လွယ်လွယ်လေးပါ။
"လွယ်လွယ်လေးပါဟယ်။"ဒီစကားသည် ကျွန်မမည်သည့်အလုပ်ကိုမဆိုလုပ်ကိုင်သည့်အချိန်၌သုံးသော
စကားဖြစ်သည်။ကျွန်မ၏တပည့်များသည်ပင် ကျွန်မအား
"တီချယ်ကတော့ဘာသင်သင်လွယ်လွယ်လေးပါလို့
အမြဲပြောတယ်နော်"ဟုပြောကြပါသည်။
မှန်ပါသည်။ထိုစကားလေးသည်ကျွန်မငယ်ငယ်ကတည်းကမိမိကိုယ်မိမိအားပေးတတ်သောစကားလေးပင်ဖြစ်ပါသည်။ထိုစကားဖြင့်မိမိကိုယ်မိမိအားပေးတတ်အောင် သင်ကြားပေးခဲ့သူမှာကျွန်မ၏ဘဝပန်းချီကားချပ်အား လှပစွာရေးချယ်တတ်စေရန်သင်ကြားပေးခဲ့သူ ကျွန်မ၏လက်ဦးဆရာရှေ့ဆောင်လမ်းပြသူကျွန်မ၏ဖေဖေဖြစ်ပါသည်။
မှတ်မိနေပါသေးသည်။ကျွန်မအသက်၃နှစ်အရွယ်တွင်သရက်ပင်ပေါ်သို့သရက်သီးတက်ခူးရန်ကြိုးစားခဲ့သည်။
သရက်ပင်ခွကြားသည်သိပ်မမြင့်လှသော်လည်း ၃နှစ်အရွယ်ကလေးအဖို့မနည်းကြိုးစား၍တက်နေရသည်။ဤသည်ကိုအမေနှင့်အဘွားမြင်၍ဒေါသကြီးစွာဖြင့်
တုတ်ကိုင်၍ဆင်းခဲ့ရန်ပြောသည်။ထိုအချိန်တွင် အဖေ
အပြင်မှပြန်ရောက်လာခဲ့သည်။
အမေနှင့်အဘွားလက်မှတုတ်ကိုဆွဲယူပြီးလွှင့်ပစ်ခဲ့သည်။အမေနှင့်အဘွားအားလည်းကျွန်မအားရိုက်သည်ကို မကြိုက်ကြောင်းပြောခဲ့လေသည်။ကျွန်မအားအဖေက"အဖေ့သမီးလေးကသတ္တိအရမ်းရှိတာ။တဆင့်ချင်းစီ
တက်တက်ဖြေးဖြေးတက်။လွယ်လွယ်လေးသမီးရဲ့"
ဟူသောစကားဖြင့်အားပေးခဲ့လေသည်။အဖေပြောသည့်အတိုင်းတလှမ်းချင်းတဆင့်ချင်းဖြေးဖြေးချင်းတက်သွား
ရာနောက်ဆုံး၌ကျွန်မသရက်ပင်ခွကြားသို့ရောက်ရှိသွားပါသည်။ပြန်ဆင်းရာတွင်လည်းအောက်သို့လုံးဝငုံ့ကြည့်ခြင်းမရှိဘဲတဆင့်ချင်းစီဆင်းသွားရာမြေပြင်ပေါ်သို့လွယ်ကူချောမောစွာရောက်ရှိသွားခဲ့ပါသည်။
အသက်၅နှစ်ပြည့်၍ကျောင်းစနေသည့်အရွယ်သို့ရောက်ရှိသောအခါ၌လည်းအဖေ၏လွယ်လွယ်လေးပါဆိုသည့်စကားသည်နားထဲစွဲနေခဲ့ပါသည်။သူငယ်တန်းကျောင်းသူဘဝ၏ပထမဆုံးလပတ်စာမေးပွဲစတင်ဖြေရမည့်အချိန်၌ကျွန်မသည်အရမ်းပင်စိတ်လှူပ်ရှားနေခဲ့သည်။
