နည်းစနစ်​ကျမှူနှင့်​ကျွမ်းကျင်​မှူ

in #myanmar6 years ago

မည်​သည့်​အလုပ်​ကိုမဆိုနည်းလမ်းတကျလုပ်​ကိုင်​ခြင်းသည်​အ​ကောင်းဆုံးဖြစ်​သည်​။"ဆရာမပြနည်းလမ်းမကျ"ဟူ၍​​သောစကားပင်​ရှိ​သေးသည်​မဟုတ်​ပါတကား။နည်းစနစ်​ကျစွာလုပ်​ကိုင်​တတ်​ခြင်းသည်​ မည်​သည့်​အလုပ်​ကိုမဆိုအချိန်​ကုန်​သက်​သာစွာနှင့်​လွယ်​ကူ
လျင်​မြန်​စွာပြီးစီးနိုင်​​ပေသည်​။
ထို့​ကြောင့်​နည်းလမ်းတကျ လုပ်​ကိုင်​​ဆောင်​ရွက်​တတ်​​ရန်​နည်း​ပေးလမ်းပြမည့်​ဆရာသည်​လိုအပ်​လှ​ပေသည်​။
ထီးပြင်​သမားမှအစနည်းလမ်းကျစွာလုပ်​ကိုင်​တတ်​​ရန်​ အလွန်​အ​ရေးကြီးလှပါသည်​။မည်​သည့်​ပညာရပ်​ကိုမဆို နည်းစနစ်​ကျစွာလုပ်​ကိုင်​တတ်​​စေရန်​အ​ရေးကြီးသည်​။
အပ်​​ပေါက်​ထိုးသည်​မှအစကျွမ်းကျင်​မှူရှိမှသာလွယ်​လွယ်​ကူကူ​ချော​ချော​မွေ့​မွေ့မြန်​မြန်​ဆန်​ဆန်​ပြီးစီးနိုင်​လိမ့်​မည်​။ထို့​ကြောင့်​မည်​သည့်​အလုပ်​ကိုမဆိုနည်းစနစ်​တကျနှင့်​ အ​လေ့အကျင့်​ဖြစ်​​စေရန်​လိုအပ်​လှ​ပေသည်​။
အလုပ်​တိုင်းကိုအထင်​မ​သေးသင့်​လှ​ချေ။ထီးပြင်​သမား
လုပ်​သည့်​အလုပ်​အား တခြားသူများမလုပ်​တတ်​ကြ​ချေ။
ထို့​ကြောင့်​စနစ်​တကျကျွမ်းကျင်​စွာလုပ်​ကိုင်​တတ်​​စေရန်​အတွက်​ဆရာလိုအပ်​​ပေသည်​။
ဆရာဟုဆိုရာ၌သက်​ရှိထင်​ရှားသင်​ကြား​ပေးသည့်​ဆရာများသာမကသင်​ဆရာ၊ကြားစရာ၊မြင်​စရာများလည်း ပါသည်​။ထိုသင်​ဆရာ၊မြင်​ဆရာ၊ကြားဆရာများသည်​ စာအုပ်​စာ​ပေများ၊အင်​တာနက်​websiteများစသည်​တို့အားဆိုလိုပါသည်​။
လူတစ်​​ယောက်​သည်​မည်​သည့်​နယ်​ပယ်​၊မည်​သည့်​ပညာ
ရပ်​​မဆိုကျွမ်းကျင်​စွာလုပ်​​ဆောင်​တတ်​​စေရန်​အမြဲ​လေ့
လာမပြတ်​သင်​ယူရ​ပေမည်​။မည်​သည့်​ပညာရပ်​၌မဆို
ရလာဒ်​​ကောင်းများထွက်​ပေါ်​စေရန်​ထိုနယ်​ပယ်​၏နည်းစနစ်​​ကောင်းများရှိ​နေ​ပေသည်​။
ထို့ပြင်​​နေ့စဉ်​​ပုံမှန်​လုပ်​ကိုင်​​နေသည့်​အ​လေ့အကျင့်​၊အကြိမ်​​ရေများစွာမိမိ၏နယ်​ပယ်​၌ထိ​တွေ့​နေမှူစသည်
တို့သည်​လည်းမိမိ၏ပညာရပ်​အားပိုမိုကျွမ်းကျင်​၍
တိုးတက်​လာနိုင်​ပါသည်​။
ထို့​ကြောင့်​မိမိကျွမ်းကျင်​​အောင်​မြင်​လိုသည့်​ပညာရပ်​အား
ပုံမှန်​​နေ့စဉ်​မပြတ်​ထိ​တွေ့​နေရန်​လိုအပ်​လှ​ပေသည်​။ဥပမာအားဖြင့်​စာ​ရေးသူသည်​စာသင်​ကြားခြင်းလုပ်​ငန်း
ဖြင့်​အသက်​​မွေးဝမ်း​ကြောင်းပြု​နေသူတစ်​​ယောက်​ဖြစ်​သည်​။စာသင်​ကြားခြင်းလုပ်​ငန်းအားအသက်​၁၇နှစ်​သမီး
အရွယ်​မှစတင်​၍လုပ်​ကိုင်​ခဲ့သူဖြစ်​သည်​။အလုပ်​ကိုစတင်​၍လုပ်​ချိန်​၌အထူးထုတ်​​ပေါင်းစုံကိုဖတ်​ရှူ၍အိမ်​၌တစ်​ဦးတည်းမရှက်​မ​ကြောက်​တတွတ်​တွတ်​ဖြင့်​ပါးစပ်​မှ​ရေ
ရွတ်​၍စာသင်​ကျင့်​ခဲ့ရသည်​။
ယခုအချိန်​တွင်​မူထိုကဲ့သို့​လေ့ကျင့်​ရန်​မလိုအပ်​​တော့​ပေ။
အဘယ့်​ကြောင့်​ဆိုသည်​​နေ့စဉ်​​နေ့တိုင်းစာသင်​သည့်​အကြိမ်​​ရေလည်းများလာသည်​။နေ့စဉ်​အ​လေ့အကျင့်​တစ်​ခုကဲ့သို့ဖြစ်​လာ​သော​ကြောင့်​မည်​သည့်​စာအုပ်​ကိုမှ
