ှီဗီဇ

in #myanmar6 years ago

"ပင်​ကိုဗီဇ"ဤစကားလုံး​လေးအားမိမိ​တွေ့ကြုံရသည့်
အ​တွေ့အကြုံများနှင့်​ယှဉ်​တွဲ၍စဉ်းစားမိသည်​။မိမိစာသင်
ကြားရသည့်​တပည့်​​လေးများအား​လေ့လာသုံးသပ်​မိသည်​။တချို့သည်​ပင်​ကိုဗီဇ​ကောင်းကြသည်​။ငယ်​စဉ်​ကတည်းကပင်​သူတို့၏ဘဝအတွက်​သူတို့ကြိုးစားကြ
သည်​။
မူကြိုက​လေးအရွယ်​ကပင်​စာကိုစိတ်​ဝင်​စားသူ၊စိတ်​မဝင်​စားသူဟူ၍အလွယ်​တကူသိရှိနိုင်​​ပေသည်​။တချို့က​လေး
များသည်​စာ​ရေးစသင်​သည့်​အချိန်​မှစ၍အ​ထွေအထူး
အတင်းအကြပ်​​ပြော​နေစရာလို​လောက်​​အောင်​ပင်
စာကိုစိတ်​ဝင်​တစားသင်​ယူကြသည်​။တချို့က​လေးများမူ
ငယ်​စဉ်​ကတည်းကပင်​စာသင်​ရအလွန်​ခက်​ခဲကြသည်​။စာသင်​ပြီဆိုသည်​နှင့်​မျက်​ရည်​​ပေါက်​​ပေါက်​ကျကြသည်​။
စာတလုံး​ရေးဖို့အ​မြှောက်​နှင့်​ပစ်​ချရမ​လောက်​​​ပြော
ကြရသည်​။
အလယ်​တန်း၊အထက်​တန်းအရွယ်​တွင်​ပို၍ပင်​ဗီဇစရိုက်
သည်​သိသာထင်​ရှားလာကြသည်​။တချို့​သောက​လေး
များသည်​အရွယ်​နှင့်​မလိုက်​​အောင်​မိမိတာဝန်​မိမိသိကြ
သည်​။တချို့က​လေးများမှာမူမိဘ၊ဆရာသမားများမှ
တတွတ်​တွတ်​မည်​မျှပင်​​ပြောဆိုဆုံးမ​နေ​စေကာမူ
ကျွဲပါး​စောင်းတီးသာဖြစ်​၍ဂရုမစိုက်​ကြ​ပေ။
စာ​ရေးသူစာသင်​​ရသည့်​၉တန်း​ကျောင်းသူက​လေးမ​လေးသည်​ ထူးခြားသည့်​ဥာဏ်​ရည်​ဥာဏ်​​သွေးရှိသူဟု
ဆိုနိုင်​​ပေသည်​။သူမအားစာ​ရေးသူသည်​Englishဘာ
သာအားသင်​ကြား​ပေးရသည်​။တခြားသူများနှင့်​မတူပင်
သူမကစာ​ရေးသူအားတစ်​ခု​တောင်းဆို​လေသည်​။
ထို​တောင်းဆိုချက်​မှာသူမအားစာသင်​ချိန်​၌ English
ဘာသာဖြင့်​သာ​ပြောဆို၍စာသင်​​ပေးရန်​ဖြစ်​သည်​။
ထို့​ကြောင့်​လည်းစာ​ရေးသူမှာသူမအားစာသင်​ချိန်​၌Englishလိုသာ​ပြော၍စာသင်​​ပေးရ​တော့သည်​။
"လူအမျိုးမျိုးစိတ်​အ​ထွေ​ထွေပင်​ဖြစ်​သည်​။"တပည့်​များသည်​လည်းအမျိုးမျိုးပင်​ဖြစ်​​ပေ​တော့သည်​။တချို့​သော
က​လေးများသည်​ဆင်းရဲ​သောမိသားစုမှ​ပေါက်​ဖွားသူများ
ဖြစ်​လင့်​ကစားမိမိတို့၏ဘဝတိုးတက်​မှူအတွက်​ကြိုးစား
ရ​ကောင်းမှန်းပင်​မသိကြ​ပေ။
တစ်​​ယောက်​နှင့်​တစ်​​ယောက်​အ​တွေးအ​ခေါ်ဥာဏ်​ရည်​ဥာဏ်​​သွေးမတူကြသည်​မှာအတိတ်​မှကုသိုလ်​ကံအ
ကျိုး​ပေးသည်​လည်းဆိုင်​​ကောင်းဆိုင်​​ပေလိမ့်​မည်​။မိဘ၊
ဆရာသမား​ကောင်းသည့်​ပတ်​ဝန်​ကျင်​နှင့်​​တွေ့ကြုံ
ကြရ​သော်​လည်းအ​တွေးအ​ခေါ်မ​ကောင်းကြသူများ
လည်းရှိ​နေ​ပေသည်​။ရည်​မှန်းချက်​၊ခံယူချက်​​ကောင်းမွန်
ရန်​မည်​မျှပင်​သင်​ကြားဆုံးမ​စေကာမူမ​ပြောင်းလဲကြ​ပေ။
ထို့​ကြောင့်​ဖြစ်​တည်​လာသည့်​ပင်​ကိုဗီဇသည်​အတိုင်းအတာတစ်​ခုမျှသာ​ပြောင်းလဲ​ပေးနိုင်​သည်​ကို​တွေ့ကြုံ
ရသည်​။
၎င်းတို့၏အ​တွေးအ​ခေါ်ခံယူချက်များအား၎င်းတို့ကိုယ်​တိုင်​ပြုပြင်​​ပြောင်းလဲဖို့ပင်​အသိဥာဏ်​မရှိကြ​သည်​ကို
မြင်​​တွေ့​နေရသည်​။ထို့​ကြောင့်​"သတ္တဝါတစ်​ခုကံတစ်​ခု။သ​​​ဗ္ဗေသတ္တာကမ္မသကာ"ဟုပင်​ဥ​ပေက္ခာစိတ်​ထား၍
လျစ်​လျူ ကာ​နေလိုက်​ရသည်​လည်းရှိပါ​တော့သည်​။
ထို့​ကြောင့်​စာ​ရေးသူမိမိကိုယ်​တိုင်​လည်း"ဖြစ်​​လေရာ
ဘဝ၌​တွေး​ခေါ်စဉ်းစားတတ်​၍ဆိုဆုံးမလွယ်​သူသာဖြစ်
ရပါ​စေ"ဟုအကြိမ်​ကြမ်​ဆု​တောင်းရင်းဖြင့်ဤစာစုအား
နိဂုံးချုပ်​လိုက်​ရပါ​တော့သည်​။

