင့်
ညအလှ နှင့် အရသာကို အေးဆေးစွာ ခံစားနိုင်အောင်လည်း
စီစဉ်ပေးထားလျှက် ရှိပါသည်
မြန်မာပြည်မှ လာရောက်လုပ်ကိုင် နေကြသော
ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများကိုလည်း အများဆုံး
တွေ့မြင်နိုင်ပါသည် ....

art_166794.jpg

Credit : Google Image

ထိုင်းနိုင်ငံ၏ အချောအလှ မိန်းမလျာများ ကပြဖော်ဖြေသော
Calypso ဆိုတဲ့ အချောက်ရှိုးမှာ ထိုဈေးသို့ လာရောက်သူ
အများဆုံးကြိုက်နှစ်သက်ကြပီး ယောင်္ကျားအများစုကတော့
Skynet မှ ထုတ်လွင့်ပြသလျှက်ရှိသော Muay Thai
လက်ဝေ့ Live ရှိုးပွဲကို မျက်ဝါးထင်ထင် အားပေးကြည့်ရှု့
ရသည်ကို အနှစ်သက်ဆုံး ဖြစ်ကြပါသည် ထို့နောက်

L1640834.JPG

Credit : Google Image

ထိုင်းနိုင်ငံတွင် အကြီးဆုံးဖြစ်ပီး ထိုင်းနိုင်ငံ ဘန်ကောက်
တစ်မြို့လုံး၏ အေးစက်တဲ့ ညအချိတ်အခါမှာ နီယွန်မီးများနှင့်
ပြည့်နှက်နေသော ရှူ့ခင်းကို ကြည့်ရှု့နိုင်သော
ချားရဟတ်ကြီးမှာလည်း ထိုညဈေးမှာသာ ရှိပါသည်
အဖိုးအခ သိပ်ဈေးမကြီးပါဘူး လူတစ်ယောက်မြန်မာငွေ ၁၂၀၀၀ကျပ် ခန့် ကျသင့်နိုင်ပါသည် ဈေးလျှောက်လမ်း
ဘေးတဖက်တချပ်စီမှာေ ဖျာ်ဖြေပွဲမျိုးစုံ တွေ့ရှိနိုင်ပါသည်
ထပ်ဆင့်ပီး ပျော်မြူးခြင်သူများ အတွက် ဈေး၏
အနောက်ဖက်ခြမ်းမှာ တည်ရှိသော မြစ်အတွင်း
ပြေးဆွဲလျက်ရှိသည့် သင်္ဘောများမှာလည်း အစားအသောက်
အပြည့်အစုံဖြင့် ညဈေးအား မြစ်အတွင်းမှ လှမ်းမျှော်ကြည့်ရှု့
ရသောဝန်ဆောင်မှု့မျာုပေးလျှက်ရှိပီး ညတိုင်း
ထိုသင်္ဘောများတွင် လူပြည့်ညှပ်အောင် အားပေးသူ
များပြားလှပါသည် ထိုညဈေး၏ စတင်ဖွင့်လှစ်ချိန်မှာ
ညနေ4နာရီမှ ည 12နာရီအထိဖြစ်ပီး ဆိုင်ခန်း
30000ကျာ်မျှ ရှိသောကြောင့် ရောင်းချသော
ပစ္စည်းအမျိုးစုံလှပီး ၀ယ်ယူဈေးမှာလည်း မိမိအပေါ်မှာသာရှိသောကြောင့် ဈေးဆစ်ဖို့ မမေ့ပါနဲ့လို့ ထပ်ဆောင်း
ပြောပါရစေ ခင်ဗျား

Post writer : ThiHaKo(@gelatofresco)
From Myanmar
Credit : Google Image
MSC-019

Sort:  

အလုပ်သစ်လုပ်လို့ရပြီ

အကိုကြီး ဘာအလုပ်သစ်လဲ ပြောပြပါအုန်းဗျာ ဟီးးးးးး

ပိုလ့်တွေ ဖတ်ရင်းနဲ့ ဘန်ကောက်ဈေးတွေ စုံနေအောင်ရောက်ပြီးပြီ

လာအုန်းမယ် မကြာမှီလာမည် ဟီးးးးးး

ရေးထားတာ ဆောင်ရန် ရှောင်ရန် အပြည့်အစုံပဲ...
ကျေးဇူးပါဗျ...ကိုသာအေး

ဟုတ် ကျေးဇူးပါ ညီလေးရေ

အိုကေ လာလယ်မယ်ပုန်းမနေနဲ့အဲ့ခါကျ

ဟင့်အင် ပုန်ဘူးဘူး

done vote & ment 100% ပါ ကိုသာအေးရှင့်

အမျိုးအရင်းတွေဆိုတော့ ကျနော်က နာမည်တွေ့တာနဲ့ ဘတ်ပီးသားဘဲ သက်လျာရေ

ဘန်ကောက်ရောက်နေသလိုဘဲခံစားရပါတယ်

ဟုတ်ကဲ့အကောင်းဆုံးရေးသားပေးထားတာပါခင်ဗျ

ကျေးဇူပါ ခရီးသွားရတာ ကြိုက်ပါတယ်

ကျနော်နဲ့တူတာပေါ့ဗျ ကျေးဇူးပါညီရေ

ကိုရင်​သာ​အေး ကသူ​ဌေးပဲ ခုထိပိုက်​ဆံမကုန်​​သေးဘူး
ဈေးပတ်​တုန်း :-)

ဟီးးးးး ဈေးဘဲပါတ်တာ ၀ယ်ဘူး ခ်ခ်ခ်

ထီပေါက်တာနက် ချက်ခြင်းလာမေ😁😁

ကြည် ဒါဆို ထီထိုးဖို့မမေ့ပါနဲ့နော် ခ်ခ်ခ်

မေ့ပု မေ့ပု ဒီလတော့ မပေါက်ပုအေ😁😁

စိတ်​၀င်​စားစရာ​တွေဘဲ​နော့...​ဈေးဝယ်​လမ်းညွန်​​ကောင်းပါ၏....Good post

ဟုတ်တယ်ခင်ဗျ ဟီးး ကျေးဇူးပါ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63493.34
ETH 2578.53
USDT 1.00
SBD 2.79