တာဝန်​ယူမှူနှင့်​တာဝန်​ခံမှူ

in #myanmar7 years ago

တာဝန်​ယူမှူနှင့်​တာဝန်​ခံမှူဤနှစ်​ရပ်​သည်​ကိစ္စများ​မြောင်​လူတို့​ဘောင်​ဝယ်​အလွန်​ပင်​အ​ရေးကြီးလှသည်​။လူတိုင်းလူတိုင်းသည်​တစ်​ဦးတစ်​​ယောက်​တည်းသီးသန့်
သီးခြား​နေထိုင်​၍မရ​သောအမျိုးဖြစ်​သည်​။ထို့​ကြောင့်​ လူတိုင်းသည်​အုပ်​စုဖွဲ့၍​နေထိုင်​အသက်​ရှင်​​နေရ
သည်​ဟုပင်​ဆိုနိုင်​သည်​။လူသည်​အမိဝမ်းမှစတင်​၍​မွေး
ဖွားလာသည်​နှင့်​တပြိုင်​နက်​အသိုင်းအဝိုင်းနှင့်​စတင်
ထိ​တွေ့ရ​လေသည်​။
မိဘ၊ညီအစ်​ကို​မောင်​နှမများ၊ဘိုးဘွားများစသည့်​အသိုင်း
အဝိုင်းအဖွဲ့အစည်းများနှင့်​စတင်​ထိ​တွေ့ဆက်​ဆံရ​ပါသည်​။ထို့​ကြောင့်​အဖွဲ့အစည်းများကြားရှင်​သန်​​နေထိုင်
ရသည်​ဟု​ဆိုရ​ပေမည်​။
ထို့​ကြောင့်​အိမ်​တစ်​အိမ်​၊မိသားစုတစ်​စုမှစ၍လမ်းတစ်​လမ်း၊ရပ်​ကွက်​တစ်​ခုမှသည်​အဖွဲ့အစည်းများအားလုံး နိုင်​ငံ​တော်​အဆင့်​အထိ တာဝန်​ဝတ္တရားအသီးသီးရှိကြပါ
သည်​။
အမိဝမ်းမှကျွတ်​ကာစတွင်​ အစစအရာရာ မိခင်​ဖခင်​နှင့်
ညီအစ်​ကို​မောင်​နှမများကလုပ်​ကိုင်​​ပေးကြပါ​သော်​လည်း
စကား​ပြောတတ်​သိတတ်​သည့်​အရွယ်​၃နှစ်​​လောက်​မှစ
တင်​၍မိမိတကိုယ်​​ရေတာဝန်​များအားနိုင်​သ​လောက်​စတင်​ယူကြ​နေရ​ပေသည်​။
မူကြိုစတင်​တက်​သည့်​အရွယ်​တွင်​​ကျောင်း၌ မိမိ၏​နေ့စဉ်​ ပြုလုပ်​ဖွယ်​များဖြစ်​သည့်​ အစားအ​သောက်​ကိစ္စ၊ဝတ်​ဆင်​​မူကိစ္စမှသည်​အ​ပေါ့အ​လေးစွန့်​သည့်​ကိစ္စအဆုံးစတင်​၍
တာဝန်​ယူ​နေရ​ပေသည်​။
ထို့ပြင်​မူကြိုစတင်​တက်​သည့်​အချိန်​မှစတင်​၍​ကျောင်းသားတစ်​​ယောက်​၏တာဝန်​ဝတ္တရားများ စတင်​၍လုပ်​ ကိုင်​​ဆောင်​ရွက်​​နေရ​ပေသည်​။ထို့​ကြောင့်​လည်းမိမိတာ
ဝန်​ကိုမိမိ​ကျေပွန်​စွာ​ဆောင်​ရွက်​တတ်​​စေရန်​၎င်းအရွယ်​မှ ပင်​စတင်​၍ပြုစုပျိုး​ထောင်​​ပေးသင့်​လှ​ပေသည်​။
မိသားစုတစ်​စုတွင်​​အိမ်​​ထောင်​ဦးစီးသည်​လည်းမိမိတာ
ဝန်​ဖြစ်​​သောအိမ်​​ထောင်​ဦးစီးတာဝန်​ကို​ကျေပွန်​စွာတာ
ဝန်​ယူမှူရှိရ​ပေမည်​။ထို့ပြင်​အိမ်​​ထောင်​ဦးစီးသည်​အဂတိ တရားကင်းရှင်းစွာဖြင့်​မိမိ၏မိသားစုအားတာဝန်​​ယူမှူရှိ
ရပါမည်​။ထို့အတူမိသားစုတွင်​ဖြစ်​​ပေါ်လာ​သောကိစ္စရပ်​များအ​ပေါ်တွင်​လည်းတာဝန်​ယူ​ဖြေရှင်းမှူရှိရပါမည်​။
ထို့အတူပင်​မိသားစုဝင်​များသည်​လည်းအသီးသီးတာဝန်​ကိုယ်​စီ​ကျေပွန်​ရ​ပေမည်​။အိမ်​​ထောင်​ဦးစီးသည်​မိသားစု
