မရှိတာထက်​မသိတာခက်​​ပေ၏။

in #myanmar6 years ago

"ညည်းအစ်​ကိုကလည်းအလုပ်​မရှိ။ငါအတိုး​ပေးထား
တာ​လေးကိုပဲအားကိုး​နေရတယ်​​အေ။"
ကြီး​တော်​၏ညည်းသံကိုထုံးစံအတိုင်းနီနီတစ်​​ယောက်
ကြားလိုက်​ရ​လေသည်​။ဓာတ်​ပြား​ဟောင်းကြီးဖွင့်​သလို
လိုထပ်​ခါတလဲလဲဖြစ်​သဖြင့်​ရိုး​နေ​ပေသည်​။
ကြီး​တော်မှာသူ၏သားလှရတနာနီနီအစ်​ကိုဝမ်းကွဲအား
ပိုး​မွှေးသလို​ရွှေလိုဥထား​ပေသည်​။တစ်​ဦးတည်း​သော
သားအားမခိုင်းရက်​မပြုရက်​ဖြင့်​ဖြစ်​သည်​။
ဘွဲ့ရပြီးကတည်းကအလုပ်​အကိုင်​မရှိဖြင့်​​နေလာခဲ့သည့်
နှစ်​များကားမနည်းလှ​ပေ။ထို့​ကြောင့်​ပင်​လွန်​ခဲ့​သောနှစ်​နှစ်​ခန့်​ကနီနီ၏အ​ဖေမှတူဖြစ်​သူအားအလုပ်​သွင်း​ပေးခဲ့
သည်​။
၎င်းအလုပ်​တွင်​ပင်​ပန်းလှသည်​ဟူသည့်​အ​ကြောင်းပြချက်​ဖြင့်​ကြာကြာမခံခဲ့​ပေ။"ညည်းအစ်​ကိုနဲ့ဒီအလုပ်​နဲ့
မဖြစ်​ပါဘူး​အေ။သူကငယ်​ငယ်​ကတည်းကဒီလိုပင်​ပင်
ပန်းအလုပ်​​တွေလုပ်​ဖူးတာမှမဟုတ်​တာ​အေ။အလုပ်​ပဲ
တစ်​သက်​လုံးလုပ်​ရမှာ။"စသည်​ဖြင့်​သားအားအား​ပေး
အား​မြှောက်​ဖြင့်​ပင်​​ပြောဆိုခဲ့​လေသည်​။
ယခုလည်းဗြစ်​​တောက်​ဗြစ်​​တောက်​ဖြင့်​ညည်းညူ ​နေ​​ပါသည်​။တရိပ်​ရိပ်​တက်​လာ​သောကုန်​​ဈေးနှူန်း​ကြောင့်
သားအမိနှစ်​​ယောက်​ပင်​ဖြစ်​လင့်​ကစားကြပ်​တည်း​နေ
ကြ​ပေသည်​။
ထို့အပြင်​အလိုက်​ကန်းဆိုးမသိ​မွေးထားသည့်​သားလှ
ရတနာအား​နေ့စဉ်​​နေ့တိုင်းမရှိသည့်​ကြားမှအသုံးစရိတ်​​အဖြစ်​တစ်​​နေ့​ငွေ၂၀၀၀ကျပ်​​ပေး​နေရ​သေးသည်​။
မိုးလင်းသည်​နှင့်​အိပ်​ယာမှနိုးလာသည့်​သားအား​ငွေ
၂၀၀၀ကိုမဖြစ်​မ​နေ​မပျက်​မကွက်​​ပေး​​တော့သည်​။
သားလှရတနာအဖိုးတန်​အမျိုးမှန်​မှမိခင်​​ပေးသည့်​​ငွေ
၂၀၀၀အားယူ၍လက်​ဖက်​ရည်​ဆိုင်​သို့သွား၍အ​ပေါင်း
အသင်း​ရောင်းရင်းများနှင့်​​လေပန်း​လေ​တော့သည်​။
ထမင်းစားချိန်​​ရောက်​မှအိမ်​သို့ပြန်​လာ၍မိခင်​ကြီးချက်​ထားသည့်​ထမင်းဟင်းများအားအခန့်​သား​လွေး​လေ
သည်​။ဤသည်​ကားနိစ္စဒူဝပင်​ဖြစ်​​ပေသတည်း။
"ယခု​ခေတ်​ကြီးကလည်းအလုပ်​အကိုင်​ကရှားလှသကိုး။
ငါ့သား​လေးကိုတ​နေ့၂၀၀၀​ပေးတာနည်းလှပါ့​အေ။သူ့မှာလည်းဘာမှစားလို့​သောက်​လို့မရပါ့​အေ။"
ကြီး​တော်​၏စကားကိုကြား၍နီနီတစ်​​ယောက်​၎င်းတို့
သားအမိအ​ကြောင်း​တွေး​နေမိသည့်​အ​တွေးစပျက်​သွား
ခဲ့​လေသည်​။
"ကြီး​တော်​ရယ်​ ကြီး​တော်​သားအရွယ်​ကိုလည်းကြည့်​ပါဦး။ဒီအရွယ်​ကြီး​ရောက်​​နေပြီပညာလည်းစုံလို့ပဲအ
လုပ်​မရှိအကိုင်​မရှိအ​မေအိုကြီးရှာ​ကျွေး​နေတာထိုင်
စား​နေတာကြည့်​မ​ကောင်းပါဘူးကြီး​တော်​ရယ်​။"
