ယင်​ဖိုမသန်းသူ(၄)

in #myanmar7 years ago

မသီသီနှင့်​ကိုမျိုးမင်းတို့၏ ဇာတ်​လမ်းသည်​ စတင်​​တွေ့ဆုံကတည်းပင်​ အပျက်​ပျက်​နှင့်တလွဲတ​ချော်​ ဖြစ်​ခဲ့ကြပါသည်​။သီသီသည်​ အိမ်​သို့ပြန်​​ရောက်​ပြီး​ အခန်းထဲ၌​ခွေ၍​နေ​လေ​တော့သည်​။
သူမကိုယ်​သူမအနှီပုရိဿ ​ ​ကျားများနှင့်​ ဆက်​ဆံ​ရာတွင်​ ဤမျှ​လောက်​​သောအရဲစွန့်​မှူကြီးအတွက်​ အားမလိုအားမရကြိတ်​မနိုင်​ခဲမရ ဖြစ်​၍​နေ​တော့သည်​။တောက်​တ​ခေါက်​​ခေါက်​ဖြင့်​မ​ရိုးမရွဖြစ်​​နေ​လေ​တော့သည်​။

ထိုအချိန်​တွင်​ သူမဖုန်းကအသံမြည်​လာခဲ့သည်​။
ရင်​ခုန်​စိတ်​လှူပ်​ရှားမိသွားသည်​။ကိုမျိုးမင်းဆီကဖုန်းဖြစ်​​၍ သူမကိုင်​လိုက်​မိသည်​။
"သီသီ ဘာဖြစ်​သွားတာလဲကွာ။"
"ကိုယ့်​မှာစိတ်​ပူလိုက်​ရတာ"အစရှိသဖြင့်​ ဖုန်းထဲမှအသံကြား၍သီသီရင်​ထဲ၌ ထိတ်​ထိတ်​ဖြင့်​ ရင်​ခုန်​နှူန်းမြန်​လာခဲ့ပြန်​ပါသည်​။
ကိုမျိုးမင်းမှသူမြန်​မာပြည်​အထက်​ပိုင်းသို့ ဘုရားဖူး သွားမည်​ဖြစ်​​ကြောင်း၊ ပြန်​လာလျှင်​သီသီနှင့်​​တွေ့၍ သူ့အားတိကျ​သောအ​ဖြေ​ပေး​စေလို​ကြောင်း​ပြောခဲ့​ရာ သီသီမှာလည်းရင်​ထဲမှအပူလုံးကြီးမှာဂလုဂလုဖြင့်​ အသံမြည်​၍ဘဝင်​ကျသွား​လေ​တော့သည်​။
သီသီသည်​လည်းဘဝကျစိတ်​ရွှင်​လန်း၍ ပုံမှန်​အလုပ်​သွားအလုပ်​ပြန်​ဖြင့်​လန်းဆန်းတက်​ကြွ​နေ​လေ​​သည်​။
ဤသို့ဖြင့်​တနင်္ဂ​နွေ​နေ့အလုပ်​ပိတ်​ရက်​သို့​ရောက်​ရှိ လာ​လေသည်​။သီသီလည်းအလုပ်​ပိတ်​ရက်​ဖြစ်​သဖြင့်​ တပတ်​စာအဝတ်​များ​လျော်​ခြင်း၊မီးပူတိုက်​ခြင်းဖြင့်​အလုပ်​ရှူပ်​​နေစဉ်​ "သီသီ​ရေ"အိမ်ေ​ရှ့မှ​ခေါ်သံကြား၍ အိမ်​​ရှေ့ ဧည့်​ခန်းသို့ထွက်​လာခဲ့သည်​။
အိမ်​​ရှေ့ခန်း၌ငယ်​သူငယ်​ချင်းဝါဝါကို​တွေ့လိုက်​ရသည်​။ "ဟယ်​ ဝါဝါအ​တော်​ပဲဟယ်​။ နင့်​ကိုငါ​မျှော်​​နေ
တာ။"
"သူငယ်​ချင်း​ရေ။ ငါလည်းနင့်​ဆီလာမယ်​ လာမယ်​နဲ့​တော်​​တော်​နဲ့မ​ရောက်​ဖြစ်​ဖူးဟယ်​။"
ဝါဝါသည်​လည်းဧည့်​ခန်းဆက်​တီခုံ၌ထိုင်​ချရင်းသီသီအားပြန်​​ပြောလိုက်​​လေသတည်း။
"ငါလည်းကိစ္စရှိမှညည်းဆီလာသလိုဖြစ်​​နေတယ်
သီသီရယ်။ ညည်းကိုလည်းအပူကပ်​ရတာအားနာပါတယ်​​အေ။"
"ရပါတယ်​သူငယ်​ချင်းရယ်​။ညည်းကိစ္စသာ​ပြော​အေ။
ငါကူညီနိုင်​သ​လောက်​ကူညီရမှာ​ပေါ့​အေ။"
" ဒီလိုသီသီ​ရေ" ဟုအစချီကာဝါဝါသည်​ သူမအမျိုး သား တက္ကဆီနှင့်​တခြားကားတစ်​စီးတိုက်​မိ၍​လျော်​ရမည်​ဖြစ်​​ကြောင်း။ သီသီဆီမှ​ငွေနည်းနည်း​လောက်​လှည့်​လို့ရပါကလှည့်​လို​ကြောင်းအကူအညီ​တောင်း​လေ သတည်း။
သီသီသည်​လည်းအိမ်​မှအ​မေနှင့်​ကြီး​တော်​အပျိုကြီးအား အရိပ်​အ​ခြေလှည့်​ပတ်​ကြည့်​ပြီး ဝါဝါအား အိမ်​ခန်းထဲ​ခေါ်ခဲ့​လေသည်​။
"ဝါဝါ​ရေ... ငါ့မှာလည်းညည်း​ပြောသလို​ငွေ
များများစားစားမရှိဘူးဟ။ အဲဒီ​တော့ဒီလက်​​ကောက်​​တစ်​ဖက်​ညည်းသွား​ပေါင်​​အေ။ ညည်း​ပြေလည်​တဲ့အချိန်​ငါ့ပြန်​​ရွေး​ပေး..။အ​မေတို့ ကြီးကြီးတို့​တော့မသိ​စေပါ​စေ နဲ့​အေ။" ဟုဆိုကာ သူမလက်​​ကောက်​တစ်​ဖက်​ကို ဝါဝါအား​ပေးလိုက်​​လေ​တော့သည်​။
"ညည်းကိစ္စ​တော့ပြီးပြီ​အေ။"
