ပါရမီဟူသည်

in #myanmar6 years ago (edited)

image
ပါရမီဟူသည်
''ပါရမီ'' ဟူသောစကားကို မြန်မာဗုဒ္ဓဘာသာဝင်တို့ အမွန်အမြတ်ထား၍ သုံးကြသည်ကို တွေ့ရသည် ။ ပါရမီပါသူ ၊ ပါရမီရှိသူ ၊ ပါရမီဖြည့်သူ ၊ ပါရမီဖြည့်ဘက်စသည်ဖြင့် သုံးကြသည် ။ ''ပါရမီ'' ဟူသည်မှာ ပါဠိစကားဖြစ်ပြီး ၊ ''အထွတ်အမြတ် ၊ မြတ်သောသူ၏အဖြစ် ၊ သူမြတ်တို့၏ဥစ္စာဟူ၍ ဗုဒ္ဓဘာသာဆိုင်ရာ အင်္ဂလိပ် ၊ မြန်မာ ဝေါဟာရအသုံးအနှုံးတွင် ဖော်ပြပါသည် ။ ဗုဒ္ဓစာပေကျမ်းဂန်တို့၌ ''ပါရမီ''ဟူသည်. . .မြင့်မြတ်သူ၏ နိဗ္ဗာန်ကိုရည်မှန်း၍ လှုဒါန်းမှု ၊ သီလစောင့်မှု စသည်တို့သာတည်း'' ဟုဖော်ပြအနက်ဖွင့်သည် ။ ထို့ကြောင့် '' မြင့်မြတ်သူတို့၏ အလုပ်များ'' ဟုဆိုပါသည် ။
ဂေါတမမြတ်စွာဘုရားပင်လျှင် သုမေဓါဘဝ၌ ဗျာဒိတ်တော် ရပြီးနောက် ညွန်ပျောင်းမှ ထတော်မူ၍ တင်ပလ္လင်ဖွေဲ့ခွေ ထိုင်တော်မူကာ စဉ်းစားဆင်ခြင်လေ၏ ။ ဆင်ခြင်သည်ကား '' များစွာသော သတ္တဝါအပေါင်းတို့ကို သံသရာရေအလျဉ်မှ ကောင်းမှုပါရမီဖြင့် ဖြည့်နိုင်သောအဖြစ်မျိုးမဟုတ် ၊ ဘုရားဖြစ်ဖို့အကြောင်း ကောင်းမှုပါရမီတော်ကား ၊ ဘယ်လောက်များပါလိမ့်နည်း'' ဟု စဉ်းစားဆင်ခြင်တော်မူရာ. . .
ဒါန သီလဉ္စ နေက္ခမံ္မ ပညာဝီရိယ ပဉ္စမံ ၊
ခန္တီ သစ္စာ အဓိဌာနံ ၊ မေတ္တု ပေက္ခာတိမာ ဒသ ။
ဟူသော ဤပါရမီ ၁၀-ပါးကို အစဉ်အတိုင်း မြင်တော်မူလေသည် ။ ထို့ကြောင့် ပါရမီဟူသည်မှာ မြင့်မြတ်သူ၏နိဗ္ဗာန်ကို ရည်မှန်း၍ လှုဒါန်းမှု ၊ သီလစောင့်ထိန်းမှု အစရှသည်တို့သာတည်း ။ လောကီစည်းစိမ်ချမ်းသာကို ရည်မှန်း၍ လှုဒါန်းမှုစသည်ကို ပါရမီကုသိုလ်ဟု မဆိုထိုက် ။ ထိုပါရမီ ၁၀-ပါးတွင်
၁ ။ ဒါနဟူသည် စွန့်ကြဲပေးကမ်းခြင်းတည်း။
၂ ။ သီလဟူသည် ၅ ပါး ၊ ၈ ပါး ၊ ၁၀ ပါး စသောဆိုင်ရာသီလများကို စောင့်ထိန်းမှုတည်း ။
၃ ။ နေက္ခမဟူသည် စည်းစိမ်စွန့်ခွါ၍ တောထွက်တော်မူတည်း ။
၎ ။ ပညာဟူသည် အရာရာ တတ်သိနားလည်မှုတည်း ။
၅ ။ ဝီရိယဟူသည် ကုသိုလ်ကိစ္စတို့၌ မကြောက်မရွံ့ ၊ သက်စွန့်ကြိုးပမ်း အားထုပ်မှုတည်း ။
၆ ။ ခန္တီဟူသည် သူတစ်ပါးက နှိပ်စက်လျှင် သည်းညည်းခံနိုင်မှုနှင့် အအေး ၊ အပူစသောဒါဏ်ကို ခံနိုင်မှုတည်း ။
၇ ။ သစ္စာဟူသည် မှန်ကန်ဖြောင့်မတ်စွာ ပြောဆိုလုပ်ကိုင်မှုတည်း ။
၈ ။ အဓိဌာန်ဟူသည် မိမိရည်မှန်းအပ်သော ကောင်းသေအလုပ်၌ ''မဖြစ်မနေ'' ဟုစွဲစွဲမြဲမြဲဇွဲကောင်းမှုတည်း ။
၉ ။ မေတ္တာဟူသည် သတ္တဝါတို့အပေါ်၌ ချစ်ခင်သောအားဖြင့် ကောင်းကြိုးလိုလားမှုတည်း ။
