ဝါသနာသည်​သာဘဝ

in #myanmar8 years ago

"ဒါဘာစာ​တွေလဲ။ဒီအရွယ်​က​လေးနဲ့ဘယ်​လိုစိတ်​​တွေနဲ့
ဒီလိုစာ​တွေ​ရေး​နေရတာလဲ။"
အထက်​ပါစကားများသည်​ကားစာ​ရေးသူပထမဦးဆုံး
စတင်​​ရေးဖွဲ့ခဲ့သည့်​ကဗျာ​လေးများ၊ဝတ္ထုတိုက​လေးများ
အားဖတ်​မိသွား​သောအ​မေ၏​ကောင်းချီးသြဘာအ​ပေးခံ
ခဲ့ရ​သောစကားများပင်​ဖြစ်​သည်​။
စာ​ရေးသူသည်​ပထမဦးဆုံးစာ​ရေးချင်​စိတ်​ဖြစ်​​ပေါ်လာ၍
တိတ်​တဆိတ်​​ရေးဖွဲ့ခဲ့မိ​သောကဗျာက​လေးသည်​​ကား
"တိတ်​တဆိတ်​ပင်​ခိုး၍ကြည့်​မိ
ချစ်​သူ့အပြုံးနှလုံးဘဝင်​ထိ
ပီတိဖြစ်​မိ
ထိုအပြုံးအားအ​တွေးထဲ၌
တဝဲဝဲပင်​မြင်​​ယောင်​ကြည့်​မိ။"ဟူ၍ဖြစ်​​လေသည်​။
ထိုစာက​လေး​ရေးမိ၍စာ​ရေးသူတို့မိသားစု၌ကျွက်​ကျွက်​​ညံညံ​လောက်​​အောင်​ဆူသံပူသံများထွက်​​ပေါ်လာ​တော့
သည်​။
ဤကဗျာ​လေးအား​ရေးဖွဲ့မိသည့်​အရွယ်​မှာအလယ်​တန်းတက်​​နေဆဲကာလ၌သာဖြစ်​သည်​။အမှန်​စင်​စစ်​စာ​ရေး
သူသည်​၎င်းအရွယ်​၌က​လေးစိတ်​ဖြင့်​​ဘောလုံးကန်​ခြင်း၊
ထုပ်​ဆီးတိုးတန်းကစားခြင်းစသည့်​​ဆော့ကစားမပျက်
သည့်​အရွယ်​ပင်​ရှိ​နေ​သေးသည်​။သို့​သော်​လည်းစာ​ရေး
ချင်​စိတ်​ဖြစ်​​ပေါ်လာ၍အထက်​ပါကဗျာစာစုက​လေးအား
ချ​ရေးမိခြင်းသာဖြစ်​ခဲ့သည်​။
ထိုစာစုက​လေးသည်​စာ​ရေးခြင်းဝါသနာ၏အစဖြစ်​ပါလိမ့်​မည်​။ထို့​နောက်​ဝတ္ထုတိုမကျတကျ၊​ဆောင်းပါးမကျတကျ​မိမိ​ရေးချင်​သည့်​အ​ကြောင်းအရာများအား​ရေး၍အိမ်​မှ
မသိ​စေရန်​ဖွတ်​ထားခဲ့သည်​။
အထက်​တန်း​ကျောင်းသူဘဝ၌စာ​ရေးခြင်းဝါသနာသည်
ပို၍ပို၍ပင်​ရင့်​သန်​လာခဲ့သည်​။ညဘက်​၌ညဉ့်​နက်​သည်​အထိစာကြည့်​စားပွဲထိုင်​ရင်းစာကျက်​ပြီးသည့်​အချိန်​၌​ရေး
ချင်​သည့်​အ​တွေးရသည့်​အ​ကြောင်းအရာက​လေးများ
အားချ​ရေးဖြစ်​ခဲ့သည်​။
စာ​ရေးသူ၏အနုပညာဘက်​၌ဝါသနာထုံမှူနှစ်​မျိုးရှိခဲ့သည်​။ဤသည်​ကားစာဖတ်​ခြင်းစာ​ရေးခြင်းနှင့်​သီချင်းများအား
နှစ်​နှစ်​ခြိုက်​ခြိုက်​နား​ထောင်​ခြင်းနှင့်​သီချင်းဆိုခြင်းဖြစ်​သည်​။ငယ်​စဉ်​ကတည်းကပင်​စာ​ရေးသူသည်​copyဆို
