အကြော်တစ်ခုလုပ်စားကြည့်ရအောင်

in #myanmar6 years ago (edited)

IMG_20180405_094744.jpg

မင်္ဂလာပါခင်ဗျ ယခုတစ်ပါတ်ပို့စ်အတွက် အတွေးကောင်းကောင်း
ရေးမယ်စိတ်ကူးထားသော်လည်း စိတ်ညစ်စရာအများအပြား
ကြူံနေသောကြောင့် စာကောင်းပေကောင်းမစဉ်းစားနိုင်ပါဘူး
ဒါကြောင့် ကျွန်တော်ဒီအပါတ်မှာ ချက်စားဖြစ်တဲ့ ဟင်းတစ်မျိုး
ချက်ပြူတ်နည်းလေးကိုပြန်လည် ဝေမျှပါမယ် မြန်မာလူမျိုးများနှင့်
မစိမ်းသော ဟင်းတစ်ခွင်ဆိုလျှင်လည်းမမှား သလို ထိုဟင်း
တစ်ခွက်ရှိယုံဖြင့် ထမင်းစားမြိန်စေမှာ ဖြစ်ပါတယ် ကြိုက်တဲ့
ဟင်းလျှာများနှင့်တွဲဖက် စားသောက်နိုင်သလို လူကြီးလူငယ်
အရွယ်စုံကြိုက်တဲ့ဟင်းလျှာတစ်မျိုးပါ ဒါကတော့ အမဲသားကြော်ပါ

IMG_20180405_002020.jpg

ပထမဆုံးပြင်ဆင်စရာများကတော့
၁. အမဲသား အသားချည်းဘဲ ၅၀ သား
၂.ကြက်သွန်ဖြူ ၈ မြှောင့်
၃. ဂျင်း လက်နှစ်ဆစ်
၎.ရှောက်သီး တစ်လုံး

ချက်ပြူတ်ရန်ပြင်ဆင်စရာများမှာ
၁.အမဲသားအား အနေတော်အတုံးလေးများ တုံးထားပါ
၂.ဂျင်း နှင့် ကြက်သွန်ဖြူ ရော၍ ညှပ်နေအောင်ထောင်းပါ
၃.ရှောက်သီးအား အပြားတစ်ခုခုပေါ်တင်၍ လှိမ့်ထားပါ

ဤကဲ့သို့ပြင်ဆင်ပီးလျှင်ဖြင့်

တုံးထားသော အမဲသား ဇလုံထဲသို့ ဆား အနည်းငယ်
ဟင်းခတ်အချိုမှူ၃့်အနည်းငယ် နှင့် ဂျင်းကြက်သွန်ဖြုထောင်း
တို့အား ရောသမနှယ်ပီး လှိမ့်ထားသော ရှောက်သီးမှ
ရှောက်စေ့အား ဖယ်ထုတ်၍ အရည်ညှစ်ထည့်ကာ ရောသမမွှေ
နှယ်၍ ၁၅မိနစ်ခန့် နှပ်ထားပါ

၁၅မိနစ်ခန့်နှပ်၍ ပီးသော် ဒယ်အိုးထဲသို့ ရေအနည်းငယ်ထည့်၍
မီးအေးအေးဖြင့် နူးအောင်အရင်ပြူတ်ပါ

ပြူတ်ထားသော ပြူတ်ရေ ခန်းခြောက်လာပီဆိုလျှင်
ဆီအနည်းငယ်မျှသာထည့်၍ တဖန်ပြန်၍ ကြော်ပါ
၁၅ မိနစ်ခန့်ကြော်ပီးလျှင်တော့ အလွန်ကောင်းမွန်သော
အမဲသားကြော် ဟင်းတစ်ခွက်ရရှိပီဖြစ်ပါ၍ မိမိကြိုက်နှစ်သက်သော
ဟင်းလျှာနှင့်အတူတွဲဖက်စားသုံး နိုင်ပါပီခင်ဗျ

ဒီကြော်နည်းဟာ တကယ်ကိုကောင်းမွန်တဲ့ အမဲသားကြော်ကို
ရရှိစေမှာဖြစ်ပါတယ်ခင်ဗျားးးးးး

Post writer : ThiHaKo(@gelatofresco)
MSC 019

Sort:  

Please share your idea comments thanks for all
Friends

အမဲသား​နေရာ တခြားအသား​ရော အရသာရှိပါ့မလား ကိုသာ​အေး ညီက အမဲသားမကြိုက်​လို့ ​တော်​ကြာ ဇာတ်​တူသားစား မိမာစိုးလို့​လေ..ခ်​ခ်​။

