ချစ်ကြိုးလေး
ဆွဲငင်ရစ်ဖွဲ့နှောင်ကြိုးလေးတစ်မျှင်
ချစ်ကြိုးငင်
သို့သော်လည်းပဲ
ရင်၌သိုဝှက်
လှစ်ဟမပြ
တိတ်တဆိတ်
မြတ်နိုး။
ဥယျာဉ်မှူးးပမာ
အရိပ်တကြည့်ကြည့်
ခူးဆွတ်ဖို့
မဝံ့မရဲ
ချစ်သည်းသူ့ကို
ရင်တနင့်နင့်
သက်ဆုံးထိ
မထိရက်ပဲ
ဘဝဆုံးထိ
အချစ်မလျော့
တိတ်တခိုးဖြင့်
ထာဝရပါချစ်သူ။
ချစ်သူအတွက်
အရာရာတိုင်း
ဖြည့်ဆည်းပါ့မယ်
တိတ်တခိုးဖြင့်
သူမသိအောင်
နှလုံးသားက
ဒဏ်ချက်များဖြင့်
ပြည့်နှက်နေလည်း
အပြုံးမျက်နှာ
ရင်ထဲငိုကြွေးကျေကျေနပ်နပ်
ခံစားရသမျှ
မြိုသိပ်ပါ့မယ်ချစ်သူ။
@eieikhing
MSC No. 173
ခံစားချက်တွေကို ကြာတော့ မရင်ဆိုင်ချင်တော့ဘူး
ဟုတ်ကဲ့
ပန်းပုံလေး လှတယ်
ဟုတ်ကဲ့
တိတ်တခိုးဖြင့် ဖတ်သွားသည်
ဟုတ်ကဲ့
ပန်းပုံ လေးလှတယ်အမ
ဟုတ်ကဲ့။
မမြင်ရသောကြိုးလေး
ဟုတ်ကဲ့