သည့်​အရာအားမုန်းတီးတန်​သ​ရွေ့မုန်းတီးခဲ့သည်​ဟုဆို နိုင်​​ပေသည်​။စာ​ရေးသူနှစ်​နှစ်​ခြိုက်​ခြိုက်​နား​ထောင်​ဖြစ်​ခဲ့သည့်​သီချင်းများသည်​​ဆရာစိုင်းခမ်းလိတ်​၊ဆရာကို​နေဝင်းစသည်​တို့​ရေးသား​သောကိုယ်​ပိုင်​သံစဉ်​သီချင်းများကိုသာနှစ်​နှစ်​ခြို​က်​ခြိုက်​နား​ထောင်​၍အား​ပေးခဲ့မိ
သည်​။
ဘာသာပြန်​စာ​ပေကိုနှစ်​သက်​သင့်​သ​လောက်​နှစ်​သက်
ခဲ့​သော်​လည်းထို​ခေတ်​ထိုအခါက​ခေတ်​စားခဲ့​သော
သိုင်းဝတ္ထုများအား​ယောင်​၍ပင်​ကိုင်​မကြည့်​ခဲ့​ပေ။နှစ်​ခြိုက်
ခြင်းမရှိခဲ့​ပေ။ငယ်​ရွယ်​စဉ်​ကတည်းကစာ​ရေးသူနှစ်​ခြိုက်
စွာဖတ်​မိခဲ့​သောစာ​ရေးဆရာများမှာတက္ကသိုလ်​ဘုန်းနိုင်​၊ဂျူးး၊နွမ်​ဂျာသိုင်း၊​မောင်​စိန်​ဝင်း(ပုတီးကုန်း)စသည်​တို့
ဖြစ်​သည်​။
တက္ကသိုလ်​ဘုန်းနိုင်​၏"ချစ်​​သောဤကမ္ဘာ"စာအုပ်​အား
ကြိုက်​နှစ်​သက်​လွန်း၍ထပ်​ခါထပ်​ခါဖတ်​ခဲ့မိသည်​။ဆရာမဂျူး၏အမှတ်​တရအားနှစ်​ခြိုက်​လွန်း၍မိမိမုန့့်​ဖိုးဖြင့်​ဝယ်​ယူ၍ဖတ်​ခဲ့မိသည်​။စာ​ရေးသူ၏အ​ဖေသည်
စာ​ရေးသူလက်​ထဲ၌ဆရာမဂျူး၏အမှတ်​တရစာအုပ်​အား
မြင်​​တွေ့​သောအခါတွင်​ကားစာ​ရေးသူအားဆူပူ
ကြိမ်းပါ​တော့သည်​။
ထိုအမှတ်​တရဇာတ်​လမ်းသည်​မြန်​မာ့ယဉ်​​ကျေးမှူနှင့်​အသိုင်းအဝိုင်းကြားကိုက်​ညီမှူမရှိသည့်​​ချစ်​သူနှစ်​​ယောက်
တစ်​အိမ်​ထဲအတူတူ​နေသည့်​အ​ကြောင်းအား​ရေးထား
သည်​ဖြစ်​၍မဖတ်​သင့်​​ကြောင်းရှင်းပြပြီးစာအုပ်​အားစုတ်​ဖြဲပစ်​​တော့သည်​။
သို့​သော်​လည်းစာ​ရေးသူသည်​အ​ဖေမသိ​အောင်​ခိုး၍ဝတ္ထု
စာအုပ်​များကိုဝယ်​ယူ၍ဖတ်​ရူခဲ့သည်​။၁၀တန်း​အောင်​ပြီး
သည့်​အချိန်​တွင်​ကားလွတ်​လွတ်​လပ်​လပ်​ပင်​စာအုပ်​များအားဖတ်​ရူ့ခွင့်​ရရှိခဲ့သည်​။
ထို့​ကြောင့်​စာ​ရေးသူသည်​​တွေးမိ​သောအ​ကြောင်းများအားစာစုများအဖြစ်​ပုံ​ဖော်​မိခဲ့သည်​။စာ​ရေးသူ
၏ဝတ္ထုတို​လေးတစ်​ပုဒ်​အားစတင်​၍​ရွှေအမြု​တေမဂ္ဂဇင်း၏​ရွှေအသစ်​ကဏ္ဏသို့​ပေးပို့ခဲ့သည်​။သို့​သော်​​ရွေးချယ်​ခြင်းမရှိခဲ့​ပေ။

