သူမကို ​ပြောမပြနိုင်​​တော့​သော ပုံပြင်​​လေးမှား အပိုင်း(၁)(Original Story By Ye Htet Kyaw)

in #myanmar7 years ago

image
သူမကို ညတိုင်း​ပုံပြင်​​လေး​ပြောမယ်​လို့ ကတိ​ပေးခဲ့ဖူးတယ်​ အခု​တော့ သူမကို ​ပြောခွင့်​မရ​ပေမယ့်​ ဒီက​နေပဲ ​ရေးတင်​လိုက်​မယ်​ သူ့မှာအချစ်​​တွေရှိ​သေးရင်​​တော့ သူဝင်​ကြည့်​ရင်​ ​တွေ့နိုင်​မှာပါ​လေ အစစအရာရာအဆင်​​ပြေပါ​စေ

image

ကောင်​က​လေးနဲ့ ​ကောင်​မ​လေး နှစ်​​ယောက်​ဟာ
အရမ်းချစ်​ခဲ့ကြ​ပေမယ့်​ တစ်​ဦးနဲ့ တစ်​ဦး မာန​တွေပြိုင်​ဆိုင်​ရင်း အဆုံးသတ်​မှာ​တော့ ​ဝေးကွာချင်း​တွေနဲ့ ချစ်​လျက်​နဲ့ မုန်းချင်​​ယောင်​​ဆောင်​ခဲ့ကြတယ်​ လမ်းမှာ​တွေ့ရင်​​တောင်​ ရင်​ထဲက ခံစားချက်​​တွေက အရမ်းရင်​ခုန်​ချစ်​​နေကြ​ပေမယ့်​ ရန်​သူ​တွေလို ဆက်​ဆံကြတယ်

