၀၄ / ၀၆ / ၂၀၁၈ Steem နှင့် SBD ဈေးကွက် အခြေအနေများ

in #myanmar6 years ago

ယမန်နေ့က Bittrex ဈေးကွက် အတွင်း၌ USD $ 2.50 ခန့် ဖြင့် ဈေးငြိမ်နေခဲ့သော Steem မှာ ၂၄ နာရီ အတွင်း အမြင့်ဆုံးဈေး USD$2.60 သို့ ရောက်ရှိခဲ့ကာ ယခုအချိန်တွင် USD$2.55 ဖြင့် ဝယ်ရောင်းလုပ်နေကြပါသည်။ Steem အနေဖြင့် ယမန်နေ့က Binance ဈေးကွက်က ဦးဆောင်နေခဲ့သော်လည်း ယခု အချိန်တွင် USTD ဖြင့် ဝယ်ရောင်းလုပ်သော Huobi ဈေးကွက်က ၂၄ နာရီ ဝယ်ရောင်း ၁.၄ သန်းဖြင့် Steem ဈေးကွက်အား ဦးဆောင်နေပါသည်။ Bittrex ဈေးကွက် အတွင်း၌ ၂၄ နာရီ ဝယ်ရောင်း ပမာဏ ၃ သိန်းကျော်ခန့်သာ ရှိ၍ ဈေးကွက် အဆင့် ၆ နေရာတွင် ရပ်တည်နေပါသည်။

01.png

ယမန်နေ့က USD$1.80 အထိတက်ခဲ့သော SBD သည်လည်း ဝယ်လိုအား ရောင်းလိုအား နည်းသွားရကာ ဈေး တန့်နေပြီ ဖြစ်ပါသည်။ SBD ဈေးကွက်အား ကိုးရီယား ဝမ်ဖြင့် ရောင်းဝယ်သော Upbit က ၈၀% ထိန်းချုပ်ထားပါသည်။ SBD ဈေးအား ဆွဲတင်နေသော HitBTC တွင် ၂၄ နာရီ အတွင်း SBD ဈေးမှာ USD$11 အထိ ရှိခဲ့သော်လည်း ဝယ်ရောင်းပမာဏ ဒေါ်လာ ၁ သောင်းကျော်သာရှိခဲ့ပါသည်။

02.png

နောက်၂၄ နာရီ အတွင်း Steem & SBD ဈေးခန့်မှန်းချက်မှာ Steem အနေဖြင့် USD$ 2.50 တွင် ဆက်လက်ရှိနေနိုင်ပြီး SBD အနေဖြင့် USD $1.70 ခန့်အထိ ကျဆင်းလာမည်ဟု ခန့်မှန်းရပါသည်။ ဤသည်မှာ ဈေးခန့်မှန်း ခြင်းသာဖြစ်၍ ဈေးကွက်မှာ အချိန်မရွေး ပြောင်းလည်းနေပါသည်။

03.png
04.png
msc-5.jpg
msc-6.jpg

Sort:  

မင်္ဂလာပါ ခင်​ဗျာ။ @phyozawooburmes MSC-071-G3 အ​နေဖြင့်​ MSC-Exchange web သို့ Sell order ဖွင့်​ရာ ​ဖောင်​ဖြည့်​ဆွက်​မှူ အနည်းငယ်​ မပြည့်​စုံပါ သဖြင့်​ ၎င်းorder အား msc-exchanger မှ ထည့်​သွင်း မစဉ်းစားမည့်​ကို စိုးရိမ်​ပါသဖြင့်​ @phyozawooburmes မှ sell ပြုလုပ်​မည့်​ sbd အား @exchange.msc သို့ မ​ပေးပို့ခဲ့​ကြောင်း လေးစားစွာအသိ​ပေး ပါသည်​ ခင်​ဗျာ။ order အသစ်​ဖွင့်​နိုင်​ရန်​ mailအား ​စောင့်​ဆိုင်​​နေပါသည်​။
ကျေးဇူးတင်​ပါသည်​။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62904.22
ETH 2571.38
USDT 1.00
SBD 2.76