စိတ်​၏​စေစားရာ

in #myanmar7 years ago (edited)

လူတို့ဌာ​နေဤ​လောက၌ လူ့သ​ဘောသဘာဝများကား အင်​မတန်​ပင်​ဆန်းကြယ်​လွန်းလှပါသည်​။ပုထုဇဉ်​လူသားများ အားလုံးသည်​​ အမျိုးမျိုး​သောစိတ်​​နေစိတ်​ထားများရှိကြပါသည်​။
စိတ်​သည်​အလွန်​ဆန်းကြယ်​လှသည်​။အရာရာတိုင်းကို စိတ်​ကဦး​ဆောင်​နိုင်​စွမ်းရှိကြသည်​။လက်​တဖျစ်​အတွင်း၌စိတ်​ကု​ဋေ​ပေါင်းများစွာဖြစ်​သည်​ဟုမြတ်​စွာဘုရားက​ဟေကြားထားခဲ့ပါသည်​။
စိတ်​အမျိုးအစားများမှာအကျဉ်းအားဖြင့်​(၈၉)ပါးရှိပြီး
အကျယ်​အားဖြင့်​(၁၂၁)ပါးရှိသည်​ဟုမြတ်​စွာဘုရားက
အဘိဓမ္မာတရား​တော်​၌​ဟောကြား​တော်​မူခဲ့ပါသည်​။
အကုသိုလ်​စိတ်​၊ကုသိုလ်​စိတ်​စသည်​ဖြင့်​စိတ်​ကိုတိတိ
ကျကျ​ဟော​ပြောနိုင်​သည်​မှာ​လောက၌မြတ်​ဗုဒ္ဓတစ်​ဦးတည်းသာရှိပါသည်​။
ထို့​ကြောင့်​လည်းအလုံးစုံကိုသိမြင်​နိုင်​​သောမြတ်​စွာဘုရားအား စကြာဝဠာတိုက်​တ​​သောင်းရှိလူနတ်​ဗြဟ္မာများက ပူ​ဇော်​ဦးခိုက်​ရှိခိုးရသည်​ မဟုတ်​​ပေ​လော။
စိတ်​သည်​ ရုပ်​ကိုအရာအရာတွင်​ဦး​ဆောင်​​နေသည်​။ "စိတ်​ပျိုကိုယ်​နု"ဟူ​သောစကားနှင့်​အညီ စိတ်​​ကြောင့်​ရုပ်​သည်​နုပျိုလန်းဆန်း​နေသည်​ဟုထင်​ရ​ပေမည်​။စိတ်​ကျန်းမာကြံ့ခိုင်​​နေပါလျှင်​လူသည်​မည်​သည့်​အခက်​အခဲကိုမ
ဆိုရင်​ဆိုင်​​ကျော်​လွှားနိုင်​သည်​။
စိတ်​သည်​အရာရာကို​စေစားနိုင်​သည့်​ အရှင်​သခင်​ဖြစ်​သည်​။လူသည်​မည်​သည့်​အရာကို မဆိုလိုချင်​တပ်​မက်​မှူစိတ်​ပြင်းထန်​လာ​ပါက ရ​အောင်​ယူသည့်​အ​ကြောင်းတရားများအားဖန်​တီးခြင်း၊ ထိုအ​ကြောင်းတရား​ပေါ်တွင်​လုံ့လဝီရိယဖြင့်​ ကြိုးစားအားထုတ်​ခြင်းများဖြင့်
မိမိလိုချင်​သည့်​အရာအားရ​အောင်​ယူ​လေ​တော့သည်​။
ထို့​ကြောင့်​ မိမိလိုချင်​သည့်​ပန်းတိုင်​သို့​ရောက်​ရှိရန်​အတွက်​ လူသားတို့သည်​အဓိပတိ​လေးပါးပြည့်​စုံရ​ပေ
မည်​။ထိုအဓိပတိ​လေးပါးဟူသည်​မှာ ဆန္ဒဓိပတိ၊ စိတ္တဓိပတိ၊ ဝီရိယဓိပတိနှင့်​ဝီမံသ ဓိပတိတို့ဖြစ်​​ပေသည်​။
ကျွန်​မသည်​ မည်​သည့်​အရာကိုဖြစ်​​မြောက်​​အောင်​ ကြိုးပမ်းဖို့အတွက်​ ပထမဆုံးဖြစ်​​ပေါ်​စေသည်​မှာ ထိုအရာကိုလိုချင်​သည့်​ ဆန္ဒတစ်​ခုဖြစ်​​ပေါ်လာပါသည်​။ ထိုအခါတွင်​ ၎င်းအရာအားလိုချင်​ပြင်းပြသည့်​စိတ်​က​လေးဖြစ်​​ပေါ်လာသည်​။