သို့​သော်​လည်းစာ​ရေးသူသည်​စိတ်​ဓာတ်​မကျခဲ့​ပေ။ဆက်​လက်​၍​ရေးသားခဲ့သည်​။မိမိကိုယ်​ပိုင်​blogက​လေးဖြင့်
စာ​ရေးသူ​ရေးချင်​​သောအ​ကြောင်းအရာများကို​ရေးတင်​ရသည့်​အခွင့်​အ​ရေးရရှိသည့်​အချိန်​တွင်​ကားအ​ပျော်​ဆုံးပင်​ဖြစ်​ခဲ့သည်​။
အွန်​လိုင်း​ငွေရှာနည်းများ​လေ့လာမိ၍steemit websiteအား​တွေ့မိ၍စာများ​ရေးတင်​​နေသည့်​ယခု
အချိန်​များသည်​ကားစာ​ရေးသူအတွက်​​ပြောမပြ
တတ်​​အောင်​ပင်​သ​ဘောကျနှစ်​ခြိုက်​မိသည့်​အချိန်​ပင်​ဖြစ်
သည်​။
မိဘနှစ်​ပါးမရှိ၍​မောင်​​လေးနှင့်​နှစ်​​ယောက်​တည်းသီးခြား
ရပ်​တည်​​နေရသည့်​ဘဝတွင်​စာ​ရေးသူအတွက်​စာ​ရေး
သားခြင်းသည်​သာအ​ဖော်​မွန်​ဖြစ်​ခဲ့သည်​။ထို့​ကြောင့်​ဝါသနာအရင်းခံဖြစ်​သည့်​စာ​ရေးသားခြင်းအားသက်​ဆုံး
တိုင်​အမြဲထာဝရစွမ်း​နိုင်​သမျှ​ရေးသား​နေမည်​ဖြစ်​ပါ​တော့
သည်​။
စာဖတ်​သူများအားလုံးဝါသနာဖြင့်​ထာဝစဉ်​​ပျော်​​မွေ့နိုင်
ကြပါ​စေဟုဆု​တောင်းရင်းဖြင့်​....အိအိခိုင်​​ရေးသား
သည်​။
မြန်​မာလူမျိုးများအားလုံးsteemitတွင်​​အောင်​မြင်
နိုင်​ကြပါ​စေ။

MSC No. 173.

2018-04-23_21.03.48.jpg
Credited image from https://pixabay.com/en/banner-heart-ribbon-pink-purple-3285558/

Sort:  

ဘ၀မှာ ပင်ပန်းမှုတွေကြုံလာရတိုင်း ကိုယ်ဝါသနာပါရာလေးမှာ စိတ်နှစ်ပြီးအပန်းဖြေကြရတာပါပဲ မအိရေ

ဟုတ်​ပါတယ်​မဇင်​​ရေ။

ကို ဝါသနာပါရာကို လုပ်နေရရင်ပျော်စရာပါဗျာ

ကျ​နော်​ဝါသနာပါရာ လုပ်​​နေလို့က​တော့ ထမင်း​မေ့ ဟင်း​မေ့ပဲဗျာ

ဟုတ်​ကဲ့အတူတူပါပဲရှင်​။

ကိုယ်ဝါသနာပါတာလေးလုပ်နေရတော့ပျော်နေရတာပေါ့👍

ဟုတ်​ပါတယ်​ရှင်

မမရဲ့ဝါသနာတွေ အထမြောက်ပြီးတော့အောင်မြင်ပါစေ။

ဟုတ်​ကဲ့​ကျေးဇူးပါ

မအိက စာရေးတာကို တော်တော်ဝါသနာကြီးတာပဲ။အားပေးတယ် များများရေး လိုက်voteပေးမယ်။

ဟုတ်​ကဲ့​ကျေးဇူးပါရှင့်

ဝါသနာပါရာလုပ်ရတာ စိတ်ကျေနပ်စရာပါ😄😄

ဟုတ်​ပါတယ်​ရှင်​။

ဝါသနာနဲ့ကိုက်​​နေ​တော့ လုပ်​ရတာလဲ​ပျော်​မှာ​ပေါ့

ဟုတ်​ကဲ့ကိုဇင်​မင်းထက်​​ရေ။

စာ​ရေးတာ ဝါသနာ​တော်​​တော်​ကြီးတာဘဲ​နော်​ အမ

ဟုတ်​တယ်​​မောင်​​လေး​ရေ။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.088
BTC 59995.77
ETH 1609.13
USDT 1.00
SBD 0.38