ကျွန်မ၏စိတ်လှူပ်ရှားမှူကိုသိသည့်ကျွန်မ၏အဖေသည် ကျွန်မအား"သမီးခါတိုင်းစာရေးသလိုမျိုးပဲလေ။သမီးရပြီး
သားစာတွေကိုပြန်စဉ်းစားပြီးတစ်လုံးချင်းစီပြန်ချရေး
ရတာကိုစာမေးပွဲလို့ခေါ်တာပဲသမီးရဲ့ဘာခက်လို့လဲ။လွယ်လွယ်လေးလေသမီးရဲ့။"ဟုအားပေးစကားပြော ကြားခဲ့လေသည်။
အလယ်တန်းကျောင်းသူဘဝ၌လည်း"စာကျက်ရတာ
ခက်လိုက်တာ"ဟုအဖေ့ရှေ့ငြီးမိလျှင်အဖေကစာကျက်
ပုံအားမည်သို့နှလုံးသွင်းမည်ကိုသင်ပေးခဲ့လေသည်။
အဖေ၏စာကျက်နည်းကား"သမီးစာတပုဒ်လုံးကိုမကြည့်နဲ့။တစ်ကြောင်းချင်းစီကိုအရင်ကြည့်ပြီးဆိုသွား။
စာကြောင်းတွေကသမီးမသိတဲ့စာလုံးတွေနဲ့ရေးထား
တာရှိလို့လား။တစ်ကြောင်းရပြီးမှနောက်တစ်ကြောင်းကိုဆိုကြည့်။ပြီးရင်၂ကြောင်းပေါင်းဆို။ဒီလိုတစ်ကြောင်းချင်းစီဆိုသွားရင်မရစရာအကြောင်းမရှိဘူးလေသမီး။လွယ်လွယ်လေးပါသမီးရယ်။"ဟူသောစကားပင် ဖြစ်ပါသည်။
ကျွန်မသည်တက္ကသိုလ်တက်ရင်းဖြင့်အသိကုမ္ပဏီတစ်ခု၏Cosmesticများအား Marketingအချိန်ပိုင်းအလုပ်ရခဲ့သည်။Marketingဆင်းဖို့ကျွန်မအရမ်းစိုးရိမ်နေခဲ့သည်။"ဘယ်လိုပြောရမလဲ။ကိုယ့်ပစ္စည်းကို
သူတို့ဝယ်ပါ့မလား။"စသည့်ပူပန်မှူမျိုးစုံဖြစ်ခဲ့သည်။
ထို့ကြောင့်ကျွန်မ၏ပူပန်မှူများအားကျွန်မ၏ အဖေအား
ရင်ဖွင့်ပြောပြခဲ့သည်။
ထိုအခါ၏ကျွန်မ၏အဖေကကျွန်မအားMarketing
ဆင်းသည်ဟူသောအတွေးဖြင့်ပုံကြီးမချဲ့သင့်ကြောင်း။
လူတွေကိုစကားသွားပြောသည်ဟူသောအတွေးဖြင့်သာ
တဆင့်ခြင်းလုပ်သွားသင့်ကြောင်းအစပြု၍သင်ကြားပေး
ပါတော့သည်။
"ပထမဦးဆုံးသမီးသွားရောင်းမယ့်ဆိုင်ကဆိုင်ရှင်ကို
သမီးပြုံးပြုံးကလေးနေပြီးသမီးရောင်းရမယ့်ပစ္စည်း
အကြောင်းကိုသမီးပါးစပ်ကလေးလူပ်ပြီး
စကားလေးပြောမယ်။ဒါလည်းဘာခက်လဲ။သမီးသူငယ်ချင်းတွေနဲ့လည်းသမီးCosmeticsတွေအကြောင်းအရင်တုန်းကမပြောဖူးဘူးလား။အဲဒီလိုစိတ်ထားလိုက်။
ပြီးရင်အဲဒီဆိုင်ရှင်ကသမီးပစ္စည်းကိုယူမယ်။မယူဘူး ။ပြန်ပြောမယ်။အဲဒါကိုသမီးကပြုံးပြုံးလေးပြန်နားထောင်ရုံပဲလေ။ဘာခက်လဲ။လွယ်လွယ်ကလေးပဲဟာ။"ဟူ၍