၁၀ ။ ဥပက္ခာဟူသည် မုန်းအောင်ပြုလုပ်သည်ကိုလည်း မမုန်း ၊ ချစ်အောင်ပြုလုပ်သည်ကိုလည်း မချစ်ဘဲ လျစ်လျူရှုမှုတည်း ။
ဤ ၁၀-ပါး၌ သာမန်ဖြည့်ကျင့်မှုကို '' ပါရမီ'' ဟု ခေါ်၍ မျက်စိ ၊ နား ၊ နှာ ၊ အင်္ဂါခြေလက်တို့ကို အပျက်စီးခံ၍ ဖြည့်ကျင့်မှုကို '' ဥပပါရမီ'' ဟုခေါ်သည် ။ အသက်ကိုပင် မငဲ့ညှာပဲ လွန်စွာအသက်ပေး၍ ဖြည့်ကျင့်မှုကို ''ပရမတ္ထပါရမီ '' ဟုခေါ်၏ ။ အထက်ပါ ပါရမီ ၁၀ မျိုးကို ဤသုံးမျိုးနှင့် မြှောက်သော် အပါး ၃၀ ဖြစ်၏ ။
ထို့ကြောင့် ပါရမီ ၁၀ ပါး ၊ အပြား ၃၀ ဟု မှတ်ရာ၏ ။
ပါရမီတစ်ပါး တစ်ပါးလျှင် အနု ၊ အရင့်ဖြည့်ကျင့်ပုံ ၃ မျိုးစီ ကွဲပြားသဖြင့် နက်ရှိုင်းကျယ်ဝန်းလေ၏ ။ ဘုရားအလောင်းတော်သည် ထိုပါရမီ ၁၀ ပါး ၊ အပြား ၃၀ တို့ကို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် ဖြည့်ကျင့်တော်မူခဲ့ရာ ဝေသန္တရာမင်းကြီးဘဝ၌ ပါရမီတော်အားလုံး ပြီးပြည့်စုံခဲ့လေသည် ။
ပုထုဇဉ်လောကီသားတို့အဖို့ ထိုပါရမီ ၁၀ ပါးကို လုပ်ဆောင်ကြရာ၌ များစွာ မိမိစိတ်ကို နိုင်နင်းရန် လိုအပ်လှပေသည် ။ ထို့ကြောင့် မြင့်မြတ်သူတို့၏ အလုပ်ဖြစ်သော '' ပါရမီ'' ဖြည့်မှုသည် များစွာလေးနက်လှသဖြင့် တော်ယုံမျှနှင့် အောင်မြင်မှုကို မရရှိနိုင်ပေ ။ သို့သော်လည်း မဆုတ်မနစ်သော ဝီရိယဖြင့် ထိုပါရမီ ၁၀ ပါးမှ တစ်ပါးခြင်းဆီကိုပင် ပိုင်းခြားဖြည့်တင်း၍ နှစ်ပရိစ္ဆေဒ ကြာမြင့်သည်အထိ ကျင့်ဆောင်နိုင်ရာသည် ။
image
ဘုရားအလောင်းတော်သည်ပင်လျှင် နုစဉ်ဘဝမှစတင်၍ ပါရမီ ၁၀ ပါးကို ဖြည့်ကျင့်ခဲ့ပြီး လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထိ တိုင်ခဲ့သည် ။ ဗုဒ္ဓ၏ ပါရမီဖြည့်စွမ်းမှုကိုကြည့်လျှင် ဘဝပေါင်းများစွာ ထိုပါရမီကို ဖြည့်ကျင့်ရာ၌ ရည်မှန်းချက်ကြီး (၃) ချက်ကို ဦးထိပ်ထားသင့်ကြောင်း တွေ့နိုင်သည် ။ ယင်းကား
၁ ။ လောကတ္ထ စရိယာ--- လောကသား ၊ ကမ္ဘာသူကမ္ဘာသား သတ္တဝါအများ ကောင်းစားချမ်းသာရေးကျင့်စဉ် ။
၂ ။ ဥာတတ္ထစရိယာ---မိမိ၏အမျိုးသား ၊ မိမိလူမျိုး ကောင်းစား ချမ်းသာရေးကျင့်စဉ် ။
၃ ။ ဗုဒ္ဓတ္ထစရိယာ--- သတ္တဝါအများကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်နိုင်သော သဗ္ဗညုတဘုရား ဖြစ်ရေးကျင့်စဉ် ။
ဘဝတိုင်း ဘဝတိုင်း ပါရမီဖြည့်ကျင့်တိုင်း ဤရည်မှန်းချက်ကြီး သုံးရပ်ကို ဦးထိပ်ပန်ထားခဲ့သည် ။ ယင်းကို စရိယာသုံးပါး ခေါ်သည် ။ ထို့အပြင် မြင့်မြတ်သူတို့သည် ဘဝပေါင်းများစွာ ပါရမီဖြည့်ရာတွင်--
