လူမှူပတ်ဝန်းကျင်၏ပြောင်းလဲလာမှူ
လူ့ပြည်မှအပ်တစ်စင်းနှင့်ဗြဟ္မာ့ပြည်မှအပ်တစ်စင်းထိသည် ကလွယ်ပေဦးမည်။လူ့ဘဝရဖို့ခဲယဉ်းလှသည်။အထက်ပါပြောကြားချက်အား စာအုပ်များ၊ရဟန်းသံဃာများ၏ဟောကြားချက်များ၊ လူကြီးသူမများ၏ပြော
ကြားချက်များ၌ သိရှိပြီးဖြစ်ပေလိမ့်မည်။သို့သော်လည်း
စာရေးသူတို့ပုထုဇဉ်များအဖို့ ရရှိလာသောလူ့ဘဝကို အကျိုးရှိစွာအသုံးချသူနည်းလှပေသည်။
ပုထုဇဉ်ဘဝသည်ကား ကုသိုလ်တစ်ပဲ၊ငရဲတစ်ပိဿာဟု
ပင်ဆိုရပေမည်။ယနေ့ခေတ်လူနေမှူဘဝ၌ ပို၍ပင်ဆိုးရွားလာသည်ဟုစာရေးသူထင်မြင်မိသည်။မိမိတို့ငယ်စဉ်က ဘတ်စ်ကားစီးသောအခါ၌"သံဃာတော်များသီးသန့်သာ" စသဖြင့်ရေးသားထားသည့်ဘတ်စ်ကား၏ရှေ့ပိုင်းခုံ၃ခုံလောက်တွင်ထိုင်နေသူများသည်
ရဟန်းသံဃာများကြွလာသောအခါ၌ အလိုက်တသိပင်
ထ၍နေရာပေးကြပါသည်။တလေးတစားရှိကြသည်။
ယခုကာလ၌မူခြားနားပေစွ။YBSပေါ်၌ရဟန်းသံဃာ ကြများကြွလာသည်ကိုပင်ဖယ်ပေးရကောင်းမှန်းမသိကြ
သည်ကို ပင်တွေ့ကြုံ မြင်တွေ့နေရပေတော့သည်။
အလေးအမြတ်ပြုရမည့်ရတနာသုံးပါးကိုပင်လျစ်လျူ ရှူ့နေ
ကြသည်ကိုတွေ့ရှိရပါသည်။
စာရေးသူတို့ငယ်စဉ်ကအိမ်၌ ထမင်းကုန်သည်ကအစ
ထမင်းပန်းကန်လေးဖြင့်အိမ်နီးချင်းအိမ်များမှမည်သူ့အိမ်
မဆိုတောင်း၍ရသည်။ကိုယ့်အိမ်၌ထမင်းကုန်လျှင်လည်းဘေးနားပတ်ဝန်းကျင်အိမ်များသို့တောင်းကြသည်။အိမ်နီးနားချင်းများမှထမင်းလိုလျှင်လည်း ကိုယ့်အိမ်သို့လာ၍
ယူလေ့ရှိသည်။မည်သူမှလည်းငြိုငြင်မူမရှိကြပေ။အလေ့
အထပင်ဖြစ်၍နေပေသေးသည်။
ယခုအချိန်၌မူဤကဲ့သို့အလေ့အထမျိုးဝေးပေစွ။တစ်အိမ်နှင့်တစ်အိမ် မည်သူမည်ဝါနေမှန်းပင်မသိကြတော့ပေ။ရန်ကုန်မြို့ရှိတိုက်ခန်းနေသူများပို၍ ဆိုးလှသည်။
မိမိ၏ဘေးခန်း၌ ဘာဖြစ်နေမှန်းပင်မသိကြပေ။အဆက်အဆံလည်းမရှိသလောက်ပင်ဖြစ်နေကြပေသည်။
ထို့ကြောင့်မြို့ပြလူနေမှူစနစ်သည် တစ်ယောက်နှင့်
တစ်ယောက် တစ်မိသားစုနှင့်တစ်မိသားစုရင်းနှီးချစ်ကြည်မှူလျော့နည်းလာသည်ဟုထင်မြင်မိပါသည်။
စားဝတ်နေရေးအတွက်နေ့စဉ် မအားလပ်နိုင်အောင် အဆက်မပြတ်အလုပ်လုပ်ကြရသည်။ကြီးမြင့်လာသော
ကုန်ဈေးနှူန်းအခြေအနေကြောင့် အိမ်ရှိလူကုန်နီးပါး
အလုပ်သွားကြရသည်။အိမ်နီးနားချင်းမဆိုထားနှင့် မိမိ၏မိသားစုဝင်များပင်တွေ့ဆုံဖို့အချိန်နည်းပါးလာကြ
သည်။
ထို့ကြောင့်မြို့ပြလူမှူပတ်ဝန်းကျင်သည်အေးစက်စက်
နိုင်လှပြီး ရိုင်းပင်းကူညီမှူနည်းပါးလာသည်ဟုစာရေး
သူထင်မြင်မိသည်။မိမိတို့ငယ်စဉ်အချိန်က စာရေးသူ
အဘိုးနှင့်အဘွားသည်နှစ်ဖက်ဆွေမျိုးများ၊သားသမီးမြေး
