၂၂ / ၀၆ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

ယမန်နေ့က USD$ 1.60 ခန့်တွင် ဈေးကစားနေခဲ့သော Steem မှာ ယနေ့နံနက်တွင်USD$ 1.53 အထိကျဆင်းသွားခဲ့ပြီဖြစ်ပါသည်။ Bittrex ဈေးကွက် အတွင်း၌ Steem အား ၂၄ နာရီ အတွင်း ဝယ်ရောင်း လုပ်ခဲ့ကြသော ပမာဏ မှာ ဒေါ်လာ ၂ သိန်းကျော်ရှိခဲ့ ပြီး ယနေ့ဈေးကွက်အား Binance မှ ၂၄ နာရီ ဝယ်ရောင်း ပမာဏ ဒေါ်လာ ၃ သိန်းကျော်ဖြင့် ဦးဆောင်လျက်ရှိပါသည်။ Steem ဈေးအနေဖြင့် တဖြေးဖြေး ဈေးကျဆင်းလာမှုနှင့် အတူ ဝယ်ရောင်း ပမာဏ နည်းပါးလာမှုကြောင့် coinmarketcap ၏ အဆင့် ၃၅ သို့ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါသည်။

01.png

SBD အနေဖြင့် ယမန်နေ့က ခန့်မှန်းခဲ့သကဲ့သို့ပင် USD $ 1.20 အထိကျဆင်းသွားခဲ့ပြီ ဖြစ်ပါသည်။ Bittrex ဈေးကွက် အတွင်း ၌ SBD အား ၂၄ နာရီ အတွင်း ဝယ်ရောင်းခဲ့ကြသော ပမာဏမှာ ဒေါ်လာ ၃ သောင်းကျော်ဝန်းကျင်သာရှိခဲ့ပါသည်။ လက်ရှိ SBD ဈေးကွက်အား Upbit မှ ၂၄ နာရီ ဝယ်ရောင်း ပမာဏ ဒေါ်လာ ၂ သိန်းကျော်ဖြင့် ဆက်လက် ဦးဆောင် ထားဆဲ ဖြစ်ပါသည်။ SBD အနေဖြင့် HitBTC ဈေးကွက်တွင် USD$23 အထိ ဈေးတက် နေသော်လည်း deposit သွင်း၍ မရဟုသိရပါသည်။

02.png

နောက် ၂၄ နာရီ အတွက် Steem & SBD ဈေး ခန့်မှန်းချက်မှာ ဈေးများ ဆက်လက်ကျဆင်းနေနိုင်ပါသည်။ Steem အနေဖြင့် USD $ 1.45 အထိကျဆင်းသွားနိုင်ပြီး SBD အနေဖြင့် သူ၏ မူရင်း တန်းဖိုးဖြစ်သော USD $1 သို့ ပြန်လည် ရောက်ရှိသွားမည်ဟု ခန့်မှန်းရပါသည်။ဤသည်မှာ ဈေးခန့်မှန်းခြင်းသာ ဖြစ်၍ ဈေးကွက်မှာ အချိန်မရွေး ပြောင်းလည်း သွားနိုင်ပါသည်။

MSC Exchange

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64512.68
ETH 2615.54
USDT 1.00
SBD 2.82