အညာနွေ ပူပေမယ့် ရင်ကိုအေးစေတယ် 🌞🌞🌞🌞🌞steemCreated with Sketch.

in #myanmar7 years ago (edited)

အချိန်က ဒီဇင်ဘာလကုန် နေ့ပူညချမ်း အချိန် နံနက်ခင်းနှင်းမြူတွေကြနေပေမယ့် ဘုန်းကြီးကျောင်းအုန်းမောင်းခေါက်လိုက်ရင် မီးဖိုထဲက မီးကြီးခဲတွေများထွက်ကျလာလေမလားအောင့်မေ့
လောက်ရတဲ့ နွေဦးအစရဲ့ အချိန်အခါပေါ့ဗျာ....
FB_IMG_1501082795302.jpg
ဒီအချိန် နွေဦးပေါက်စမှာ အလွမ်းဓါတ်ခံ ရှိနေသူများအတွက် ရူးမတက်ခံစားရမယ့် အညာရဲ့နွေဦးပေါ့...ကျောင်းသားတွေအနေနဲ့လည်းစာမေးပွဲကြီးတွေဖြေဆိုချိန်နဲ့တိုက်ဆိုင်နေတော့ စာမေးပွဲပီးခွဲရမယ့်သူငယ်ချင်းတွေအပေါ် အလွမ်းသယ်လို့ပိုကောင်းချိန်ဆိုလည်းမမှားဘူးပေါ့ဗျာ....လက်လုပ်လက်စားသမားဘ၀လေးများ
ကြတော့လည်း နေကပူပူ ပင်ပန်းကြီးစွာ နေ့တိုင်းအလုပ်ကမဆင်းနိုင် ( အညာသားတွေကအလုပ်သွားတာကို အလုပ်ဆင်းတယ်ပြောတယ်ဗျ ) ရှိတာလေးတွေပေါင်နှံချိုးခြံခြွေတာပီး နွေကာလကိုဖြတ်သန်းရပေပီ.. ဒီလိုနဲ့အချိန်က တစ်နေ့တာရဲ့အပူဆုံးအချိန်
ညနေဆောင်းသို့ရောက်လာပီ ကိုယ့်အတွက်အပူသက်သာစေမယ့် တမာပင် မန်ကျည်းပင် ထန်းပင်အောက်မှာ လူကြီးလူငယ် ကလေးအကုန်စုရုံးကြပီ အပူဒဏ်ကိုခံနိုင်ဖို့အတွက် နေရာယူနေကြရတာပေါ့......
ADiPiDi+Road.jpg
ညနေ အချိန်အခါနေစောင်းပီဆိုတာနဲ့ အအေးဓါတ်လေးပြန်ရလာပီဆိုရင် အရာအားလုံးပုံမှန်ပြန်လည်အသက်ဝင်လာပါပီ လေပြလေးတစ်ချက်လောက်များတိုက်ပေးလိုက်ရင် ရွှေရင်အေးကလေး သောက်ရသလောက်ကို ရင်အေးမြစေပါတယ် ...........
အညာနဲ့ တမာ ခွဲမရတာကြောင့် ရွက်ဟောင်းကြွေကာစအချိန်
လေပြေနဲ့ ပါလာတဲ့ သစ်ရွက်ဟောင်းတမာရနံ့ တွေကတော့ ရည်းစားဟောင်းပစ်ထားခံရသူအဖို့ဆယ်နှစ်အလီလီကြာမြင့်စေအုန်းတော့ ပြန်လည်တမ်းတ သတိရစေမှာအမှန်ပါ....လမိုက်တဲ့နွေညဟာ အရာရာဆိပ်သုန်းနေသလိုခံစားရပေမယ့် လသာတဲ့ ရက်ရောက်ပြန်တော့ နွေအလှကိုမီးမောင်းထိုးပြတာထက်တောင်ပိုပီး လွမ်းလွမ်းဆွေးဆွေးမြင်တွေ့ရမှာပါ ...
11-A-young-couple-sit-beside-Khan-Thar-Yar-lake-in-Hpa-An-D-Stokes.jpg
ည ရောက်ပြန်တော့ အေးမြတဲ့လေပြေ နဲ့အတူ သစ်ရွက်ခြောက်တို့ရဲ့ လူးလွန့်သံ သစ်ချောင်း ခက်တို့ကြွေသံတွေနဲ့ ခံစားမှု့ပေါင်းစုံပေးနိုင်တဲ့အညာနွေပေါ့ဗျာ...အိမ်ထောင်မကျခင် ဂျမ်းပုံ နဲ့ ချစ်သူဘ၀ ကြည်နူးခဲ့ကြဖူးတဲ့အချိန်တွေကို နွေရာသီအအေးဓါတ်ဟာအသစ်တဖန်ပြန်လည်သယ်ဆောင်လာသည်အလားငယ်ငယ်ကသမီးရည်းစာဘ၀ကို ပြန်လည်တမ်းတလွမ်းဆွတ်မိပါ၏😍😍😍😍😍😍😍 အခုတော့အရင်အချိန်လေးတွေကိုပြန်လည်လွမ်းဆွတ်မိသား ဒါပေမယ့် ဂျမ်းပုံ လည်း တစ်ချိန်တစ်ခါက အအေးဓါတ်ပေးစွမ်းနိုင်သူမှန်ပေမယ့် အခုတော့ ကလေးသုံးလေးယောက်နဲ့ ခန္ဓာကိုယ်စည်ပိုင်းပြတ်ကိုသယ်နေရတော့ အအေးဓါတ်ပေးနိုင်ဖို့နေနေသာသာ ညည သူလွတ်တဲ့ " ဘူ " ဆိုတဲ့အပူဓါတ်ကို မနည်းကြိုးစား သည်းခံနေရပီ.......😤😤😤😤😤😤😤😤
တကယ်လို့များ မယုံမရှိဖြစ်နေရင် အညာက ပုဂံကို လသာရက်လေးနဲ့သာ ချိန်ပီးနွေရက်ခနတာခရီးလေးထွက်လာခဲ့ပါ..နွေညမှာအေးမြတဲ့လေကိုခံစား..လမင်းကြီးကိုငေး စက်ဘီးလေးနဲ့ ဘယ်လောက်ထိကြည်နူးစရာကောင်းသလဲဆိုတာ လာကြည့်ပါ...အလွမ်းဓါတ်ခံရှိနေရင် စိတ်ထိန်းပီးလာပါ တော်ကြာမခံနိုငှ်ူင် ရူးသွားတက်တဲ့အထိဖြစ်စေတဲ့ အညာမြေက ရင်ကိုအေးစေမယ့် အညာနွေ ပါဗျာ........Capturing_2.jpg

