သိုဝှက်​နှလုံးသား

in #myanmar6 years ago (edited)

ခံစားမှူကင်း
ရက်​စက်​သွင်​ပြင်
အတ္တမာနအကာကို
လွှမ်း ခြုံဖုံးကာ
ဤလိုမိန်းမ၌
နှလုံးသား​ဖြောင့်​ချက်
တစုံတရာကို
ကွယ်​ဝှက်​လို့ပင်
ထွန်းပ​လောင်​ကျွမ်း
ဤအချစ်​မီး
တ​ငွေ​ငွေ့နှင့်
သို့​ပေမယ့်​လည်း
သူမသိ​အောင်
တိတ်​တဆိတ်​​ပေါ့။
ရင်​မှာမျိုသိပ်
အချစ်​စိတ်​အား
ဘဝဆုံးတိုင်
အရိပ်​တကြည်​ကြည့်
အ​ဝေးကပင်
မှန်း​မျှော်​ ကြည့်​၍
မြတ်​နိုးမှုဖြင့်
နှလုံးသားကို
အပြီးတိုင်​စ​တေး
မြှပ်​နှံဂူသွင်း
အဆုံးသတ်​ပါ့မယ်​။
သခင့်​အလိုအတိုင်း
ဤနှလုံးသား​ဖြောင့်​ချက်​အား
သံသရာအဆက်​ဆက်
သိုဝှက်​ထား၍
အဆုံးစွန်​ထိ
လျှို့ ဝှက်​စွာဖြင့်​........။

    နှလုံးသား​ဖြောင့်​ချက်​အား သိုဝှက်​ထားကြသူများအတွက်​........အ​တွေးတစ်​စဖြင့်

ခံစား​ရေးဖွဲ့မိပါသည်​။
@eieikhing
MSC No.173

image
Credited from google image

Sort:  

ခံစား​နေရတာလား

ဟုတ်​ပါဘူး။ကဗျာ​ရေး​တော့ဒီလိုပဲ​တွေး​ရေးရတာပါ။

This post has received a 0.71 % upvote from @boomerang thanks to: @eieikhing

မိုက်​တယ်​sis

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​;bro.

အရမ်း​ကောင်းတယ်

ဟုတ်​​ကျေးဇူးပါရှင်

ကောင်းတယ် အစ်မ

ဟုတ်​​ကျေးဇူး​မောင်​​လေး

wooooooow မိုက်တယ်ရော.

ဟုတ်​​ကျေးဇူးပါ

This post has received a 3.13 % upvote from @drotto thanks to: @eieikhing.

အရိပ်လေးတော့ ပြပေါ့ကွယ် ကိုယ်တွေ ဆက်ကြိုးစားဖြစ်အောင်လို့စ် ...

ပြလို့ရဘူး။ဟီး။ အား​ပေးလို့​ကျေးဇူးပါအစ်​ကို။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64383.21
ETH 3098.60
USDT 1.00
SBD 3.89