နီနီ၏စကားအဆုံး၌ကြီး​တော်​၏မျက်​နှာမှာပျက်​ယွင်းသွားပါ​တော့သည်​။
"ငါ့သားက​လေးကကံကိုမ​ကောင်းတာ​အေ။လုပ်​သမျှအလုပ်​ကလည်းအဆင်​မ​ပြေ။အလုပ်​အက်ုင်​ကလည်းဘာထွက်​လုပ်​ရမလဲ​အေ။ဒီ​လောက်​ရှားပါး​တာကို။"
"အလုပ်​ဟူသမျှဂုဏ်​ရှိစွပါကြီး​တော်​ရယ်​။အခု​ခေတ်​မှာ
Online shopping​တွေအများကြီး။အရင်းမစိုက်​ရတဲ့deliveryအလုပ်​လုပ်​ခိုင်းပါလား။အဲဒီအလုပ်​​လေး
မဆိုးဘူး။"
နီနီ၏အကြံ​ပေးစကားအဆုံး၌
"အလို​လေး မဖြစ်​ပါဘူး​အေ။ငါ့သား​လေးအ​လေး
အပင်​​တွေမပြီး​လျှောက်​သွား​နေရမှာ​အေ့။ညည်းနှယ်​​အေ
ကိုယ့်​အစ်​ကိုအ​ကြောင်းလည်းသိရဲ့နဲ့။မဖြစ်​ပါဘူး​အေ။"
ဟူသည့်​ကြီး​တော်​၏မျက်​စိပျက်​မျက်​နာပျက်​ဖြင့်​​ချေပသံ
အားကြားလိုက်​ရ​လေ​တော့သတည်း။
"ကြီး​တော်​မရှိ​တော့ရင်​ကြီး​တော်​သားဘယ်​လိုလုပ်​မလဲ။
ဘာမှမလုပ်​တတ်​မကိုင်​တတ်​နဲ့။"
နီနီတစ်​​ယောက်​ကြီး​တော်​အားမျက်​နှာမ​ကောင်းစွာဖြင့်
ပြန်​​ပြောရင်းထရပ်​လိုက်​​လေ​တော့သည်​။
"သွား​တော့မယ်​ ကြီး​တော်​။"ဟုနုတ်​ဆက်​ရင်းအိမ်​သို့
ပြန်​လာခဲ့​လေသည်​။အိမ်​အပြန်​လမ်းတစ်​​လျှောက်​၌လည်းကြီး​တော်​တို့သားအမိအ​ကြောင်း​တွေးလာမိသည်​။
မြန်​မာပြည်​၌ကြီး​တော်​ကဲ့သို့မိခင်​မျိုးအများကြီးရှိ​နေ​ပေ
လိမ့်​မည်​။ထိုသို့အချစ်​ကြီးမူမျိုးသည်​သားသမီးအားချစ်​ရာ
မ​ရောက်​နစ်​ရာ​ရောက်​​လေ​တော့သည်​။
နိုင်​ငံခြားတိုင်းပြည်​များ၌အသက်​၁၈နှစ်​ပြည့်​သည်​နင့်
မိမိ​ခြေ​ထောက်​​ပေါ်မိမိရပ်​တည်​ဖို့ကြိုးစားကြရသည်
ဟု​လေ့လာသိရှိခဲ့ရ​လေသည်​။
မြန်​မာပြည်​၌မိဘများ၏အချစ်​လွန်​အသဲလွန်​ဖြင့်​ဆန်
ကုန်​​မြေက​လေးများလွန်​စွာများပြားလှ​ပေသည်​။
ထို့​ကြောင့်​လည်းမိမိတို့တိုင်းပြည်​မှာတိုးတက်​သင့်
သ​လောက်​မတိုးတက်​ခြင်း​ပေလား....။
အ​တွေး​ပေါင်းများစွာဖြင့်​​လေးကန်​​သော​ခြေလှမ်းများဖြင့်
နီနီတစ်​​ယောက်​လှမ်းလာမိခဲ့သည်​။မိမိအားမှန်​ကန်​သည့်
အ​တွေးအ​ခေါ်မျိုးဖြင့်​ဘဝရပ်​တည်​နိုင်​​အောင်​ပြုစု
ပျိုး​ထောင်​​ပေး​နေသည့်​မိဘနှစ်​ပါးအား​ကျေးဇူးတင်​မိ
သည်​။
ထို့​ကြောင့်​ပင်​မြန်​မာစကားပုံ၌"မရှိတာထက်​မသိတာခက်​"ဟူသည့်​စကားဖြစ်​​ပေါ်လာခြင်းဖြစ်​​ပေ
မည်​။မိမိ၏ဘဝအ​ခြေအ​နေကိုမိမိမသိသူသည်​​လောက
၌အဆိုးရွားဆုံးပင်​ဖြစ်​​ပေ​တော့သည်​။
ထို့​ကြောင့်​လည်းဖြစ်​​လေရာဘဝတိုင်း၌"မရှိ​သောသူ
ထက်​မသိ​သောသူ"မဖြစ်​ရ​လေ​အောင်​ဆု​တောင်းရ​ပေ
မည်​ဟု​တွေးရင်းဖြင့်​မိမိ၏အိမ်​သို့နီနီတစ်​​ယောက်​ဝင်​လာခဲ့​လေ​တော့သတည်း။