အခြားအသားလည်းအရသာရှိပါတယ်ရှောက်ရည်ကအသားပိုနူးစေပီးအရသာတစ်မျိုးတွေ့ရမှာပါတကယ်စားကောင်းမှာသေချာပါတယ်

အမဲစားကို မစားဖြစ်တာကြာပြီ ကွီးရဲ့ လှူထားတာ မဟုတ်ပေမဲ့ မစားဖြစ်တာ ဝက်သားပဲ တီးမယ်လေဝက်သားကြော် စားကြည့်မယ်😁

ဟုတ်ကောင်းပါတယ်ကြည် အမဲသားမှမဟုတ်ပါဘူး ၀က်သားကိုလည်းဒီနည်းလေးအတိုင်းကြော်စားကြည့်ပါပိုပီးအရသာရှိစေပါတယ်ခင်ဗျ

တော်လိုက်တာ ကွီးသာအေးကဒါတွေလဲ ရတာပဲနေည်

တခါတလေကိုယ့်ဘာသာလုပ်စားဖြစ်တာလေးပါအကိုရယ်ဟီးးးး

ကောင်းပါ့ဗျာ ထန်း​ရည်​နဲ့ မြည်းဘို့

ဟုတ်ပါ့ဒီအချိန်နွေရာသီပိုလိုတောင်ကောင်းသေးတယ်ဗျာလေတဖြူးဖြူးနဲ့ရွာပြင်ကထန်းတောမှာဖက်ကြမ်းတစ်လိပ်ခဲရင်းသောက်ရင်တော့ပြောမဆုံးပေါင်

အကြော်ဆိုကြိုက်တယ် ထန်းရည်နဲ့လိုက်မယ်

ထန်ရည်နဲ့အကြော်အားလုံးနဲလိုက်တယ်မသောက်ရတာကြာပီဗျာဟီးးးးးနွေရက်ကလေးတွေရောက်တိုင်းပိုပီးသတိရမိတယ်ရွာပြင်ကထန်းတောတွေကိုပေါ့ဗျာ

Beer နဲ့ဆို ရှယ်‌ဘယ်‌‌နော်‌။အမဲသား‌ကြော်‌က အညာရဲ့ အဓိက ဟင်းလျာပါ။

ဟုတ်တာပေါ့ဗျာ အဓိကဟင်းလျှာလည်းဖြစ်သလိုအဓိကအမြည်းဆိုလည်းမမှားပါဘူးပေါ့ဗျာထန်းတော့ကအစဘီယာဆိုင်အထိဒီအမြည်းကိုလူတိုင်းကြိုက်နှစ်သက်ပီးလူတိုင်းစားကြပါတယ်ခင်ဗျ

အမဲကြော် ကြိုက်တယ်ဗျ မြည်းလို့ လည်း ကောင်းတယ်လေ

ဟုတ်ပါတယ်ဆို ထန်းတောမှာဆိုပိုကောင်းလွှတ်ကောင်းတယ်
အမြည်းလေးကရှယ်ဆိုပိုကောင်းတာပေါ့ဗျ

အမဲသားကြော် အရမ်းကြိုက်ပါတယ်။အစ်ကိုနည်းလေးနဲ့ ဆို စားပြီးရင်းစားချင် ဖြစ်နေတော့ မှာဗျ။

ဟုတ်တယ်အကိုကွန်ေတော့်နည်းလေးကအသားကိုပိုနူးအိစေပီးအရသာလည်းပိုပီဝင်စေတာကြောင့်ပါခင်ဗျ

အမဲသား မစားဘူး

အမဲသားမစားလည်းကျန်တဲ့အသားများထိုနည်းနှင့်အတူကြော်ကြည့်ပါအရသာပိုမိုကောင်းမွန်စေမှာပါခင်ဗျ

ဟင်းချက်​နည်းအဆန်း​လေး​တွေ​ပြောပြလို့​ကျေးဇူးပါ...ဒီတစ်​ခါ​ရှောက်​သီးနှင့်​လုပ်​ကြည့်​ပါ့မယ်​...

ဟုတ်ကဲ့အမ တကယ်စားလို့ကောင်းပါတယ် ရှောက်သီးကအသားကိုပိုပီးနူးအိစေပီး အရသာလည်းပိုဝင်စေပါတယ်အမ
တကယ်စားကောင်းမှာပါအမ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61795.04
ETH 3458.89
USDT 1.00
SBD 2.52