၎င်း​နောက်​တွင်​ ထိုလိုချင်​ပြင်းပြသည့်​ စိတ်​က​လေးသည်
လက်​​တွေ့အ​ကောင်​အထည်​ဖို့အတွက်​ လုံ့လဝီရိယဖြင့်​ စတင်​လုပ်​​ဆောင်​​လေ​တော့သည်​။ထိုသို့ လုပ်​​ဆောင်​ရာ၌ ဤအရာသည်​မှန်​ကန်​​သော လမ်းစဉ်​ဖြစ်​သည်​။မှန်​ကန်​​သောအ​တွေးအ​ခေါ်ဖြစ်​သည်​စသည်​ဖြင့်​ နည်းလမ်းများကို ဆန်းစစ်​သည့်​ပညာဟူ​သောဝီမံဟူ​သော ပညာ
ဖြင့်​ဖြစ်​​မြောက်​​အောင်​မြင်​​စေရန်​အတွက်​ လုပ်​​ဆောင်
လာ​ပေသည်​။ထိုသို့ပင်​ မည်​သည့်​အရာကိုမဆို အဓိပတိ
တပ်​၍ ကြိုးစားပါက​​လောကီ​လောကုတ္တရာနှစ်​ဖြာ​သော အမှူကိစ္စတို့၌​အောင်​မြင်​ပြီး​မြောက်​နိုင်​သည်​ဟု
ပဠာန်း​ဒေသနာ​တော်​ကြီး၌ မြတ်​စွာဘုရားက​ဟောကြား
ဆုံးမ​တော်​မူခဲ့ပါသည်​။
ထို့​ကြောင့်​စိတ်​သည်​​လောကလူသားတို့၌ အရာရာတိုင်း
အတွက်​ကြီးမြတ်​​သောဦး​ဆောင်​မှူအား​ပေး​နေ​ပေသည်​။
ဤ​လောက၌လူသားတို့၏အကျိုးအတွက်​ ပစ္စည်း​ပေါင်းများစွာအား တီထွင်​ခဲ့​သောအက်​ဒီဆင်​သည်​လည်း စိတ်​၏ဦး​ဆောင်​မှူ​ကြောင့်​သာ​အောင်​မြင်​​သော စွန့်​ဦးတီထွင်​သူတစ်​​ယောက်​ဖြစ်​လာခြင်းဖြစ်​သည်​။
သူသည်​ငယ်​စဉ်​ကအတန်းထဲတွင်​စာအညံ့ဆုံး​ကျောင်းသားဟု ဆရာဆရာမများ၏သတ်​မှတ်​မှူကိုခံခဲ့ရသည်​။
သို့​သော်​လည်းအက်​ဒီဆင်​၏ဆရာဆရာမများသည်​ အက်​ဒီဆင်​၏​မေးခွန်းများအား​ဖြေဆိုနိုင်​ခြင်းမရှိခဲ့​ပေ။အက်​ဒီဆင်​သည်​​ကျောင်းမှနုတ်​ထွက်​သူ၏မိခင်​​ကျောင်းဆရာမမှ​ရေးတတ်​ဖတ်​တတ်​​စေရန်​စာသင်​​ပေးခဲ့ရသည်​။သူသည်​​ကျောင်းမှထွက်​ပြီး​နောက်​ သိပ္ပံပညာရပ်​ဆိုင်​ရာ စာအုပ်​များအားဖတ်​ရှူ​လေ့လာခဲ့သည်​။သူသည်သတင်းစာပို့သည့်​အလုပ်​ကို လုပ်​ကိုင်​ရင်းဖြင့်​ တဖက်​မှသူ၏ တီထွင်​မှူများ​အောင်​ ကြိုးစားစမ်းသပ်​လုပ်​ကိုင်​ခဲ့သည်​။
အကြိမ်​ကြိမ်​ရူံှးနိမ့်​ခဲ့​သော်​လည်း သူသည်​စိတ်​ပျက်
အား​လျော့ခြင်းမရှိခဲ့​ပေ။
သူ၏​အောင်​မြင်​မှူသည်​ ဆန္ဒ၊စိတ္တ၊ဝီရိယ၊ဝီမံသဟူသည့်​ အဓိပတိ​လေးပါးပြည့်​စုံ​သောအားထုတ်​မှူ​ကြောင့်​ ဤကမ္ဘာ၌ လျှပ်​စစ်​မီးအစရှိသည့်​အမျိုးမျိုး​သောပစ္စည်း များအားသုံးစွဲ​နေနိုင်​ခြင်းဖြစ်​​ပေသည်​။
