မတင်းမ​လျော့​စောင်​ကြိုးညှိသကဲ့သို့

in #myanmar6 years ago

"သားသမီးယုံစုံလုံးကန်း"ဤစကားပုံ​လေးအားစာ​ရေးသူ
အ​ဖေမကြာခဏ​ပြောတတ်​သည့်​စကားပုံဖြစ်​သည်​။ထိုသို့​ပြောသည့်​အချိန်​တိုင်း၌လည်း စာ​ရေးသူမှ
"အ​ဖေကလည်း​လေ သမီးကအဲလိုသမီးမျိုးဟုတ်​ပါဘူး။"ဟုနုတ်​ခမ်းစူကာပြန်​​ပြောတတ်​ပါသည်​။
အ​ဖေ​ပြောသည့်​ သားသမီးအားယုံလွယ်​လွန်း၍ ဒုက္ခ
လှလှကြီး​တွေ့​နေရသူများလည်းပတ်​ဝန်းကျင်​ဝယ်​​တွေ့
မြင်​​နေရပါသည်​။
တချို့​သောမိဘများသည်​ မိမိ၏သားသမီးများအား အထင်​ကြီးလွန်းသည်​ကိုလည်း စာ​ရေးသူစာသင်​ရသည့်
တပည့်​​တော်​​တော်​များများ၏ မိဘများ၌​တွေ့မြင်​​နေရပါ
သည်​။ယ​နေ့​ခေတ်​သည်​ မိမိတို့ငယ်​စဉ်​ကာလနှင့်​ကွာခြား လွန်းလှပါသည်​။၃နှစ်​က​လေးအရွယ်​က​လေး
များပင်​ဖုန်းကိုကျွမ်းကျွမ်းကျင်​ကျင်​ ကိုင်​တွယ်​အသုံးပြု
တတ်​​နေသည်​ကို​တွေ့ရပါသည်​။
၎တန်း၅တန်းအရွယ်​က​လေးများဆီ
ကပင်​"မီးမီးတို့ကညကျလိုင်းတက်​တာ။သူငယ်​ချင်းနဲ့
chatတာ။"စသည်​ဖြင့်​ကြား​နေရပါသည်​။ထို့​ကြောင့်​လည်း​ပြောင်းလဲလာသည့်​​ခေတ်​အ​ခြေအ​နေအား မိမိတို့
ဟန့်​တား၍မရနိုင်​ပါ​ပေ။က​လေးများအား"ဖုန်း​မကိုင်​ရ။"
ဟုတရား​သေအမိန့်​ထုတ်​၍လည်းမလွယ်​ကူလှပါ​ချေ။
ထို့​ကြောင့်​ပင်​မိဘတိုင်း၎င်းတို့၏သားသမီးများအား
မဖြစ်​မ​နေဖုန်းတစ်​လုံးဝယ်​​ပေး၍​ပေးကိုင်​ရ​လေ​တော့
သည်​။
အကျိုးဆက်​သည်​ကား ၎င်းက​လေးများသည်​​ကျောင်းစာ၌ အာရုံစူးစိုက်​မှူနည်းပါးသွားကြ​ပေသည်​။ထိန်းသိမ်း
ရခက်​ခဲလှသည့်​၈တန်း၊၉တန်း၊၁၀တန်းအရွယ်​က​လေး
များကား​ယောက်ျားက​လေးများဂိမ်းစွဲ၍မိန်းက​လေးများ
FBစွဲကြ​လေ​တော့သည်​။
အချို့​သောမိဘများသည်​ ၎င်းတို့၏သားသမီးများအား
အိပ်​ခန်းတစ်​ခန်းစီ​ပေးထား၍ လွတ်​လွတ်​လပ်​လပ်​​နေ
ခွင့်​​ပေးကြသည်​။ထို့​ကြောင့်​ပင်​သားသမီးများသည်​မိမိတို့
၏အိပ်​ခန်းတံခါးအား​လော့ချ၍လုပ်​ချင်​တာလုပ်​ကြ
ပါ​တော့သည်​။တချို့သည်​တစ်​ညလုံးမအိပ်​၍ဂိမ်း​ဆော့
ကြသည်​။တချို့မှာမူညည့်​နက်​သန်း​ခေါင်​ထိFBသုံးကြ
သည်​။၎င်းက​လေးများသည်​​မိမိ၏​ကျောင်းစာအုပ်​အား
တစ်​​နေ့သာကုန်​သွားသည်​။ထိ၍ပင်​မကြည့်​ကြ​ချေ။
ထို့​ကြောင့်​စာ​ရေးသူလည်းမိဘများအား​တတ်​နိုင်​သမျှ
အကြံဥာဏ်​​ပေးရ​လေ​တော့သည်​။သားသမီးတို့၏အိပ်​ခန်းအားမိဘများမှအချိန်​မ​ရွေးဝင်​ကြည့်​နိုင်​သည့်​ အ​နေ
အထားမျိုးထားရန်​၊ဖုန်းကိုတရားလွန်​သုံးခြင်းအားထိန်း
ကွပ်​ရန်​စသည်​ဖြင့်​​ပြောပြရပါ​တော့သည်​။