"ငါညည်းကိုတိုင်​ပင်​စရာရှိတယ်​.. သူငယ်​ချင်း" ဟုအစချီကာကိုမျိုးမင်းနှင့်​သူမအ​ကြောင်းအား ဝါဝါအား​ဖြစ်​​ကြောင်းကုန်​စင်​အားရပါးရ​ပြောပြ​လေ​ပေ​တော့သည်​။
"လူ​ကောင်း၊သူ​ကောင်းဆိုရင်​​တော့ဖြင့်​ ညည်းစဉ်းစားသင့်​ပါတယ်​​အေ။ဒါ​ပေမယ့်​သူ့​အ​ကြောင်း၊သူ့​ဆွေမျိုး ညည်းအကုန်​သိ​အောင်​လုပ်​ထားသင့်​တယ်​။ညည်းလည်းအိမ်​​ထောင်​ပြုဖို့အရွယ်​ကလွန်​​တောင်​လွန်​​နေပြီ..သီသီ​။" ဟုဝါဝါကသီသီအား​အကြံ​ပေး​ပြောကြားလိုက်​​လေ သည်​။
ထိုအခါသီသီက "ငါလည်းစဉ်းစားမိပါတယ်​သူငယ်​ချင်းရယ်​။ဒါ​ကြောင့်​ညည်းကိုတိုင်​ပင်​ရတာ​ပေါ့​အေ။"
ဟု​ပြော၍ ဖုန်းကိုထုတ်​၍ကိုမျိုးမင်းပုံအားဝါဝါအားပြ​ရာ
ဝါဝါသည်​သီသီဖုန်းကိုလှမ်းယူ၍ကိုမျိုးမင်းပုံအားကြည့်​လိုက်​​လေသည်​။
ဝါဝါသည်​ဖုန်းထဲမှဓာတ်​ပုံအားကြည့်​ပြီးမျက်​စိပျက်​မျက်​နှာပျက်​ဖြင့်​မျက်​နှာမ​ကောင်း​တော့​ချေ။သီသီလည်းဝါဝါမျက်​နှာပျက်​သွားသည်​ကိုသိချင်​လွန်းလှသဖြင့်
"ဝါဝါ...နင်​သူ့ကိုသိလို့လား။သိရင်​​ပြောပြပါသူငယ်​ချင်းရယ်​။"ဟုရင်​တုန်​ပန်းတုန်​ဖြင့်​ဝါဝါအား​မေးမြန်းလိုက်​​ပါ​တော့သည်​။
ဝါဝါသည်​သီသီအားတခုခုကို​ပြောပြသင့်​မပြသင့်​စဉ်းစား​နေဟန်​တူ​လေသည်​။တိတ်​ဆိတ်​စွာဖြင့်​ဖုန်းထဲမှကိုမျိုးမင်းပုံအားကြည့်​ပြီးအတန်​ငယ်​ကြာမှ စကားသံထွက်​​ပေါ်လာ​လေ​တော့သည်​။
"ဒီလို သီသီ​ရေ။ငါနင့်​ကို​ပြောပြသင့်​မ​ပြသင့်​စဉ်းစား​​နေ တာဟ။မ​ပြောပြရင်​လည်းတချိန်​ချိန်​နင်​သိလာရင်​ငါ့ကိုနင်​မ​ပြောပြခဲ့ဖူးဆိုပြီးအပြစ်​မြင်​လာနိုင်​တယ်​​လေ။"
"သီသီနင်​ပြတဲ့ဓာတ်​ပုံထဲက ကိုမျိုးမင်းဆိုတာတခြားသူမဟုတ်​ဘူးဟ။တိုက်​တိုက်​ဆိုင်​ဆိုင်​ ငါ့အမျိုးသားရဲ့ညီအစ်​ကိုတဝမ်းကွဲဖြစ်​​နေတယ်​။"
"ပြီး​တော့....။"
ဝါဝါတစ်​​ယောက်​အသံတိတ်​သွားပြန်​၏။ထို့​နောက်​ သူမ​ရှေ့မှသတင်းစာအားအဓိပ္ပာယ်​မဲ့ ဖိ​ချေ​နေ​လေ၏။
"ဝါဝါ...ညည်းမှာ​ပြောစရာတခုခုရှိ​နေပြီမဟုတ်​လား။"
"ရင်​​တွေတုန်​လိုက်​တာသူငယ်​ချင်းရယ်​။ငါ့ကို​တော့
ထိန်​ချနိမထားပါနဲ့​အေ....။ငါ့ဘဝအ​ပြောင်းအလဲနှင့်​ လည်းသက်​ဆိုင်​​နေလို့ပါ​အေ။"
သီသီသည်​သူမမျက်​ဝန်း၌ မျက်​ရည်​များရစ်​ဝဲလာပြီး တုန်​ရီ​မောဟိုက်​စွာဖြင့်​ဝါဝါအား​ပြော​လေ​တော့သည်​။
ထိုအခါမှဝါဝါသည်​လည်း
"ဒီလိုပါ။သူငယ်​ချင်းရယ်​ ညည်းကိုလည်းငါသနားပါတယ်​။ဟိုတဖက်​ကိုလည်းသနားတယ်​။"
"ဒါ​ပေမယ့်​အမှန်​တရားသည်​မည်​သို့ပင်​ဖုံး​ထားထား
တချိန်​ချိန်​​ပေါ်လာမှာပဲ​အေ။"ဟုဆိုပြီးဖြစ်​​ကြောင်းကုန်​စင်​​ပြောပြ​လေ​တော့သည်​။
"ကိုမျိုးမင်းကလူပျိုမဟုတ်​ဘူးသူငယ်​ချင်း။"
"သူ့မှာအရမ်းချစ်​ရတဲ့ဇနီးရှိခဲ့တယ်​။"
"သူ့ဇနီးက​တော့လွန်​ခဲ့တဲ့​ခြောက်​နှစ်​​လောက်​က
ကင်​ဆာ​ရောဂါနဲ့ဆုံးသွားခဲ့ပြီသူငယ်​ချင်း။"
"သူ့တို့နစ်​​ယောက်​မှာသားသမီး​တော့မရှိခဲ့ဖူး။သူ့ဇနီးဆုံးကာစကကိုမျိုးမင်းတစ်​​ယောက်​စိတ်​​လေပြီး အရက်​​တွေ​သောက်​ခဲ့တာ​ပေါ့​အေ။တစ်​နှစ်​​ကျော်​​နှစ်​နှစ်​နီးပါး ကြာမှသူကိုရီးယားကိုထွက်​သွားခဲ့တာသူငယ်​ချင်း။"
"အဖြစ်​အပျက်​က​တော့ဒါပါပဲ​အေ။ညည်းလည်းငယ်​​တော့တဲ့အရွယ်​မှမဟုတ်​တာ။ဆုံးဖြတ်​​ပေါ့​အေ။"

