သူမကို​ပြောပြခွင့်​မရခဲ့​သော ပုံပြင်​​လေး အပိုင်း (၂) (Original Story By Ye Htet Kyaw)

in #myanmar7 years ago

image
သစ္စာမရှိ​သော ​ကောင်​​လေး

မြို့ငယ်​​လေးတစ်​မြို့မှာ မျက်​နှာများတတ်​​သော ​ကောင်​​လေးတစ်​​ယောက်​နဲ့ အရမ်းရစ်​တတ်​​သော ​ကောင်​မ​လေးနှစ်​​ယောက်​ဟာ ချစ်​သူ​တွေ ဖြစ်​​နေကြသတဲ့
ဒါ​ပေမယ့်
ကောင်​မ​လေးဟာ မျက်​နှာများတတ်​တဲ့​ကောင်​​လေးကို သူမတစ်​​ယောက်​ထဲကိုပဲ သစ္စာရှိစွာချစ်​တယ်​လို့ ထင်​​နေပါသတဲ့..... အဲ့လို​နဲ့ ​ကောင်​​လေးနဲ့ ​ကောင်​မ​လေးဟာ အချိန်​​တွေ တစ်​လပြီးတစ်​လ တစ်​ရက်​ပြီး​တစ်​ရက်​ ချစ်​သူသက်​တမ်း​တွေကို ​ကျော်​ဖြတ်​ပြီးသကာလ ချစ်​သူသက်​တမ်း ၉လပြည့်​တဲ့ အချိန်​ကြမှ ​ကောင်​မ​လေးက ​ကောင်​​လေးရဲ့ အရှုပ်​​တော်​ပုံ​တွေ အ​ကြောင်းကို သိလိုက်​ရပါသတဲ့...
အဲ့​နေ့မှာ ​ကောင်​မ​လေးဟာ အရမ်းဝမ်းနည်းပြီး​တော့ ငို​ကျွေးခဲ့ရပါတယ်​ ..... အရမ်းပဲ ၀မ်းနည်းစွာနဲ့ ​နေ့စဉ်​​နေ့တိုင်း ​ငို​ကျွေးခဲ့ရပါတယ်​.... အဲ့လိုနဲ့ ​ကောင်​​လေးလဲ သူ့ရဲ့မျက်​နှာများမှု​တွေကို ​ကောင်​မ​လေး သိသွားပြီးတဲ့​နောက်​ ​ကောင်​မ​လေး ၀မ်းနည်း ငို​ကျွေး​နေတာကို အရမ်းရှက်​မိပြီး ​ကောင်​​လေးလဲ​ကောင်​မ​လေးကို ရင်​မဆိုင်​ရဲ​တော့ပဲ ​နောက်​​တော့ ​ကောင်​​လေးလဲ သူရဲ့ အရှက်​တရားအတွက်​ သူကိုယ်​တိုင်​ပဲ သူ့ရဲ့အတိတ်​​ကအမှား​တွေကို ​ကောင်​မ​လေးအတွက်​ ပြုပြင်​နိုင်​​အောင်​ စပြီးကြိုးစားခဲ့ပါတယ်​...
ဒါ​ပေမယ့်
ကောင်​​လေးဘက်​က ဘယ်​​လောက်​ပဲ ကြိုးစားကြိုးစား ​ကောင်​လးကြိုးစားမှု​တွေဟာ အရာမထင်​​တော့သလို ​ကောင်​မ​လေးဟာလဲ ​ကောင်​​လေးအ​ပေါ် ယုံကြည်​မှု ပျက်​သွားသလို အချစ်​​တွေလဲ ​ပျောက်​ဆုံးသွားပါ​တော့တယ်​ ​နောက်​​တော့လဲ ​ကောင်​​လေးဟာ သူမှားခဲ့တဲ့ အရာ​တွေနဲ့ ​ကောင်​မ​လေးသူ့ကို မုန်းသွားတယ်​ဆိုပြီး ​နောင်​တ​တွေများစွာနဲ့ ​နေ့စဉ်​​နေ့တိုင်း ၀မ်းနဲ​ကြေကွဲရပါ​တော့တယ်​...
image
‌တကယ်​​တော့ သစ္စာ​ဖောက်​မှုဆိုတာ ကိုယ်​ယုံကြည်​ရတဲ့လူ​တွေဆီကပဲရတတ်​​တယ် ​တစ်​ခါသစ္စာ​ဖောက်​ဖူးတဲ့လူကို ​ဘယ်​​သောအခါမှ ပြန်​လည်​ယုံကြည်​နိုင်​မှာ မဟုတ်​​တော့ပါဘူး
‌ဒါ့​ကြောင့်​ သင်​ဟာဘယ်​​လောက်​ပဲ ယုံကြည်​မှုရ​အောင်​ကြိုးစားကြိုးစား ဘယ်​​သောအခါမှ သင့်​ကို မယုံကြည်​နိုင်​​တော့ပါဘူး
image

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 56478.46
ETH 2384.59
USDT 1.00
SBD 2.34