မိမိတို့၏သာားသမီးများသုံးသည့်​FBအ​ကောင့်​အား
အချိန်​မ​ရွေးဝင်​ကြည့်​နိုင်​သည့်​အ​နေအထားမျိုးဖြင့်​သာ
FBအား​ပေးသုံးရန်​​ပြောပြရ​လေ​တော့သည်​။သားသမီး
များအားမတင်းလွန်းမ​လျော့လွန်းသည့်​စည်းကမ်းမျိုးဖြင့်
မိဘအားအရာရာ​ပြောဆိုတိုင်​ပင်​နိုင်​သည့်​ဆက်​ဆံ​ရေး
မျိုးအားဖန်​တီးထားရှိသင့်​သည်​ဟုစာ​ရေးသူထင်​မြင်​မိပါ
သည်​။
မိမိ၏သားသမီးများမည်​သည့်​သူငယ်​ချင်းများနှင့်​​ပေါင်း​သင်း​နေသည်​ကိုလည်း မျက်​​ခြေမပြတ်​သင့်​​ပေ။အထူးသဖြင့်​ဆယ်​​ကျော်​သက်​အရွယ်​က​လေးများသည်
မိဘများအားအရွဲ့တိုက်​၍ဂျစ်​တိုက်​ချင်​သည့်​အရွယ်​များဖြစ်​သည်​။
ွ၎င်းတို့အားကိုင်​တွယ်​ထိန်းသိမ်းရာ၌အလွန်ပညာသား
ပါပါဖြင့်​ပြုပြင်​ထိန်းသိမ်းရ​ပေမည်​။သူငယ်​ချင်းလိုဆက်​ဆံသင့်​သည့်​အချိန်​ဆက်​ဆံ၍၎င်းတို့​ပြောဆိုတိုင်​ပင်​ချင်
စိတ်​​ပေါ်​အောင်​အလိုက်​သင့်​လမ်းဖွင့်​ထားသင့်​သည်​။
တချက်​လွှတ်​အာဏာဖြင့်​အမိန့်​အာဏာဆန်​ဆန်​အုပ်​ချုပ်
၍မရနိုင်​​ပေ။
ထို့​ကြောင့်​ယ​နေ့ခတ်​က​လေးများအား ထိန်းသိမ်းရာ၌
မတင်းလွန်းမ​လျော့လွန်းဖြင့်​​စောင်းကြိုးညှိသကဲ့သို့
ထန်းသိမ်းသင့်​လှ​ပေသည်​။မိမိတို့၏သားသမီးအား
မျက်​နှာလွှဲခဲပစ်အ​နေအထားဖြင့်​လည်းအလုံးစုံ လွှတ်​မထားသင့်​လှ​ချေ။
မိမိ၏သားသမီးအ​ကြောင်းအား မိဘများသည်​ အရာခပ်​သိမ်းသိနိုင်​ရန်​ကြိုးစားထားသင့်​သည်​။စာ​ရေးသူ၏
အသိုင်းအဝိုင်း​ဆွေမျိုးများထဲမှက​လေးတစ်​​ယောက်
အ​ကြောင်းဥပမာ​ပေး၍​ပြောပြချင်​ပါ​သေးသည်​။
၎င်းက​လေးသည်​၁၀တန်းစာ​မေးပွဲ၌၄ဘာသာဂုဏ်​ထူး
ုဖြင့်​​အောင်​မြင်​၍​ဆေးတက္ကသိုလ်​တက်​ခွင့်​ရခဲ့ပါသည်​။
ထို့​ကြောင့်​လည်းဤက​လေးအား​ဆွေမျိုးမိဘများမှ​ပြော
စရာမရှိ​အောင်​လိမ္မာ​သောက​လေးတစ်​​ယောက်​အဖြစ်
မှတ်​ယူကြပါသည်​။သို့​သော်​လည်း၎င်းက​လေးသည်
ဒုတိယနှစ်​စာ​မေးပွဲအား၂နှစ်​ဆက်​တိုက်​ကျရူံးခဲ့ပါသည်​။
အ​ကြောင်းမှာအချိန်​ပြည့်​ဂိမ်းသာကစား​နေ၍ဂိမ်းကိုဘဝ
အဖြစ်​မှတ်​ယူ​နေ​သော​ကြောင့်​ဖြစ်​သည်​။ထို့​ကြောင့်​မိဘများသည်​မိမိတို့၏ဆယ်​​ကျော်​သက်​သားသမီးများ
တက္ကသိုလ်​​ကောင်း​ကောင်းတက်​​နေသည်​ဟူ၍လည်း
မျက်​စိစုံမှိတ်​မ​နေသင့်​​ပေ။
မိမိတို့၏သားသမီးများအားအရာရာတိုင်းယုံကြည်​စိတ်​ချ၍ ဥပက္ခာပြုထားခြင်းသည်​ သားသမီးကိုယုံကြည်​လွန်း
သဖြင့်​မျက်​စိအစုံမမြင်​သည့်​ဘဝ​သို့​ရောက်​ရှိသည့်​ပမာ
ဒုက္ခလှလှကြီး​တွေ့နိုင်​ပါ​ကြောင်း​ပြောကြားရင်းဖြင့်
ဤစာစုအားနိဂုံးချုပ်​လိုက်​ရပါ​တော့သည်​။