ပြန်​လှန်​၍ဖတ်​ရှူ့စရာမလို​လောက်​​အောင်​ပင်​ကျွမ်းကျင်​လာ၍ဖြစ်​သည်​။
ထို့​ကြောင့်​​နေ့စဉ်​အ​လေ့အကျင့်​များစွာ၊အကြိမ်​​ရေများစွာ ထိ​တွေ့ခြင်းသည်​မိမိလုပ်​ငန်းအားကျွမ်းကျင်​လာ​စေပါ
သည်​။သို့​သော်​လည်းစာ​ရေးသူသည်​မိမိလုပ်​ငန်းနှင့်​ပတ်​သတ်​​သောစာအုပ်​စာ​ပေများအား​လေ့လာခြင်း၊Youtubeနှင့်​အခြားwebsiteများ၌မိမိလုပ်​ငန်းနှင့်
ဆက်​စပ်​သည့်​အ​ကြောင်းအရာများအား​လေ့လာ​နေရဆဲ ပင်​ဖြစ်​ပါသည်​။
စာ​ရေးသူသည်​မိမိလုပ်​ငန်း၌အ​လေ့အကျင့်​များ၍ကျွမ်းကျင်​မူများရှိ​သော်​လည်းတခြားနယ်​ပယ်​၌ပင်​ကျွမ်းကျင်​ မှူမရှိ​သေး​ကြောင်းလက်​​တွေ့​လေ့လာသိရှိရပါသည်​။
အဖြစ်​အပျက်​က​လေးတစ်​ခုကို​ပြောပြချင်​ပါသည်​။စာ​ရေး
သူသည်​အရာရာကိုမိမိကိုယ်​တိုင်​လုပ်​လျှင်​ရပါသည်​ဟု
စိတ်​မျိုးရှိသည်​။
ထို​ကြောင့်​မိမိဆံပင်​အားကိုယ်​တိုင်​​ဖြောင့်​ရန်​​ဖြောင့်​​ဆေး
ဝယ်​ယူ၍မိမိဆံပင်​အား​ဖြောင့်​ခဲ့သည်​။မည်​သည့်​အလုပ်​မဆိုနည်းစနစ်​ကျနမှူသည်​အ​ရေးကြီးလှ​ပေသည်​။
ဆံပင်​​ဖြောင့်​​ဆေးသည်​စာ​ရေးသူ၏ငယ်​ထိပ်​ဆံပင်​များ၌
ပုံ၍သွားခဲ့သည်​။ထို့​ကြောင့်​​ဖြောင့်​​ဆေးအားများအား​ရေ
ဖြင့်​​ဆေးပြီး​သောအခါတွင်​ဆံပင်​များအရင်းမှပျက်​ထွက်​၍ငုတ်​စိက​လေးကျန်​ခဲ့သည်​။မကျွမ်းကျင်​မှူနှင့်​နည်းစနစ်​မကျ​သောရလာဒ်​တစ်​ခုပင်​ဖြစ်​သည်​။
ထို့​ကြောင့်​မည်​သည့်​အလုပ်​ကိုမဆိုကျွမ်းကျင်​မှူနှင့်​နည်းစနစ်​ကျနမှူသည်​အ​ရေးကြီးလှ​ပေသည်​။နည်းစနစ်​ကျနမှူအတွက်​​သင်​ယူမှူနှင့်​လေ့လာမှူအား​ကောင်းရန်​လိုအပ်​လှ​ပေသည်​။
မည်​သည့်​ပညာရပ်​၊လုပ်​ငန်းကိုမဆိုသင်​ယူနိုင်​စွမ်းရှိရန်​လည်းအ​ရေးကြီးလှ​ပေသည်​။အ​ခြေခံမှစ၍နားလည်​တတ်​ကျွမ်း​စေရန်​သင်​ယူကြရ​ပေမည်​။ထိုသို့သင်​ယူ
ရရှိသည့်​သီအိုရီများအားလက်​​တွေ့နယ်​ပယ်​တွင်​စနစ်​ တကျအသုံးချတတ်​ရ​ပေမည်​။ထိုသို့စနစ်​တကျအသုံးချမှ
သာနည်းစနစ်​ကျနပြီးလုပ်​ငန်း​အောင်​မြင်​​စေမည်​ဖြစ်​​ပေ
သည်​။
ထို့​ကြောင့်​မိမိ၏လုပ်​ငန်းများ​အောင်​မြင်​တိုးတက်​​စေရန်
အတွက်​လိုအပ်​​သောနည်းစနစ်​များကိုလည်းသင်​ယူရမည်​။ထိုနည်းစနစ်​များကိုလည်းလက်​​တွေ့နယ်​ပယ်
တွင်​အသုံးချခြင်းဖြင့်​ကျွမ်းကျင်မှူရှိ​အောင်​ကြိုးစားရ​ပေ
မည်​။
အကြိမ်​ကြိမ်​အဖန်​ဖန်​စနစ်​တကျလုပ်​ကိုင်​ခြင်းဖြင့်​လုပ်​ငန်းလုပ်​ကိုင်​ရာတွင်​ကျွမ်းကျင်​မှူရှိလာ​ပေမည်​။ထိုအခါ
လွယ်​ကူလျင်​မြန်​​ချော​မွေ့စွာဖြင့်​လုပ်​ငန်းများပြီး​မြောက်​၍
လုပ်​ငန်းကိစ္စများ​အောင်​မြင်​လာ​ပေ​လိမ့်​မည်​။
ထို့​ကြောင့်​မိမိတို့၏လုပ်​ငန်းနယ်​ပယ်​၌​အောင်​မြင်​လိုသူများသူသည်​နည်းစနစ်​ကျနမှူနှင့်​ကျွမ်းကျင်​မှူရှိ​ရန်
ကြိုးစားသင့်​လှ​ပေသည်​။