စာဖတ်​သူပရိသတ်​မိတ်​​ဆွေအ​ပေါင်းသည်​လည်းမိမိ၏ဘဝအားမိမိသိရှိ၍ဇွဲလုံ့လဝီရိယဖြင့်​အရာရာတိုင်းအားကြိုးစားအားထုတ်​၍​​အောင်​မြင်​မှူသရဖူကိုဆွတ်​ခူး
နိုင်​ကြပါ​စေ။စာ​ရေးသူလည်း​ရေးစရာမရှိကြံဖန်​​ရေးသား
၍မိမိပတ်​ဝန်းကျင်​၌​တွေ့ကြုံဆက်​ဆံလာသမျှလူအ​ပေါင်းတို့အားဇာတ်​​ကောင်​များသဖွယ်​ဟိုလိုလှည့်​​တွေးဒီလို
လှည့်​​တွေး၍စာစုသည်​လား၊ဝတ္ထုတိုသည်​လားမ​ဝေခွဲနိုင်

သည့်​ဤpost​လေးအား​ရေးသားလိုက်​ရ​ပေ​တော့သည်​။
မြန်​မာလူမျိုးများsteemitတွင်​စာများများ​ရေးနိုင်​ကြ၍
steem​ဈေးများတက်​ပါ​စေ​ကြောင်းဘုရားရှိခိုးတိုင်း
အခါအခါဆု​တောင်းရင်းဖြင့်​...။

စာ​ရေးသူ အိအိခိုင်​။
MSC No.173.

2018-08-17_13.03.23.jpg
Photo my photo.

Sort:  

မသိတာလည်းခက်၊မရှိတာလည်းခက်။မရှိရတဲ့ကြားမသိတော့ပိုခက်

ဟုတ်​တယ်​ဦးမင်း​ရေ

အန်တီဖတ်ဖူးတာလေးတစ်ခု..
သားသမီးအား..အသိပညာ.အတတ်ပညာ.သင်မပေးသော
မိဘသည်.ရန်သူမည်၏.တဲ့...

ဟုတ်​ကဲ့

သားသမီးကိုမချစ်‌တတ်‌ရင်‌ နှစ်‌ရာ‌ရောက်‌တတ်‌တယ်‌။

ဟုတ်​ပါတယ်​ရှင်

သားသမီးကိုချစ်​၍ ​ငွေ​ကြေးရှာ​ဖွေ​ပေးခြင်းထက်
အသိပညာ အတပ်​ပညာ ရှာ​ဖွေ​ပေး ခြင်းက ပို​ကောင်းပါသည်

ဟုတ်​တယ်​ရှင်

မသိချင်ယောင်ဆောင်တာက ပိုတောင်ခက်သဗျ

အဲဒါအမှန်​ဆုံးပဲရှင်

မရှိတာထက် မသိတာခက်
မသိတာထက် သိအောင်မလုပ်တာခက်

ဟုတ်​တယ်​ရှင်

မှန်ပါ့ မအိရေ

ဟုတ်​မမစု

မိဘတွေ နည်းမှန် လမ်းမှန် ချစ်တက်ဖို့ အရေးကြီးတာပေါ့နော်။

ဟုတ်​တယ်​​မောင်​​လေး

အင်း နားလည်သဘောပေါက်အောင်တော့ ကျွန်တော်တို့ ကြိုးစားရပါအုံးမည်

အမှန်ပဲဗျ ဇွဲ လုံလ ၀ီရိယ မရှိရင် ဘာမှ မလုပ်ပဲထိုင်နေရုံပဲရှိတော့တာပေါ့လေ

ဟုတ်​ကဲ့

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62416.00
ETH 2447.19
USDT 1.00
SBD 2.62