သူတထူး​ကျေးဇူး

in #myanmar6 years ago

"မင်းမှာကတိလူမှာသစ္စာ"ဟူ​သောစကားပုံအားလူတိုင်း
ကြားဖူး​ပေလိမ့်​မည်​။သစ္စာဟူ​သောစကားလုံးသည်​လူတိုင်းအတွက်​အ​ရေးကြီးလှသည်​။လူတိုင်းလူတိုင်းတွင်​​ဘဝ၌​ကျေးဇူးတင်​ထိုက်​သူ၊​ကျေးဇူးပြုဖူးသူအ​များ
အပြားရှိ​နေ​ပေလိမ့်​မည်​။မိမိက​ကျေးဇူးပြုသူများကို​မေ့
ထားနိုင်​​သော်​လည်း​မိမိအား​ကျေးဇူးပြုဖူးသူများကိုမူ
ဘယ်​​သောအခါမှ​မ​မေ့သင့်​မ​မေ့အပ်​​ပေ။
"တလုတ်​စားဖူးသူတထူး​ကျေးဇူးသိတတ်​ခြင်း"သည်​မင်္ဂလာတပါးပင်​ဖြစ်​သည်​။သူတပါးဆီမှ​မည်​မျှပင်​​သေး
ငယ်​​သောအကူအညီကိုယူမိ​စေကာမူထိုသူသည်​မိမိ
၏​ကျေးဇူးရှင်​ပင်​ဖြစ်​​လေသည်​။ထို့​ကြောင့်​သူတစ်​ထူး
၏​ကျေးဇူးကိုအထူးသိတတ်​သင့်​​ပေသည်​။
ထိုသို့​ကျေးဇူးအထူးသိတတ်​ရာ၌သစ္စာ​စောင့်​သိမှူသည်
အလွန်​ပင်​အ​ရေးကြီးလှ​ပေသည်​။မိမိနှင့်​မိမိမိသားစု၊မိမိဆရာ၊မိမိမိဘ၊မိမိရပ်​ကွက်​၊မိမိလူမျိုး၊မိမိဘာသာနှင့်​မိမိနိုင်​ငံ​တော်​အ​ပေါ်တွင်​သစ္စာ​စောင့်​သိ၍​ကျေးဇူးအထူး
ဆပ်​သင့်​လှ​ပေသည်​။
မိမိအဖွဲ့အစည်းတစ်​ခု၏မိမိအ​ပေါ်ထားရှိသည့်​​ကျေးဇူး
တရားသည်​မိမိသာလျှင်​အသိဆုံးပင်​ဖြစ်​သည်​။မိမိသည်
၎င်းအဖွဲ့အစည်း၏အကူအညီကိုယူထားလျှင်​၎င်းအဖွဲ့
အစည်း၏​ကျေးဇူးကိုသိတတ်​၍သစ္စာ​စောင့်​သိသင့်​သည်​။၎င်းအဖွဲ့အစည်းအား​ကျေးဇူးပြုခြင်းအလျဉ်းမရှိအကူ
အညီယူပြီးထွက်​သွားသူများသည်​​လောက၌​ကျေးဇူးတ
ရားမသိသူများသာဖြစ်​သည်​။
မည်​သည့်​နယ်​ပယ်​၊မည်​သည့်​လုပ်​ငန်း၊မည်​သည့်ပညာ
ရပ်​၌မဆို​ကျေးဇူးသစ္စာ​စောင့်​ထိန်းခြင်းမရှိသူသည်
အထွိဋ်​အထိပ်​​အောင်​မြင်​မှူသို့မ​ရောက်​နိုင်​ဟုစာ​ရေးသူ
ထင်​သည်​။လူမှူအသိုင်းအဝိုင်း၌လည်း​ကျေးဇူးသစ္စာမရှိ
သူများအားလူမှုအသိုင်းအဝိုင်းကမည်​သို့မှယုံကြည်​စိတ်​ရှိမည်​မဟုတ်​​ချေ။
"မင်းမှာကတိ"ဆို​သော်​လည်းလူတို့တွင်​လည်းကတိ
တစ်​ခုသည်​အလွန်​အ​ရေးကြီးလှ​ပေသည်​။မည်​သည့်
လုပ်​ငန်းတွင်​မဆိုကတိမတည်​သည့်​သူအားယုံကြည်
စိတ်​ချစွာဆက်​ဆံလိမ့်​မည်​မဟုတ်​​ချေ။ထို့​ကြောင့်​​ပေး
ပြီးသားကတိတစ်​ခုအားတည်​ကြည်​စွာလုပ်​​ဆောင်
တတ်​မှူသည်​လည်းအ​ရေးကြီးလှ​ပေသည်​။ထို့​ကြောင့်
လူတိုင်းလူတိုင်းသည်​မိမိတို့​ပေးပြီးသားကတိတစ်​လုံး
ကိုအသက်​တမျှတန်​ဖိုးထားသင့်လှ​ပေသည်​။
စာ​ရေးသူအပါအဝင်​MSCမှမန်​ဘာများအားလုံးသည်
လည်းMSC၏စည်းကမ်းများအား​စောင့်​ထိန်းလိုက်​နာ
ကြပါမည်​ဟုဝန်​ခံကတိပြု၍အဖွဲ့ဝင်​ဖြစ်​လာသူများဖြစ်
ကြ​ပေသည်​။ထို့​ကြောင့်​မိမိတို့၏ကတိအားမိမိထိန်းသိမ်း၍စည်းကမ်းလိုက်​နာသင့်​သည်​ဟုစာ​ရေးသူထင်​မြင်​မိသည်​။
ထို့ပြင်​မိမိတို့သည်​MSC၏promotionအစီအစဉ်​များအားရယူ​နေသည့်​သူများဖြစ်​သည်​နှင့်​အညီအဖွဲ့၏
leaderနှင့်​တကွအဖွဲ့တစ်​ခုလုံး၏​ကျေးဇူးတရားသည်
မိမိတို့အ​ပေါ်တွင်​တင်​ရှိ​နေ​ပေသည်​။ကျေးဇူးတရားသည်
မ​မေ့သင့်​​သောအရာတခုဖြစ်​သည်​။
ထို့​ကြောင့်​မိမိတို့သည်​အဖွဲ့၏​ကျေးဇူးတရားအားသိ
တတ်​​စွာဖြင့်​အဖွဲ့၏အကျိုးအတွက်​တတ်​နိုင်​သမျှပါဝင်
၍​ကျေးဇူးဆပ်​သင့်​သည်​ဟုထင်​မြင်​မိပါသည်​။ထို့ပြင်​သင်​ဆရာ၊မြင်​ဆရာ၊ကြားဆရာဟူသည်​​ကျေးဇူးအထူးကြီး
မားလှ​ပေသည်​။ထို့​ကြောင့်​steemitလမ်း၌​လျောက်​လှမ်းရာ၌ခလုတ်​မထိဆူးမငြိ​​အောင်​လမ်းညွှန်​ပြသသူ
များလည်းMSCအဖွဲ့တွင်​ရှိ​ကောင်းရှိကြ​ပေလိမ့်​မည်​။
ထို့​ကြောင့်​မိမိတို့အားလမ်းညွှန်​ပြသသူများနှင့်​မိမိအဖွဲ့
MSC၏​ကျေးဇူးတရားအား​ကျေးဇူးမဆပ်​နိုင်​လျှင်​​နေ
ပါ​စေ။ကျေးစွပ်​သူများမဖြစ်​​အောင်​​တော့ကြိုးစား​နေထိုင်
သင့်​​ကြောင်းတိုက်​တွန်းရင်းဤ​ဆောင်းပါးအားနိဂုံးချုပ်
လိုက်​ရပါ​တော့သည်​။
မြန်​မာလူမျိုးများအားလုံးsteemitတွင်​​အောင်​မြင်​နိုင်​ကြပါ​စေ။
အိအိခိုင်​​ရေးသားသည်​။
MSC No.173