ကိုယ်​စိတ်​နှလုံးရွှင်​လန်းချမ်း​မြေ့ကြပါ​စေဟုဆု​တောင်း
ရင်းဖြင့်​အိအိခိုင်​သီကုံး​ရေးသားပါသည်​။
MSC No.173.

2018-07-08_21.39.25.jpg

Credited image from https://pixabay.com/en/flower-background-watercolor-floral-3318965/

Sort:  

ဗီဇ ပြင်ရခက်ပေမယ့် ကောင်းအောင် ကြိုးစားကြည့်ရမှာပါပဲ

အမှန်​ပါပဲရှင်​။

မျိုးစေ့မှန်မှအပင်သန်မည်။

ဟုတ်

ဗီဇဆိုတာဖျောက်မရဘူးလို့ကြားဖူးပါတယ်

ဟုတ်​ကဲ့

ပင်ကိုဗီဇမဟုတ်တော့ဘူးသမီးရေ
အတော်များများက အကောင်းဖက်ကို မရွေးချယ်ကြတော့ဘူး
မကောင်းတဲ့ဘက်ကိုပဲသူတို့စိတ်ကရွေးချယ်နေကြတာ
ဆိုးးပါတယ်

ဟုတ်​တယ်​အန်​တီ​ရေ။

ကောင်းတဲ့ ပင်​ကိုဗီဇ​လေးရှိရင်​​တော့ good ​ပေါ့အမ

ဟုတ်

ဆိုဆုံးမလွယ်ခြင်းဟာမင်္ဂလာလို့ပြောထားတာအလကားမဟုတ်ဘူး။ ဆိုဆုံးမ မလွယ်ဘူးဆိုရင် ဗီဇလည်းမကောင်းတာများတယ်

ဟုတ်​ကဲ့

ဗီဇကဖျောက်ဖို့တော့ ခက်သားလားဗျ

ဟုတ်​တယ်​ရှင့်

မွေးဗီဇကိုတော့ ဖျောက်နိုင်တဲ့သူရှားတယ်

ဟုတ်​တယ်​​နော်​။

ကျန်တော်ကိုတော့ အင်္ဂလိပ်လိုပြောပြီးသင်ပေးပါဆိုတဲ့ ကလေးတွေ့ဖူးသေးဖူးဗျာ့။ မြန်မာလိုကြီးပဲပြောနေလို့ သင်တန်းထဲ အင်္ဂလိပ်လိုပြောပါဆိုပြီး ပြန်ထိန်းနေရတယ် 😂

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65999.51
ETH 3019.75
USDT 1.00
SBD 3.71