ဖြစ်လေသည်။
အဖေ၏"လွယ်လွယ်ကလေးပါ"ဟုအရာရာတိုင်းအား တပေါင်းတစုတည်းမမြင်ဘဲအစိတ်စိတ်အမွှာမွှာခွဲဖြာစမ်းစစ်သည့်နည်းအားကျွန်မသည်ဘဝ၌အခက်အခဲများစွာ
ဖြင့်ကြုံတွေ့သည့်အခါလွယ်လွယ်ကူကူပင်ကျော်လွှား
ဖြတ်ကျော်နိုင်ခဲ့သည့်အတွေ့အကြုံများရရှိခဲ့လေသည်။
၎င်းအတွေ့အကြုံများစွာထဲ၌မှတ်မှတ်ရရအဖြစ်အပျက်တစ်ခုရှိခဲ့ပါသည်။ကျွန်မမိဘများထားခဲ့သည့်အမွေအနှစ်အိမ်ကလေးသည်ပျက်စီးယိုယွင်းလာခဲ့ပါသည်။ကျွန်မသည်အိမ်ကလေးအားပြုပြင်ရန်ငွေကြေးလုံလောက်စွာမရှိခဲ့ပါ။ထို့ကြောင့်ကျွန်မသည်ကျွန်မအိမ်ကလေးအား
ဖျက်ချ၍အခန်းပေးအခန်းယူစနစ်ဖြင့်ကန်ထရိုက်အပ်ခဲ့ရပါသည်။
၎င်းကန်ထရိုက်တာသည်စာချုပ်ပြည့်သည့်ရက်အထိ
ပြီးဆုံးအောင်ဆောက်လုပ်ခြင်းမပြုခဲ့ပါ။ရပ်ကွက်ရုံးသို့ ဆင့်ခေါ်၍ပြဿ နာအားဖြေရှင်းရန်ကြိုးစားခဲ့သော်လည်း
လာရောက်ဖြေရှင်းခြင်းမရှိခဲ့ပါ။ထို့ကြောင့်ရဲစခန်းတွင်အမှူဖွင့်အရေးယူရန်အကြောင်းပေါ်ပေါက်လာခဲ့ပါသည်။
ကျွန်မဘဝ၌မမျှော်လင့်သောကိစ္စတစ်ရပ်ပင်ဖြစ်ခဲ့သည်။ရဲစခန်းဆိုသည့်နေရာသည်အလုပ်အတွက်ထောက်ခံစာ
ယူသည့်ကိစ္စမှလွဲ၍ပတ်သတ်ဆက်နွယ်၍အကျွမ်းတဝင်
သွားရောက်ဖူးသည့်နေရာမဟုတ်ပေ။
မတိုင်ကြား၍လည်းမဖြစ်သည့်အခြေအနေသို့ရောက်ရှိ
ခဲ့ပေသည်။ထိုအခါတွင်ကျွန်မသည်အဖေပြောခဲ့သည့်လွယ်လွယ်ကလေးပါဟူသောစကားအားအမှတ်ရခဲ့မိ
သည်။စခန်းမှူးသည်လည်းစကားပြောဆက်ဆံနေရ
သည့်လူသားထဲမှလူသားတစ်ယောက်သာဖြစ်သည်။တခြားသူများအားလည်းမိမိကိစ္စအကူအညီလိုအပ်သည့်အခါများတွင်အကူအညီတောင်းဖူးပေသည်။ယခုအခြေ
အနေသည်လည်းအတူတူပင်ဖြစ်သည်။ဘာများခက်ပါသနည်း။လွယ်လွယ်ကလေးပါဟုဖြေသိမ့်ပြီးဖြေရှင်းခဲ့ပါသည်။
ဤကမ္ဘာလောက၌မည်သည့်အရာမဆိုပေါင်းစု၍တည်ရှိဖြစ်တည်နေခြင်းဖြစ်သည်။အသေးငယ်ဆုံးသောအက်တမ်ဟူသည့်အမှူန်ကလေး၌ပင်ပရိုတွန်၊နယူတွန်နှင့်အက်လက်ထရွန်ဆိုသည့်အရာများပေါင်းစပ်ဖွဲ့စည်းနေ