"တခြားအပြစ်​အနာအစာ​တော့သူ့မှာမရှိပါဘူး​အေ။"
သီသီကို​ပြောပြပြီး​နောက်​ဝါဝါတစ်​​ယောက်​​မောဟိုက်​စွာဖြင့်​စကားသံတိတ်​သွားခဲ့​လေသည်​။
"သူငယ်​ချင်း​ရေ....ငါပြန်​ဦးမယ်​​နော်​။"
 "တဇွတ်​ထိုးမဆုံးဖြတ်​ပါနဲ့။အချိန်​ယူစဉ်းစားပြီးမှ  
  ဆုံးဖြတ်​ပါ​နော်​။"ဟုဝါဝါတစ်​​ယောက်​နုတ်​ဆက်​၍ ပြန်​သွား​လေ​တော့သည်​။
 သီသီသည်​ဘာစကားမှပြန်​မ​ပြောနိုင်​​လောက်​​အောင်​ အရုပ်​ကြိုးပြတ်​ဖြင့်​ မျက်​ရည်​များဖြင့်​ရှိုက်​ငို၍​နေ​ပေ​တော့ သည်​။သီသီရင်​ထဲမီးစတစဖြင့်​ထိုးသကဲ့သို့ ပူပြင်းလွန်းလှ​ပေသည်​။ရှိုက်​ရင်းရှိုက်​ရင်းဖြင့်​သတိလစ်​မလိုဖြစ်​ပြီး