ဝင်​များအားမျက်​​ချေမပြတ်​​စောင့်​ကြည့်​၍လိုအပ်​သည်​များ
ကိုတာဝန်​​ကျေပွန်​စွာ​ဆောင်​ရွက်​ရ​ပေမည်​။
လူ့​ဘောင်​​လောကတွင်​လူသားတိုင်းသည်​​အ​ခြေအ​နေ​တစ်​ခု​နေရာအ​နေအထားတစ်​ခု၌ရပ်​တည်​​နေကြသူများ
ပင်​ဖြစ်​ကြသည်​။အငယ်​ဆုံးမူကြို​ကျောင်းသားက​လေး
တစ်​​ယောက်​ပင်​လျှင်အ​ခြေအ​နေတစ်​ခု၌တာဝန်​ဝတ္တရား
တစ်​ခုကိုထမ်း​ဆောင်​​နေသူပင်​ဖြစ်​သည်​။
စီးပွား​ရေးလုပ်​ငန်းတစ်​ခု၊နိုင်​ငံ​ရေး၊ပရဟိတစသည်​ဖြင့်​ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ဖွဲ့စည်းထား​သောအဖွဲ့အစည်းအမျိုးမျိုးတွင်​​ခေါင်း​ဆောင်​​နေရာတာဝန်​ယူထားကြသူ များ၏တာဝန်​ယူမှူ၊တာဝန်​ခံမှူသည်​ကား​အလွန်​ပင်​အ​ရေး ကြီးလှပါသည်​။အထူးသဖြင့်​အဖွဲ့အစည်းအမျိုးမျိုး၌စည်း ကမ်းချက်​အမျိုးမျိုးလည်းရှိကြ​ပေမည်​။ထိုထုတ်​ပြန်​ထား
ရှိ​သောစည်းကမ်းချက်​များအားတ​သွေမတိမ်းလိုက်​နာ​ကြရမည်​မှာအဖွဲ့​ခေါင်း​ဆောင်​နှင့်​တကွအဖွဲ့သားအား လုံး၏တာဝန်​ပင်​ဖြစ်​သည်​။
စည်းကမ်းချက်များကိုထုတ်​ပြန်​ထား​သော​ခေါင်း​ဆောင်​တစ်​​ယောက်​သည်​မိမိကိုယ်​တိုင်​ထိုစည်းကမ်းများအား
တ​သွေမတိမ်းလိုက်​နာ​ဆောင်​ရွက်​မှူသည်​လွန်​စွာအ​ရေး ကြီးလှ​ပေသည်​။ထိုသို့မဟုတ်​မိမိကိုယ်​တိုင်​လိုက်​နာ​ကျင့်​သုံးနိုင်​ခြင်းမရှိ​သောစည်းကမ်းများအားထုတ်​ပြန်​မိ​လျှင်​ အဖွဲ့သားများ၏ထို​ခေါင်း​ဆောင်​အ​ပေါ်​လေးစားမှူ၊ရို​သေ
မှူများသည်​​ပျောက်​ကွယ်​သွားကြ​ပေလိမ့်​မည်​။
၎င်း​ခေါင်း​ဆောင်​၏​ရှေ့တွင်​လိုက်​နာကျင့်​သုံး၍​နေကြ​ပေ
လိမ့်​မည်​။သို့​သော်​ထို​ခေါင်း​ဆောင်​၏ကွယ်​ရာ၌စည်းကမ်းများအား​ဖောက်​ဖျက်​ကျူးလွန်​ကြ​ပေလိမ့်​မည်​။စည်းကမ်းများအားမ​ဖောက်​ဖျက်ကျူးလွန်​မှူမရှိ​သော်​လည်းတချို့​သောအဖွဲ့ဝင်​များသည်​ထို​ခေါင်း​ဆောင်​အား စိတ်​ထဲ၌ကြိတ်​၍ပျက်​ရယ်​ပြု​နေကြ​ပေလိမ့်မည်​။
မိမိအကျိုးစီးပွားတစုံတရာထိခိုက်​မည်​ကိုစိုးရွံ့၍​သော်​လည်း​ကောင်း၊မိမိအဖွဲ့အစည်းမှနုတ်​ထွက်​ရမည်​ကို
စိုးရွံ့၍ပြန်​မ​ပြောကြ​သော်​လည်း စိတ်​ထဲ၌မူ မိမိတို့၏ အဖွဲ့​ခေါင်း​ဆောင်​အားကြည်​ညို​လေးစားမှူပျက်​ပြယ်​၍ ဆန့်​ကျင်​​နေကြ​ပေလိမ့်​မည်​။ထို့​ကြောင့်​အဖွဲ့အစည်းတစ်​ခု၏​ခေါင်း​ဆောင်​သည်​မိမိချမှတ်​ထား​သောစည်​ကမ်းများ အားမိမိကိုယ်​တိုင်​လိုက်​နာကျင့်​သုံးသည့်​တာဝန်​ယူမှူ