ပါသည်ဟုသိပ္ပံပညာရှင်များကခွဲခြမ်းစိတ်ဖြာပြခဲ့ပါသည်။
လူဟူသောပညတ်ကိုဆံပင်၊၊အရိုး၊အသား၊သွေးစသည်ဖြင့်ကောဠာသ၃၂ပါးဖြင့်ခွဲခြမ်းစိတ်ဖြာကြည့်ပါက
လူသားဆိုသည့်ပညတ်သည်အဘယ်မှာရှိအံနည်း။
ထို့အတူအရာရာတိုင်းအားအပေါင်းအစုဟူ၍ရှူမြင်သုံးသပ်ခြင်းသည်မှားယွင်းသောအမြင်တမျိုးပင်ဖြစ်ပါသည်။ထို့ကြောင့်လောကီလူသားကျွန်မတို့သည်ကိစ္စရပ်တိုင်း၌ ခွဲခြမ်းစိတ်ဖြာလေ့လာစမ်းစစ်၍ တဆင့်ချင်းလျောက်လှမ်းသွားပါကအောင်မြင်မှူပန်းတိုင်သည်
မလွဲမသွေကြိုဆိုနေပေလိမ့်မည်ဟုတိုက်တွန်း၍နိဂုံးချုပ်ပါသည်။
အခက်အခဲဟူသမျှတဆင့်ချင်းဖြေရှင်း၍ လွယ်ကူစွာ
ဖြတ်သန်းကျော်လွှားနိုင်ပါစေဟုဆန္ဒပြုရင်း
အိအိခိုင်ခံစားရေးဖွဲ့သည်။
MSC No.173.
Credited from google images.
"လွယ်လွယ်လေးပါ" အဲလိုခံယူချက်လေးနဲ့ကြိုးစားလျှောက်လှမ်းကြတာပေါ့ မအိရေ
ဟုတ်ကဲ့မဇင်ရေ
စာရေးဆရာကြီး မအိကို အားပေးနေပါတယ် ခင်ဗျာ 😁😁😁😁
ဟီးနောက်ပါနဲ့
ဟုတ်ပါတယ်ဗျာ ခက်ခဲတယ်လို့ စိတ်ထဲထင်နေရင်လည်း ဘယ်လိုကျော်ဖြတ်ကြရမလဲ
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်။အရာအားလုံးကိုလွယ်ကူစွာကျော်ဖြတ်ကြတာပေါ့ရှင်။
လွယ်လွယ်လေးပါနော်
ဟုတ်ကဲ့လွယ်လွယ်လေးပါ။
မှတ်သားစရာပါပဲsis👍
ဟုတ်ကဲ့ကျေးဇူးပါ
မအိအဖေရဲ့"လွယ်လွယ်လေးပါ"ဆိုတဲ့စကားက တာသွားလှပေတယ်
ဟုတ်ကဲ့ကျေးဇူး
အရမ်းကောင်းပါတယ်ဗျာအားပေးနေပါတယ်
ဟုတ်ကဲ့ကျေးဇူးပါ
ကောင်းမွန်သော အတွေးခေါ်များပိုင်ဆိုင်နေသ၍ မအိ အောင်မြင်နေအုံးမှာပါဗျ
ဟုတ်ကဲ့ရှင့်ကျေးဇူးပါနော်။
အခက်ခဲတွေကို လွယ်ကူစွာ ရင်ဆိုင်ဖြေရှင်းနိုင်ပါစေအမ
ဟုတ်ကဲ့မောင်လေးရေ။ကျေးဇူးအများကြီးတင်တယ်နော်။
ရေးထားကောင်းတယ်ဗျာ။
ဘဝကို ပေါ့ပေါ့ပါးပါးရင်ဆိုင်တာအကောင်းဆုံးထင်ပါတယ်။
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်