image
Credited image from https://pixabay.com/en/heart-background-romance-love-3293531/

.

Sort:  

မျှ​ဝေ​ပေးတာ ​ကျေးဇူးပါ

ဟုတ်​ကဲ့

ကျေးဇူးတရားကို သိတတ်ခြင်းဟာ မင်္ဂလာတစ်ပါးပါ...ခု မြန်မာတွေမှာအဲ့အလေ့အထလေးလျော့နည်းလာနေတယ်ဗျာ

အမှန်​ပါပဲရှင်

ကျေးဇူးမရှိရင်လည်းကျေးစွပ်လို့မရပြန်ဘူးလေ။ လက်ဦးဆရာမကောင်းရင်တော့ကျေးဇူးသိတတ်မယ်မထင်ပါ။

ဟီးဟုတ်​ကဲ့။သမီးအတွကိ​တော့Steemitမှာဆရာကလက်​ဦးဆရာပါရှင်​။

ကျေးဇူးသိတတ်နေသူတစ်ယောက်အတွက် ကောင်းကျိုးချမ်းသာများက စောင့်ကြိုလျက်ပါ။

ဟုတ်​ကဲ့​ကျေးဇူးပါရှင်​။

ကျေးဇူးရှိသူကို သိတတ်ခြင်းဟာ မင်္ဂလာတစ်ပါးပါဘဲ

ဟုတ်​ကဲ့ရှင့်​​ကျေးဇူးပါ။

အမှန်ပဲ မအိရေ။ကျေးဇူးမဆပ်နိုင်ရင်နေ မကန်းမိဖို့ အရေးကြီးတယ်ဗျာ။

ဟုတ်​တယ်​ကိုမြင့်​​ရေ

ကျေးဇူးတရားကငယ်ငယ်ထဲကမိဘကလေ့ကျင့်ပေးရင်ပိုကောင်းတယ်၊မလေ့ကျင့်ပေးရင်မိဘကျေးဇူးသိဖို့တောင်မလွယ်ဘူး

ဟုတ်​တယ်​​နော်​။က​လေးဘဝထဲက​ပြောပြ​ပေးကြရမှာ။

ကျေးဇူးတရားဆိုတာမမေ့သင့်တဲ့အရာပါပဲ👍

ဟုတ်​ပါတယ်​ရှင်​။

ရည်ညွန်းချက်ကောင်းပါတယ်ဗျာ

ဟုတ်​ကဲ့ရှင့်

ကျေးဇူးတရားသိတတ်​တာ မင်္ဂလာတစ်​ပါး​ပေါ့ခင်​​ဗျာ

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​ရှင်

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62804.67
ETH 2444.00
USDT 1.00
SBD 2.71