လဲကျသွား​လေ​တော့သည်​။
"ဟဲ့သီသီ သမီးဘာဖြစ်​တာလဲ။ သမီး..ဟဲ့သမီးသီသီ။"
အခန်းထဲသို့​ပြေးဝင်​လာပြီး​ပွေ့ဖက်​၍သူမအမည်​​အား တတွတ်​တွတ်​​ခေါ်ယူ​နေ​သော ကြီး​တော်​နှင့်
အ​မေအသံကိုလည်းသီသီမကြား​တော့​ချေ။သူမအာရုံထဲ၌ အ​မှောင်​ထုသည်​ ဖုံးလွှမ်းသွား​​လေ​တော့ သတည်း။

ယင်​ဖိုမသန်းသူအပိုင်း(၅)အားဆက်​လက်​ဖတ်​ရှူ့ပါရန်​။

@eieikhing
MSC No.173

image

image

Credited from google images.

Sort:  

စောင့်နေပါ့မယ်ရှင့်

This post has received a 0.68 % upvote from @drotto thanks to: @eieikhing.

This post has received a 1.99% upvote from @lovejuice thanks to @eieikhing. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

You got a 2.67% upvote from @nado.bot courtesy of @eieikhing!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

You got a 0.87% upvote from @allaz courtesy of @eieikhing!

You got a 4.72% upvote from @whalebuilder courtesy of @eieikhing. Join @whalebuilder family at our Discord Channel. Don't let your precious stake(SP) go stale...Make it do more so you have to do less. Deligate it to @whalebuilder by clicking on one of the ready to delegate links: 50SP | 100SP | 250SP | 500SP | 1000SP | 5000SP | custom amount.

You got a 2.00% upvote from @adriatik courtesy of @eieikhing!

ဖတ်လို့ကောင်းပါပေ့ဗျာ

ဟုတ်​ကဲ့​ကျေးဇူးပါကိုမြင့်​လွင်​စိုး​ရေ။

ရေးတတ်​ပါ​ပေ့

ဟုတ်​ကဲ့​ကျေးဇူးပါကိုဇင်​မင်းထက်​။

စာအရေးသားအရမ်းကောင်းတယ်

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​ရှင်​။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 57475.27
ETH 2375.39
USDT 1.00
SBD 2.34