မ​မေ့ရက်​နိုင်​ဘူး(၁) ( Never forgetting)

in #myanmar7 years ago (edited)

image

  " လွန်​ခဲ့​သော၃နှစ်​ကဘဝတပါးသို့ ကူး​ပြောင်း သွားခဲ့​သော ဦးဖြိုး​ဝေအား ရည်​စူး၍ လှူ ဒါန်းရ​သော ကုသိုလ်​အစုစုကို ဘဝတပါးသို့ကူး​ပြောင်းသွား​သော ဦးဖြိုး​ဝေနှင့်​တကွ ၃၁ဘုံမှာကျင်​လည်​ ကြကုန်​​သော မြင်​အပ်​၊ မမြင်​အပ်​ သတ္တဝါများ အားလုံးအား အမျှ​ပေး​ဝေ ပါကုန်​၏ အားလုံး ကြားကြားသမျှ အမျှ အမျှ ယူ​တော်​မူကြပါကုန်​​သော်​ ........ သာဓု၊ သာဓု ...."
         သံဃာ​တော်​အရှင်​မြတ်​များ၏ အမျှ​ဝေသံနှင့်​အတူ ယုယု၏ မျက်​ရည်​များ တသွင်​သွင်​စီးကျ လာခဲ့ပါ​သည်​။ "သမီးရယ်​ စိတ်​ကို​ဖြေပါ။တမလွန်​က သားသိရင်​ စိတ်​​ကောင်းမှာ မဟုတ်​ဘူး" ​သူမ​ဘေးနားမှ ဖြိုး​ဝေအ​မေ၏ အသံအား ကြားတချက်​မကြားတချက်​ဖြင့်​ သူမမျက်​စိ​တွေ​ဝေဝါးသွားပါပြီ။"ဟဲ့ သမီး...သမီး လုပ်​ကြပါဦး။ သတိလစ်​သွားပြီ။"
          လွန်​​လေပြီး​သော အတိတ်​ကာလ........။ သူမတို့နှစ်​​ယောက်​သံ​ယောဇဉ်​သည်​ မူကြို​ကျောင်း မတက်​ရ​သေးခင်​ စကားမပီကလာပီကလာ​ပြောတတ်​သည့်​အရွယ်​မှစတင်​ခဲ့​လေသည်​။ သူမ၃နှစ်​မပြည့်​တပြည့်​အရွယ်​ ခြံထဲရှိ ဒန်းက​လေး၌ သူမထိုင်​​နေစဉ်​ သူမတို့​ဘေးအိမ်​သို့ ​ပစ္စည်းတင်​သည့်​ကားကြီးဆိုက်​လာပါသည်​။သူမလည်း လှမ်းကြည့်​ကာစပ်​စုမိသည်​။ကားကြီး​နောက်​၌ တက္ကစီတစ်​စီး ဆိုက်​လာပါသည်​။
  သူမလှမ်းကြည့်​မိရာ တက္ကစီ​ပေါ်မှ အမျိုးသားကြီး တစ်​ဦး၊ အမျိုးသမီးကြီးတစ်​ဦးနှင့်​သူမအရွယ်​​ကောင်​က​လေးတစ်​​ယောက်​ ဆင်းလာသည်​ကို​တွေ့လိုက်​ရခဲ့သည်​။