၁ ။ တိုင်းပြည် ၊ နိုင်ငံ ၊ ထီးနန်းစွန့်ခွါ၍ ပါရမီဖြည်ခြင်းတည်းဟူသော ( ဓနပရိစ္စာဂ)
၂ ။ သားသမီးတို့ကို စွန့်ခြင်းတည်းဟူသော ( ပုတ္တပရိစ္စာဂ )
၃ ။ ဇနီးမယားတို့ကို စွန့်လှုခြင်းဟူသော ( ဘရိယပရိစ္စာဂ )
၎ ။ မိမိခန္ဓာကိုယ် အစိတ်အပိုင်းများကို စွန့်လှုခြင်းတည်းဟူသော ( အင်္ဂပရိစ္စဂ )
၅ ။ နောက်ဆုံး၌ အသက်ကိုပင် နှမြောတွန့်တိုမှု မရှိဘဲ စွန့်လှုခြင်းတည်းဟူသော( ဇီဝိတပရိစ္စာဂ )
ဟူ၍ ပြုလုပ်ခဲ့ကြောင်း တွေ့ရသည် ။ စွန့်လွှတ်နိုင်ခဲသော '' စွန့်လွှတ်ခြင်းတည်း '' ဖြစ်၍ ( ပဉ္စမပရိစ္စာဂ) ဟု စွန့်ခြင်းကြီး ၅ ပါးဟုခေါ်သည် ။
ဗုဒ္ဓကား --- ဤပါရမီ ၁၀ ပါး ၊ အပြား ၃၀ စွန့်ခြင်းကြီး ၅ ပါး ၊ စရိယာ ၃ ပါး စသည်တို့ကို ဘဝဆက်တိုင်း စဉ်ဆက်မပြတ် ဖြည့်ကျင့်ကြိုးပမ်းခဲ့သည့်အတွက် သဗ္ဗညုတရွှေဥာဏ်တော်ကို ရရှိတော်မူခဲ့လေသည် ။ ဘဝများစွာ၌ ကာယ ၊ ဥာဏ ၊ ဓန စသည်တို့ကို စွန့်လွှတ်ပေးခြင်းဖြင့် သတ္တဝါအများ ကောင်းစားချမ်းသာရေးကို ဆောင်ရွက်တော်မူခဲ့သည် ။ ထိုစွန့်လွှတ်မှုအာူလုံးအတွက် မျှော်မှန်းချက်မှာ သဗ္ဗညုတဥာဏ်ရရေး တစ်ခုတည်းသာလျှင်ဖြစ်သည် ။
ထိုဥာဏ်ရရန် မျှော်မှန်းခြင်းသည်လည်း မိမိအတွက်မဟုတ် ၊ သတ္တဝါအများ ကောင်းစားချမ်းသာဖို့အရေး ပို၍ပြုလုပ်ုဖည့်စွမ်းပေးရန်သာလျှင် ဖြစ်သည် ။ မည်သူမဆို ဖြစ်လေရာဘဝတိုင်း သူတစ်ပါးတို့ ကောင်းစားချမ်းသာရေးအတွက် ကိုယ်ကျိုးမဖက် ၊ မျှော်လင့်ချက်မနှော ၊ ရက်ရက်ရောရော စွန့်လွှတ်ကူညီရန် လိုပေသည် ။ ထိုပါရမီအလုပ်တို့သည် မိမိအပါအဝင် လူသားလောကတစ်ခုလုံး၏ ချမ်းမြေ့သာယာမှု ၊ စည်ပင်ဝပြောမှုကို ပြုလုပ်ပေးရာရောက်သဖြင့် စွန့်လွှတ်နိုင်သလောက် မိမိအတွက်လည်း အဆပေါင်းများစွာ အကျိုးသက်ရောက်လာလေသည် ။
လောကီသားတို့အဖို့ကား ဤပါရမီ ၁၀ ပါးတွင် ပါဝင်သော ဒါန ၊ သီလ ၊ ဝီရိယ ၊ ခန္တီ ၊ သစ္စာ ၊ မေတ္တာ စသည်တို့ကို လူသားကောင်းကျိုး ၊ သတ္တလောကကြီးတစ်ခုလုံးအတွက် ကောင်းကျိုးပင် ဖြစ်ပေရာ ဖြည့်ကျင့်နိုင်လေ ကောင်းလေပင်ဖြစ်သည် ။
: ကမ္ဘာကြီးငြိမ်းချမ်းစေဖို့ရာ လူတိုင်းလူတိုင်း ပါရမီ ၁၀ ပါးကို လက်ကိုင်ထားရန်လိုအပ်လှသည် ။ အကျိုးစီးပွားတိုးတက်ခြင်းနှင့် ငြိမ်းချမ်းသာယာမှုကို ပေးစွမ်းနိုင်သော ဤပါရမီအထူးထူးကို လူသားတိုင်း လိုက်နာဖို့ လိုအပ်လှပေသည် ။
image
MSC-116
photos credit by google
author by @evernew