မင်္ဂလသုတ်​​တော်​၌မြတ်​စွာဘုရားက လူသားတို့​ရှောင်​လွဲဒ မရကြုံ​တွေ့ရမည့်​ယ​သော(အ​ခြွေအရံများပြားခြင်း)၊အယ​သော(အ​ခြွေအရံနည်းပါးခြင်း)၊ လာ​ဘော(လာဒ်​လာဘ​ပေါများခြင်း)၊အလာ​ဘော(လာဒ်​လာဘနည်းပါးခြင်း)၊နိန္ဒာ(ကဲ့ရဲ့ခြင်း)၊ပဿံသာ(ချီးမွမ်းခံရခြင်း)၊သုခံ(သုခခံစားရခြင်း)၊ဒုက္ခံ(ဒုက္ခဆင်းရဲခံစားရခြင်း)စသည့်​ ​လောကဒဏ်​၈ပါးအား
"ဖုတဿ ​လောကဓ​မ္မေဟိစိတ္တံယဿံနကမ္ပတိ"မတုန်​မလှူပ်​​သောစိတ်​ဖြင့်​ ကြံကြံခံနိုင်​ရမည်​ဟု မြတ်​စွာဘုရားက​ဟောကြားခဲ့ပါသည်​။
ထို့​ကြောင့်​အရာရာတိုင်း စိတ်​သည်​သာပဓာနကျလှ​ပေ
သည်​။စစ်​တပ်​ကြီးတစ်​တပ်​တွင်​ စစ်​ဦးစီးချုပ်​သည်​ အဓိကဖြစ်​သကဲ့သို့ ၃၁ဘုံ​သော သံသရာ၌ ကျင်​လည်​ကြကုန်​​သော ကျွန်​မတို့လူသားတို့၏ဤခန္ဓာဝန်​ကြီးအား စိတ်​ကဦးစီးဦး​ဆောင်​ပြု၍ ပဓာနကျလှပါသည်​။
ကုသိုလ်​ကံ၊ အကုသိုလ်​ကံများ၏ဖန်​တီးမှူ​ကြောင့်​ကျွန်​မတို့သည်​ ​သံသရာတွင်​ ဘဝအမျိုးမျိုး၌ကျင်​လည်​​နေကြ
ရပါသည်​။ဤကုသိုလ်​ကံ၊အကုသိုလ်​ကံတို့သည်​ လူသားတို့၏ ကုသိုလ်​စိတ်​၊ အကုသိုလ်​စိတ်​များ​ကြောင့်​ ဖြစ်​​ပေါ်လာရ​ပေသည်​။မ​နောကံဟူ​သောစိတ်​​ကြောင့်​သာ ကာယကံအမှူများအား ပြုမူ​ဆောင်​ရွက်​​နေကြခြင်းဖြစ်​သည်​။
ထို​ကြောင့်​သည်​စိတ်​သည်​​လောကလူသားတို့အား ၃၁ဘုံ၌​ကောင်း​သောဘုံဌာနမ​ကောင်း​သောဘုံဌာန တို့အား​ရောက်​ရှိ​အောင်​ပို့​ဆောင်​​ပေး​နေ​ပေသည်​။
ထို့​လောကီလူသားများဖြစ်​ကြသည့်​ကျွန်​မတို့သည်​ အကုသိုလ်​စိတ်​များအား​ရှောင်​ကြဉ်​၍ ကုသိုလ်​စိတ်​များ ပွားများ​အောင်​ကြိုစားရပါမည်​။ဘဝ​နောက်​ဆုံးပန်းတိုင်​ဖြစ်​သည့်​ ဝိပဿ ကုသိုလ်​စိတ်​အထိဖြစ်​​ပေါ်​စေရန်​ ကြိုးစားအားထုတ်​ရ​ပေမည်​။
ထို့​ကြောင့်​၃၁ဘုံ၏လမ်းဆုံဖြစ်​​သောလူ့ဘုံဘဝ၌​ရောက်​ရှိ​နေ​သောကျွန်​မတို့လူသားများသည်​ မိမိတို့၏စိတ်​၌
ဖြစ်​​ပေါ်လာ​သော ကုသိုလ်​များအ​ပေါ်မူတည်​၍
လူချမ်းသာ၊ နတ်​ချမ်းသာ၊ဗြဟ္မာချမ်းသာမှသည်​နိဗ္ဗာန်​ချမ်းသာထိရရှိနိုင်​သကဲ့သို့ မ​ကောင်းမှူအကုသိုလ်​စိတ်​များ​သည်​လည်းငရဲ၊တိရိစ္ဆာန်​၊ပြိတ္တာ၊အသူရကာယ်​စ​သော ဒုဂ္ဂတိဘုံများသို့​ရောက်​ရှိနိုင်​မည်​ဖြစ်​​ပေသည်​။
ထို့​ကြောင့်​​လောကီလူသားမိမိတို့သည်​ စိတ်​၏​စေစားရာ
အတိုင်း၃၁ဘုံ၌ဘဝများစွာကို ဖန်​တီး​ပေး​နေသည်​ကို သတိပြုဆင်​ခြင်​၍​ကောင်း​သောအမှူ၌မိမိတို့၏စိတ်​များကို​စေစားရန်​ကြိုးပမ်းသင့်​ပါ​ကြောင်းတင်​ပြလိုက်​ရပါသည်​။
@eieikhing
MSC No.173