သူမအရွယ်​​ကောင်​​လေးက သူမလှမ်းကြည့်​​နေသည်​ကို မြင်​သွားပြီး မျက်​စိမှိတ်​ပြပါသည်​။ သူမလည်း ​ခေါင်းကိုငုံ့ ချကာ အိမ်​ထဲသို့ ​ပြေးဝင်​သွားမိပါသည်​။သူမသည်​ ငယ်​ငယ်​ကတည်းက အလွန်​အမင်းလူ​ကြောက်​ပြီး ရှက်​တတ်​သည့်​ က​လေးတစ်​​ယောက်​ ဖြစ်​ပါသည်​။
သူမ​အိမ်​ထဲသို့ ​​ပြေးအဝင်​ သူမအ​မေခြံထဲသို့ အဆင်းတံခါးဝ၌ တိုက်​မိသွားရာ " ဟဲ့...ဟဲ့ ဘာဖြစ်​လာတာလဲ သမီးရယ်​"ဟု သူမအ​မေ လှမ်း​အော်​သည်​ကိုပင်​ သူမမကြားနိုင်​ဘဲ အခန်းထဲ​ပြေး​ဝင်​ပြီး အိပ်​ယာ​ထက်​၌​မှောက်​လျက်​ မျက်​နှာအပ်​ထားကာ ​နေမိပါ​တော့သည်​။
ထို့​နေ့ပြီး​နောက်​တစ်​​နေ့နံနက်​၌ မိသားစုမနက်​စာစားကြ ရင်း​မေ​မေက ​ဘေးအိမ်​ကလူသစ်​​တွေအ​ကြောင်း​ပြော ပါသည်​။ သူမလည်း မနက်​စာစားအပြီး သူမတို့ခြံ​ရှေ့ဆီးပင်​​ခြေရင်းရှိ ခုံတန်းလျား​လေးတွင်​ တစ်​​ယောက်​တည်းထိုင်​​နေစဉ်​ "​ဟေ့ နင့်​နာမည်​ဘယ်​လို​ခေါ်လဲ။"
အသံကြား၍သူမလှည့်​ကြည့်​မိရာမ​နေ့က​ကောင်​​က​လေး။ "နင်​နဲ့ခင်​ချင်​လို့။ ငါ့ကိုနင့်​သူငယ်​ချင်းအဖြစ်​သတ်​မှတ်​​ပေးလို့ရမလား။" "​အင်း ရပါတယ်​ဟာ။"
သူမစကားသံအဆုံး၌ ​ကောင်​က​လေးက သူ့လက်​ညှိုး​နှင့်​လက်​ခလယ်​ကို​ကွေးပြီး သူမ​ရှေ့ထိုး​ပေးလိုက်​ရာ သူမ​က​ခေါ်မယ်​ဆို​သော သ​င်္ကေတဖြင့်​ လက်​​ချောင်း​နှစ်​ခု​ပေါ် ဖိချလိုက်​ပါ​တော့သည်​။
သူမတို့နှစ်​​ယောက်​၏ သံ​ယောဇဉ်​နိဒါန်းကား ဤတွင်​ စတင်​ဖွင့်​လှစ်​ခဲ့​လေပြီ။ သူမတို့ နှစ်​​ယောက်
သံ​ယောဇဉ်​ကား က​လေးဘဝကပင်​ အင်​မတန်​ကြီးခဲ့ကြပါသည်​။
"​အ​မေသားယုယုတို့အိမ်​ဘက်​သွားဦးမယ်​"ဟု လှမ်း​ပြောပြီး ဖြိုး​ဝေ ယုယုတို့အိမ်​ဘက်​သို့ လှမ်းထွက်​လာခဲ့ပါသည်​။ယုယုတို့ အိမ်​ဘက်​​ရောက်​​သောအခါ ယုယုအ​မေက " သား​ရေ သားသူငယ်​ချင်း​တော့ အရမ်းဖျား​နေလို့ ​ဆော့နိုင်​မှာမဟုတ်​ဘူး။" " ဟုတ်​ကဲ့ အန်​တီ။သူအခန်းထဲမှာလား သားဝင်​သွားမယ်​​နော်​" ဟု သူပြန်​​​ပြောပြီး သူမအခန်းထဲဝင်​လာခဲ့သည်​။
ကုတင်​​ပေါ်၌ ပက်​လက်​က​လေးဖြင့်​ နွမ်းနယ်​​သော သူငယ်​ချင်းမမျက်​နှာမြင်​ရ​သောအခါ သူ့ရင်​ထဲနင့်​ကနဲဖြစ်​သွားပါသည်​။ " ဟဲ့ ကတုံးမ ဖျားပြီ။မဟုတ်​လား။ငါ့စကား နားမ​ထောင်​ပဲ စက်​ဘီး​လျောက်​စီးတာ။"
"ငါ့ကို ကတုံးမလို့မ​ခေါ်ပါနဲ့ဆို။" သူမ အသံ​က အားမရှိ ​ဖျော့​တော့စွာဖြင့်​။ "နင်​ပြန်​​တော့​အော်​နိုင်​သား။ နင့်​ဦးထုတ်​​တွေချွတ်​ထားစမ်းပါ။ နင့်​ကတုံးကို ဘယ်​သူမှမမြင်​ပါဘူး"ဟု ​ပြောပြီးဦးထုတ်​ကိုဆွဲချွတ်​ရာ သူမငိုမဲ့မဲ့ဖြစ်​သွားပါသည်​။ "​အေး...​အေး ပြန်​​ဆောင်းထား။ ပြန်​​ဆောင်းထား"ဟု​ပြောပြီး ပြန်​​ချော့လိုက်​ရပါသည်​။
ထိုည၌ပင်​ သူမ​အဖျားကြီးပြီး သတိလစ်​သွား၍ က​လေး​ဆေးရုံသို့ တင်​လိုက်​ရသည်​။နောက်​​တ​နေ့၌ မိဘများနှင့်​အတူ​ဆေးရုံသို့ သတင်းသွား​မေးရာ သူသူမအနားမှမခွာ​တော့​ပေ။ သူမ​ဆေးရုံမှ မဆင်းမချင်းသူမအနားမှာသာ​နေခဲ့သည်​။ လူကြီးများဘယ်​လိုမှ​ချော့​ခေါ်လည်းမရ။ အစားလည်းမစား၍ မနည်း​ချော့​ကျွေးခဲ့ရသည်​။
သူမ​ဆေးရုံမှ ဆင်းပြီးအိမ်​သို့​ရောက်​​သော အခါတွင်​လည်း သူမအနားမှတဖဝါးမှမခွာခဲ့​ပေ။ လူကြီးများပင်​ သူတို့နှစ်​​ယောက်​သံ​ယောဇဉ်​အား တအံ့တသြဖြစ်​ခဲ့ရပါသည်​။
ဤသည်​ကား သူမတို့၏ က​လေးဘဝသံ​ယောဇဉ်​တည်း။
ကျန်​သံ​ယောဇဉ်​များအား အပိုင်း(၂)တွင်​ ဆက်​လက်​ဖတ်​ရှူ့ ပါရန်​။