Sort:  

Good post bro

ဟုတ်အကိုကျေးဇူးပါကြိုးစားပါဦးမယ်

ကျေးကျေးပါအကို

Calling @originalworks :)
img credz: pixabay.com
Nice, you got a 78.0% @dong262514 christmas upgoat, thanks to @ptcmyanmar
Want a christmas boost? Minnowbooster's got your back!

Good Dhama.
Thanks so much for post.
@shwebote
HFS B17

ကျေးဇူးပါအန်တီ

thank ပါအမအိ

သာဓုပါခင်​​ဗျာ :-)

ငိငိ တရားဟောတာဟုဘူးလေ

သာဓု သာဓု သာဓုပါ

ဟားဟားဘုန်းကြီးဝတ်ရမဲ့ပုံပေါက်နေပြီ

မ၀တ်ပါနဲ့ဦး သားသမီးတွေအတွက် Steemit အမွေပေးလို့ရအောင်လုပ်သွားဦး

ဟားဟား

ကောင်းပါတယ်
ပိုစ့်အောက်မှာရေးသူနာမည်လေးထည့်ပေးပါ bro

ဟုတ်ကဲ့ပါဗျ ထည့်ပေးပါ့မယ် အကို ခုလိုလိုအပ်ချက်တေပြောပေးတာကျေးဇူးပါအကို

တရားထိုင် တော့မယ်

: ) သံသရာမှလွတ်မြောက်ပြီး လက်ရှိဘဝတွင်လည်း စိတ်အေးချမ်းမှုအပြည့်အဝရရှိစေပါတယ် ထိုင်ပါအားပေးပါတယ် နောက်ဆိုဆရာလေးအဖြစ်နဲ့ steemit တွေရေးနေမလားပဲမမမြန်မာ : )

သာဓုပါ

ငိငိ တရားဟောတာဟုဘူးယေ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61440.52
ETH 3447.43
USDT 1.00
SBD 2.52