သည်​​မလွဲမ​သွေရှိရ​ပေမည်​။
ထို့အတူနိုင်​ငံတစ်​နိုင်​ငံတွင်​လည်းထိုနိုင်​ငံ၏ဥပ​ဒေများ
အားနိုင်​ငံ့​ခေါင်း​ဆောင်​နှင့်​တကွတိုင်းသူပြည်​သားတိုင်း
မလွဲမ​သွေလိုက်​နာကျင့်​သုံးမှူရှိရ​ပေမည်​။နိုင်​ငံ၏ဥပ​ဒေ
ကိုနိုင်​ငံ့​ခေါင်း​ဆောင်​ကိုယ်​တိုင်​လိုက်​နာကျင့်​သုံးမှူမရှိ
လျှင်​ထိုနိုင်​ငံ၏တရားဥပ​ဒေစိုးမိုး​ရေးသည်​​လျော့တိ​လျော့
ယဲသာဖြစ်​​နေ​ပေမည်​။
ထို့ပြင်​အဖွဲ့အစည်းတခုခု၌​ခေါင်း​ဆောင်​​နေရာတစ်​ခု အားရရှိထားသူများသည်​မိမိတို့၏အခွင့်​အာဏာအား
အလွဲသုံးစားမပြုသင့်​​ပေ။မိမိတို့ရရှိထား​သော​နေရာတစ်​ခုသည်​မိမိ၏တာဝန်​ယူမှူအတွက်​​နေရာတစ်​​နေရာသာ ဖြစ်​သည်​ကိုသတိပြုသင့်​လှ​ပေသည်​။
အဖွဲ့အစည်းတခု၏​ခေါင်း​ဆောင်​သည်​မိမိရရှိထား​သော
ရာထူး​နေရာတစ်​ခုသည်​အဖွဲ့အစည်း၏ကြီး​လေး​သော
တာဝန်​ဝတ္တရားများအားထမ်း​ဆောင်​ရန်​တာဝန်​​ပေးခံရ
ခြင်းသာလျှင်​ဖြစ်​​ပေသည်​။မိမိလက်​​အောက်​ငယ်​သား
အဖွဲ့သားများအားမိမိရရှိထား​သောအခွင့်​ထူးအား အသုံး
ချကာအာဏာပြမှူ၊နှိပ်​ကွက်​မှူနှင့်​မိမိကိုယ်​တိုင်​လိုက်​နာ ကျင့်​သုံးခြင်းမရှိ​သောစည်းကမ်းများအတွက်​အ​ရေးယူ
ခြင်းများသည်​​ခေါင်း​ဆောင်​၏ဂုဏ်​သိက္ခာအားလွန်​စွာ တန်​ဖိုးကင်းမဲ့​စေ​ပေလိမ့်​မည်​။
မိမိအား​ခေါင်း​ဆောင်​မှူ​နေရာ​ပေးထားသည်​မှာအဖွဲ့ဝင်​များ၏ကိစ္စရပ်​များအားတာဝန်​ခံလုပ်​​ဆောင်​​ပေးရန်​တာ
ဝန်​​ပေးထားခြင်းသာဖြစ်​သည်​ကိုသတိပြုသင့်​သည်​။
ထို့​ကြောင့်​မိမိရရှိထား​သော​နေရာအတွက်​ရစ်​မူးသာယာ
မ​နေသင့်​​ပေ။
နိုင်​ငံတစ်​နိုင်​ငံတွင်​လည်းနိုင်​ငံ့​ခေါင်း​ဆောင်​အဖြစ်​တာဝန်​​ပေးအပ်​ခံရခြင်းသည်​နိုင်​ငံသားတို့တာဝန်​အား
တာဝန်​ခံ၍အစစအရာရာလုပ်​​ဆောင်​​ပေးရန်​ခံ့အပ်​ခြင်းသာဖြစ်​သည်​။ထို့အတူပင်​အဖွဲ့အစည်းတခုခုတွင်​လည်း​ခေါင်း​ဆောင်​အဖြစ်​ခန့်​အပ်​ခြင်းခံရသူသည်​အဖွဲ့သားတို့
၏လုပ်​ငန်းတာဝန်​များအားတာဝန်​ယူရန်​အတွက်​သာဖြစ်​​သည်​။
ထို့​ကြောင့်​အကြီးအကဲတာဝန်​ယူထားသည့်​​ဦး​ဆောင်​သူ
များသည်​မိမိတို့၏တာဝန်​များအား​ကျေပွန်​စွာဖြင့်​ထမ်းရွက်​ရင်းမိမိ၏လက်​​အောက်​ငယ်​သားအဖွဲ့ဝင်​များအား
နာယကဂုဏ်​အပြည့်​ဖြင့်​အဂတိတရားကင်းရှင်းစွာဖြင့်
တာဝန်​ယူမှူတာဝန်​ခံမှူရှိကြပါ​စေဟုဆန္ဒပြုရင်းနိဂုံးချုပ်​လိုက်​ပါ​တော့သည်​။
အိအိခိုင်​ခံစား​ရေးဖွဲ့သည်​။
MSC No.173.