အိအိခိုင်​​ရေးသားသည်​။
MSC No.173

image

Credited image from https://pixabay.com/en/flower-background-watercolor-floral-3318965/

Sort:  

ကလေးကို စောင့်ကြည့်နေရပါမယ် ... သာမန်ထက် ပိုလာရင် မလွန်ခင် တားဆီးရမှာပါ

ဟုတ်​တယ်​ကို​စော​ရေ။

သားသမီးနှင့်​ မိဘ မျှမျှတတ စည်းကမ်း​လေး​တွေနဲ့ဆို good အမ

ဟုတ်​တယ်​​မောင်​​လေး​ရေ။

မှတ်သားစရာစကားတွေပါပဲ မမရေ။

ဟုတ်​တယ်​​မောင်​​လေး​ရေ။

မိဘတွေ အနေနဲ့ ကိုယ့်သားသမီး တစ်ယောက် ဘက်စုံဖွံ့ဖြိုးပြီး ကြီးပျင်းလာဖို့ဆိုတာ ပညာသားပါပါနဲ့ ကိုယ်တွယ်တက်ရပါတယ်

ဟုတ်​တယ်​မမ​ရေ။

ဟုတ်​တယ်​မမ​ရေ

ယုံတော့ယုံ ပုံအပ်တော့ မထားသင့်

အမှန်​ပါပဲ

သားသမီး နှင့် မိဘ ဖြစ်စဉ်လေးတွေ ငယ်စဉ်အခါက ကောင်းမွန်သွန်သင် ဆုံးမ မထားရင် ဧကန် ကြောက်ရပေလိမ့်မည် ။ မနောသီချင်းကို သွားသတိရမိတယ်။

ဟုတ်​ကဲ့

မှန်သောစကားများပါ

နည်းစနစ်​ ​တွေလိုပါတယ်

ဟုတ်​ကဲ့

မှတ်သားစရာပါ မအိရေ

ဟုတ်​ကဲ့

တင်းလွန်းရင်လည်းမကောင်း မလျော့မတင်းလေးမှ အဆင်ပြေမယ်။

အမှန်​ပါပဲကို​ထွေး​ရေ။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61567.88
ETH 3447.00
USDT 1.00
SBD 2.50