       " Many kinds of merits for U Phyo who was died last 3 years ago may be equally shared for all living-things who live in the universe.  Equal share... equal share. May be called "Well done". Well done...well done.."
     Yu Yu's tears was being flown when the monks called " well done" at the end. " Daughter; you have to make your feeling well.If my son who was another life know; he will be sad."  Phyo's mother said.But her vision couldn't be clear and could hear voice as well as not hear. " Daughter..; daughter help me. She is slipping mind."
     Passing past times.............

Their attachment between she and he had started before the age of pre-school students .A truck which was fulled with things stopped in front of
the left house of her house while she was sitting on the swing in her compound . Then she inquisitively looked there.After the truck; a taxi stopped there.
She saw a man; a woman and a male child who was the same age of her while she was looking at.The male child teased her by closing his one eye while he was seeing her look.So she got down her head and ran into her house.She had been shameful and had been phobia the srange people since her childhood.
She accidently pushed her mother at the door who was going to the compound while she was running to the house. " Daughter; what happened?" Her mother was shouting her.But she was running to her bed room without hearing her voice and was overturning on her bed.
Her mother was telling about her new neighbours who was beside her house while her family was having breakfast in the next morning. After having breakfast; she was sitting on the bench under the plum in front of her compound. " Hay; what is your name?"
She was looking back because of hearing a voice and she found her male child who was seen. " I want to make friend with you. Can you allow me as your friend?" " Yes; I can." He
was bending his middle finger and overlapping on index finger at the end of her voice.Then his overlapping fingers was placed before her. So she was pressing on these fingers by showing her friendship sign.
The preface of their attachment was started with that condition.Their attachment had been very strong since their childhood.
" Mother; I am going to Yu Yu's house." Phyo Wai said his mother and he was going to her house.When he reached her house; her mother said " Son; Yu Yu is very sick. She cann't play with you."" Yes; aunty. Is she in her bed room? May I go in her room?" He was replying and going into her room.
He seriously felt sad while he was seeing that she was tiredly laying on her bed." Hay; bald girl; Are you ill? You didn't listen I said not to ride bicycle in the hot sun."
" Don't call me bald girl;"she was saying with pale face." You can shout me.Take off your hats and nobody cann't see your bald head;" he was saying and taking off her hats.So she was crying." You are taking on your hats again;" he was soothing her.
Tonight she was seriously ill and slipping mind to send her the hospital.Next day; he and his parents went to the hospital and encouraged her.Then he was staying with her all the time till she went back home.He was persuaded to eat by his parents without eating anything.
He had been with her when she went back home.Their attachment was been surprising by their adults.
This is their childhood's attachment.
Continued to read part (2) the remaining attachment.
@eieikhing
MSC No. 173

image
Credited from google images.

Sort:  

Good

Good writing

Good ပါဗျာ

ကောင်းပါတယ် အပိုင်း၂ကိုစောင့်နေပါမယ်

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​ရှင်​။

ဟုတ်​ကဲ့။ကျေးဇူးပါ။

Good တယ်​ အား​ပေး​နေမယ်

ဟုတ်​ကဲ့။ကျေးဇူးပါရှင့်​။

အပိုင်း၂ မျော်နေမယ်

ဟုတ်​ကဲ့။

Good post ,thz u par

ရေးတတ်တယ်
အပိုင်း၂မျှော်

ဟုတ်​​ကျေးဇူးပါ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 66565.59
ETH 3503.87
USDT 1.00
SBD 2.72