image
Credited from google images.

Sort:  

ခေါင်းဆောင်ကောင်းဖြစ်လာရင်နောက်လိုက်ကောင်းတွေလည်းသူ့အလိုလိုရောက်ရှိလာကြမှာမလွဲမသွေပါပဲရှင်

ဟုတ်​တယ်​မဇင်​​ရေ

အမှန်ပါပဲဗျာ.....တာဝန်ယူမှုဆိုတာရှိရပါမယ်။ကလေးငယ်တွေကိုလည်းတာဝန်ယူတတ်အောင်ဆုံးမသွန်သင်ရပါမယ်..

ဟုတ်​ကဲ့

မှန်ပါပေ့ဗျာ။ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ လိုက်နာကျင့်သုံးရမည့် အချက်များပါပဲ။

ဟုတ်​ကဲ့

မအိနဲ့တော့တိုက်ဆိုင်ကုန်ပြီ တာဝန်ယူမှုနဲ့ပတ်သက်တဲ့တင်ပြပုံတော့မတူတဲ့ ဆောင်းပါးကိုပဲ Pro တင်ထားတယ်

ဟုတ်​ကဲ့

ဟုတ်​အမ ​ကောင်း​ဆောင်​​ကောင်း​တွေရဲ့ တာဝန်​​တွေလည်း များသား​နော်

ဟုတ်​အား​ပေးတာ​ကျေးဇူး​မောင်​​လေး​ရေ

မှန်ပါတယ်ဗျာ ကျွန်တော်တို့တွေလည်း တနေ့ ခေါင်း
ဆောင်တွေ ဖြစ်လာရမှာပဲလေ

ဟုတ်​ကဲ့အား​ပေးတာ​ကျေးဇူးပါရှင်

တာဝန်​ယူမှုက အ​ရေးကြီးတယ်​ တာဝန်​လည်း​ကျေဖြိ့လိုတာ်

ဟုတ်​ကဲ့အား​ပေးလို့​ကျေးဇူးပါညီမ

နာယကဂုဏ်​နဲ့ပြည်​စုံရင်​အ​ကောင်းဆုံး​ပေါ့ဗျာ

ဟုတ်​ကဲ့

ခေါင်းဆောင်ကောင်းဖြစ်ဖို့အတွက် တာဝန်ယူမှု,တာဝန်ခံမှုတွေကို လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။

ဟုတ်​ကဲ့​အား​ပေးတဲ့အတွက်​​ကျေးဇူးပါ

ခေါင်းဆောင်လုပ်ပြီးဆိုကတည်းကတာဝန်ယူနိုင်စွမ်းလည်းရှိရမယ်၊တာဝန်ခံနိုင်စွမ်းလည်းရှိရမယ် မှန်ပါတယ်ညီမလေး

ဟုတ်​ကဲ့​ကျေးဇူးမမ

Coin Marketplace

STEEM 0.24
TRX 0.26
JST 0.040
BTC 96485.39
ETH 3479.17
SBD 1.56