အရေးအသားလိုအပ်ချက်လေးတွေကိုထောက်ပြကြပါခင်ဗျ

ပို့စ်ရေးသားသူ .......... ThiHaKo
From Myanmar
By @gelatofresco

Credit ; google photo

Sort:  

good ကိုသာအေး။ tag မာ philo နဲ့ မဆိုင်ဘူးထင်ပါတယ်။ ရသပေးစွမ်းနေလို့ ရသနဲ့ဆိုင်တာထည့် ဒါမှမဟုတ် ဓါတ်ပုံတွေကောင်းတယ် မူပိုင်ဆိုရင် tag မှာ photo ထည့်ဗျ။

ဟုတ်အကို ဓါတ်ပုံကတော့မူရင်းမဟုတ်ပါဘူး ပြောင်းထားလိုက်ပါ့မယ် ခုလိုလမ်းပြပေးတာကျေးဇူးပါ ခင်ဗျ

Please share your idea comment

ကျေးဇူးပါ

သြော် ဂျမ်းဘုံ ရယ်
😍

Heeeeee အော် ဂျမ်းပုံ ပါ..........

ကောင်း၏

တုံးတိတိနဲ့ တမူး

ဘာမှ ပြောစရာ မလိုတော့ဘူးလေ...

ဟုတ်ပါပီဗျာ ကျေးဇူးတင်ပါတယ် တမူးလေး

Congratulations @gelatofresco! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ချစ်စရာ့

ဟုတ်ကဲ့ ကျေးဇူးခငါဗျ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63057.34
ETH 2546.78
USDT 1.00
SBD 2.64