image

Credited from google images.

ၺီႈ

Sort:  

ကိုယ့်စိတ်လေးကိုယ် စောင့်ကြည့်နေတာက ၀ိပသနာရှုနည်းးပဲလို့ နာဖူးတယ်။ ကိုယ့်စိတ်ကိုယ်တကယ်သိသွားရင် တခြားသူတွေရဲ့စိတ်ကိုလည်းအလွယ်တကူသိလာနိုင်တယ်တဲ့။

ဟုတ်​အဲဒါစိတ္တနုပဿ နာ​လေမဇင်

အရေးအသား ကောင်းပါတယ် မအိရေ ၊အားပေးနေပါတယ်

ဟုတ်​ကဲ့​ကျေးဇူး

မကြီးကိုအတုယူပြီးတော့လိုက်ရေးနေတာမောင်လေးတောင်တော်တော်ရလာပြီရေးလို့။ဖိုက်တင်းမကြီး။အမြဲတမ်းအားပေးနေမယ်။

ဟုတ်​​ကျေးဇူး

စိတ္တေန နီယတေ လောကော တဲ့
လူတွေဟာ စိတ်၏စေရာကို လိုက်ပါလုပ်ဆောင်နေရတယ်

ဟုတ်​ကဲ့

တရားသဘောလူတိုင်းမရေးရဲဘူး ချီးကျူးပါတယ်ဗျ။

စိ​တ်​​ကောင်းနှလုံး​ကောင်းသာ ထားပါ
ကောင်းတဲ့အကျိုးကို လက်​​တွေ့ခံစားရလတ္တံ

ဟုတ်​ကဲ့

Having good mind and intelligence

အရမ်း​ကောင်း

ဟုတ်​​ကျေးဇူး

မှန်ပါတယ်စိတ်သာလျင်လူသာားတွေရဲ့မောင်းနှင်အားပါ။

ဟုတ်​ကဲ့

ဒီလိုစာမျိုးရေးဖို့ တော်တော်စကေးကောင်းမှ 👍

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​ရှင်

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.029
BTC 68565.31
ETH 2455.74
USDT 1.00
SBD 2.62