ဖြစ်​ပုံ​လေးက​တော့
(​နေ့တစ်​​နေ့ကဲ့ သာယာတဲ့ ​မနက်​ခင်းမှာ ​ကောင်​​လေးနဲ့ ​ကောင်​မ​လေးကို စုံစည်း​ပေးဖို့ ကံကြမ္မာကြီးက ဖန်​တီး​ပေးခဲ့တယ်​ ဒီလိုနဲ့ ​ကောင်​​လေးနဲ့ ​ကောင်​မ​လေးဟာ အတူတူဆုံစည်းဖြစ်​ကြတယ်​ အစမှာ​တော့ ​ပျော်​ရွှင်​စွာ သူငယ်​ချင်း​တွေအဖြစ်​​နေရင်းက​နေ ​ကောင်​​လေးအ​ပေါ် ​ကောင်​မ​လေးရဲ့ အနစ်​နာခံမှု​တွေ​ကြောင့်​ သံ​ယောဇဉ်​​တွေဖြစ်​တည်​လာရင်း ​တစ်​​နေ့မှာ​တော့ ​ကောင်​​လေးရင်​ထဲကို အဲ့​ကောင်​မ​လေး​ရောက်​လာခဲ့တယ်​ အဲ့ဒါနဲ့ ​ကောင်​​လေးဘက်​ကစပြီး အဲ့​ကောင်​မ​လေးကို သ၀န်​တိုလာတယ်​ တစ်​နှစ်​ကြာ သံ​ယောဇဉ်​​တွေ​ကြောင့်​ ​ကောင်​​လေးနဲ့ ​ကောင်​မ​လေးဟာ ချစ်​ချင်း​တွေ နားလည်​မှု​တွေနဲ့ အချစ်​တစ်​ခုကို စခဲ့ကြတယ်​ ​နေ့တိုင်းပဲ ​ကောင်​​လေးက အမြဲသ၀န်​တို​တော့ ​ကောင်​မ​လေးကိုချုပ်​ခြယ်​ခဲ့မိတယ်​ ​ကောင်​​လေးက စိတ်​ဆိုးရင်​​ကောင်​မ​လေးက​ချော့တယ်​ ​ကောင်​မ​လေးကလဲ စိတ်​ဆိုးရင်​ ​ကောင်​​လေးက​ချော့တယ်​အဲ့​နေ့​တွေ မကုန်​ဆုံးခင်​အထိ ​ကောင်​​လေးနဲ့ ​ကောင်​မ​လေးဟာ တစ်​​နေ့တစ်​​နေ့ ရန်​ဖြစ်​လိုက်​ပြန်​ချစ်​လိုက်​နဲ့ နှစ်​​ယောက်​သားစကား​ပြောရင်း ကြည်​နူးမှု​တွေနဲ့ အချစ်​​တွေတိုးပွားခဲ့ကြတယ်​ ဒီလိုနဲ့ အချစ်​​တွေကုန်​ဆုံးမဲ့​နေ့​ရောက်​လာခဲ့တယ်​ ​ကောင်​မ​လေးရဲ့ ဆန္ဒက ​ကောင်​​လေးက သူမကို အရမ်းအ​လေး​ပေးထား​စေချင်​တယ်​ အမြဲလိုလိုဂရုစိုက်​​စေချင်​တယ်​ ​ကောင်​မ​လေးက ​ကောင်​​လေးဘ၀ရဲ့ နံပါတ်​တစ်​ဖြစ်​​စေချင်​ခဲ့တယ်​ ​ကောင်​​လေးက​တော့ Game ​ဆော့ရရင်​ ​ပျော်​​နေတတ်​တယ်​ ​ကောင်​​လေးဟာ ညတိုင်းလိုလို သူ့သူငယ်​ချင်း​တွေနဲ့ Game ​ဆော့ရင်​ ​ကောင်​မ​လေးကို ပြစ်​ထားတတ်​တယ်​ အဲ့လို​နဲ့ ​နေ့တိုင်းသွား​နေတဲ့​ကောင်​​လေးကို ​ကောင်​မ​လေးကလဲ မသွားနဲ့​ပြောတယ်​ ​ကောင်​​လေးကလဲ မသွားပဲမ​နေဘူး ​နေ့တိုင်းလိုလို ညဘက်​ အချိန်​မှန်​သွားတယ်​ အဲ့ဒါနဲ့ ​ကောင်​​လေးနဲ့ ​ကောင်​မ​လေးရဲ့အချစ်​​တွေဟာ တစ်​​နေ့ထက်​တစ်​​နေ့ ပြဿနာ​တွေများလာရင်း မာန​တွေဖြစ်​တည်​လာကြတယ်​ အဲ့လိုနဲ့ တစ်​​နေ့မှာ ​ကောင်​မ​လေးက ​ကောင်​​လေးသွားတာကို လမ်းမှာပဲရှိ​နေတုန်း ​ကောင်​မ​လေးက နင်​ငါ့ကိုချစ်​ရင်​ နင်​လှည့်​ပြန်​ပါတဲ့ လှည့်​မပြန်​ရင်​ ငါနဲ့ပြတ်​မယ်​ ​ကောင်​​လေးကလဲ သူသွားမယ့်​လမ်းမှာ ဘယ်​သူမှတားတာမကြိုက်​ဘူး အဲ့လိုနဲ့ ဆက်​သွားခဲ့တယ်​ ဒါနဲ့ပဲ ​နောက်​ဆုံး​နေ့မှာ​တော့ ​ကောင်​​လေးနဲ့ ​ကောင်​မ​လေးဟာ ​နောက်​ဆုံးအ​နေနဲ့ ​တွေ့ဖြစ်​ခဲ့ကြပြီး ပြဿနာ​တွေကို မီးအဖြစ်​​ပြောင်းပြီး အချစ်​​တွေကို သိမ်းဆည်းထားလိုက်​ကာ နှစ်​​ယောက်​လုံးမာန​တွေ ကိုယ်​စီနဲ့ ဘယ်​သူမှ မ​လျှော့​ပေးပဲ အချစ်​​တွေကို စ​တေးလိုက်​ကြပါတယ်​)

ဒါ​ပေမယ့်​ နှစ်​​ယောက်​လုံးရဲ့ နှလုံးသားထဲမှာ​တော့ အချစ်​​တွေကိုယ်​စီရှိ​နေကြတယ်​ အခု​တော့ မာနကိုယ်​စီနဲ့ ဖြစ်​​နေကြ​ပေမယ့်​ မာန​တွေ ခ၀ါချမယ့်​​နေ့​လေးကို ​ရောက်​လာပါ​စေလို့ ဆု​တောင်းရင်း

လေးစားစွားဖြင့်​ သူမအတွက်​​ရေးသား​ပေး​သော ကျွန်​​တော်​ ​မောင်​ထက်​ရှား

image

Sort:  

မာနဟာ ချစ်သူနှစ်ဦးကို ဝေးစေနိုင်ပါတယ်

လူသားတိုင်းမှာ မာနရှိတာ​တော့ ​ကောင်းပါတယ်​ ချစ်​သူနှစ်​ဦးကြားမှာ​တော့ မာနဆိုတာကြီး မရှိ​စေချင်​မိဘူး

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 56615.57
ETH 2387.60
USDT 1.00
SBD 2.30