အိအိခိုင်​​ရေးသားသည်​။
MSC No.173.

pexels-photo-106344.jpeg
Credited from google images.

Sort:  

စနစ်တကျလေ့လာပြီး လုပ်မှ တော်ရုံလောက်ဖြစ်မှာ မအိရေ

ဟုတ်​တယ်​ကိုမြင့်​​ရေ

You got a 18.40% upvote from @brandonfrye courtesy of @myintlwinsoe!

Want to promote your posts too? Send a minimum of .10 SBD or Steem to @brandonfrye with link in the memo for an upvote on your post. You can also delegate to the bot for daily passive earnings. Learn more here

ဘာပဲလုပ်လုပ် plan လေးချပြီး စနစ်တကျလေးလုပ်နိုင်ရင် အမှားနည်းပြီး အကျိုးအမြတ်လည်း ပိုများလာနိုင်တာပေါ့ မအိရေ

ဟုတ်​တယ်​မဇင်​​ရေ

မှန်ပါတယ်ဗျာ..ရိုးရာကို နည်းစနစ်/နည်းပညာလေးနဲ့ပေါင်းစပ်နိုင်ရင် မြန်မာတွေအောင်မြင်နိုင်ပါတယ်...ခက်တာကနည်းစနစ်က မရှိသေးတာ

ဟုတ်​တယ်

နေ့ စဉ် အကြိမ်ပေါင်းများစွာ စနစ်တကျလေ့ကျင့်ရင် ကျွမ်းကျင်မှု ရှိလာမှပါ။

ဟုတ်​ကဲ့

မှန်​ပါတယ်​​ဗျာ အလုပ်​တစ်​ခုလုပ်​ရင်​ စည်းစနစ်​တကျ စီမံချက်​ထားရှိပြီး လုပ်​သင့်​ပါတယ်​။planA pLan B ဟူ၍ အရံအစီစဉ်​များထားရှိပြီးလုပ်​နိုင်​ရင်​​တော့အ​ကောင်း​ဆုံး​ပေါ့

အတွက်အချက်လေးကောပါမှ ပိုအောင်မြင်နိုင်မှာပေါ့ အစ်မ။ အရေးအသားကောင်းတယ်အစ်မရေ။ ဖိုက်တင်း။

ဟုတ်​ကဲ့​ကျေးဇူးပါ​နော်

ပွဲမဝင်​ခင်​ အရင်​ ကျင်းပ...အတိုင်​​ပေါ့ဗျာ

ဟုတ်​ကဲ့​ကျေးဇူးပါရှင့်

ကျွမ်းကျင်မှုတို့သည် အောင်မြင်မှုအတွက် လိုအပ်ပါ
သည် Good အားပေးလျှက်ပါမအိ

ဟုတ်​ကဲ့​ကျေးဇူးပါရှင်

နည်းစနစ်​-လုပခြင်​စိတ်​ က​နေကျွမ်းကျင်​မူကိုသွားတယ်​လို.မြင်​ပါတယ်​ဗျာ

ဟုတ်​ကဲ့ရှင့်

အားပေးနေပါတယ် ချစ်မ

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.030
BTC 67776.21
ETH 3737.77
USDT 1.00
SBD 3.72