များအားလုံးအား ဘုရားဖူးပို့ခြင်း၊ဇာတ်ပွဲများအားအကုန်
အကျခံကာလိုက်ပြခြင်းစသဖြင့်ပြုနိုင်ကြသည်။နယ်မှမိမိတို့မိတ်ဆွေများ ရန်ကုန်လာလျှင်အိမ်၌တစ်လကိုးသီတင်း တည်းခိုလေ့ရှိသည်။ဘုရားဖူးလာခြင်း၊အလုပ်ကိစ္စများကြောင့်လာရောက်ခြင်း၊ဆေးလာကုကြ
ခြင်းစသဖြင့်ကိစ္စ အမျိုးမျိုးဖြင့်ရန်ကုန်သို့လာရောက်ကြသည်။လာသမျဧည့်သည်များအား မငြိုမငြင်ပင်
ဧည့်ခံကျွေးမွေးကြသည်။၃လကြာမျှတည်းခိုသွားသည့် ဧည့်သည်များပင်ရှိခဲ့သည်။အိမ်၌ဧည့်သည်မပြတ် စည်ကားနေခဲ့ပါသည်။
ယခုအချိန်နှင့်ခြားနားလှပေသည်။မိမိတဝမ်းအတွက်ပင်
မိမိတို့မနည်းကြိုးစားရှာဖွေရုန်းကန်နေကြရသည်။
ထို့ကြောင့်လည်း အချင်းချင်းကိုယ်ချင်းစာနာလည်မှူ၊
ဂရုဏာ၊မေတ္တာဆိုသည့်ဗြဟ္မာစိုတရားများနည်းပါးလာ
ခြင်းဖြစ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ မိမိတို့သည်ခေတ်အချိန်အခါအရ
စားဝတ်နေရေးအတွက်ကြိုးစားရုန်းကန်ရှာဖွေနေရသော်
လည်း ရတနာသုံးပါးအားဦးထိပ်ထားလေးစားမှူ၊ ကိုယ်နှင့်လည်းစာနာကိုယ်ချင်းစာတရားလက်ကိုင်ထားသည့်
ရိုင်းပင်းကူညီစာနာသနားမှူများကို မိမိနှင့်တွေ့ကြုံဆက်
ဆံရသည့်လူမှူပတ်ဝန်းကျင်၌ လိုက်နာကျင့်သုံးဆောင်
ရွက်သင့်လှပေသည်။ရခဲလှသည့်လူ့ဘဝ၌ဒါန၊သီလ၊ဘာဝနာအလုပ်များအား သမုဒရာဝမ်းတစ်ထွာအတွက်
ကြိုးစားရှာဖွေရင်းဖြင့်ပင် တတ်စွမ်းသမျှအားထုတ် ကြိုးပမ်းသင့်ကြောင်း တင်ပြရင်းဖြင့်ဤစာစုအား
နိဂုံးချုပ်လိုက်ရပါတော့သည်။
အိအိခိုင်ရေးသားသည်။
MSC No.173.
Credited image from https://www.pexels.com/photo/action-america-architecture-avenue-378570/
မှတ်သားစရာပါ မအိရေ
ဟုတ်ကဲ့မမ
စာရေးကောင်းလိုက်တာစာရေးဆရာမကြီးမမရေ...အားပေးနေမယ်ဗျာ။
ဟုတ်ကဲ့ကျေးဇူးပါရှင့်😌😌
ခေတ်ကြီးကိုက ဆုတ်ယုတ်လာပြီဗျ
ဟုတ်တယ်ကိုသန့်ဇင်ရေ။
အချို့က ပင်ကို အသိစိတ်ကိုက အားနဲကြတယ် မအိရေ။
ဟုတ်တယ်ကိုမြင့်ရေ။
လူတိုင်းသာကိုယ်ချင်းစာစိတ်ရှိရင်ကောင်းမှာပဲ
ဟုတ်ကဲ့
အခုက ပိုပိုဆိုးလာပြီဗျ။ ပါတ်ဝန်းကျင်က လူတွေနဲ့မဆိုထားနဲ့ ကိုယ့်မိသားစုထဲက လူခြင်းတောင် စကားပြောတာနည်းလာကြပြီ။ အကြောင်းရင်းကတော့ သူ့ဖုန်းကိုယ့်ဖုန်းပွတ်ကြရင်း ပါတ်ဝန်းကျင်နဲ့ တဖြည်းဖြည်းကင်းကွာလာကြသလားလို့။
အမှန်ပဲကိုထွေးရေ။ကိုယ်ကိုယ်တိုင်တောင်အဲလိုဖြစ်နေတယ်။
ရေးထားတာလေးကောင်းပါတယ်ဗျ
ဟုတ်ကဲ့ကျေးဇူးပါရှင်။
လူသားအကျိုးပြုတဲ့ post လေးပေပဲဗျာ
ဟုတ်ကဲ့ကျေးဇူးပါရှင်
လူနေမှုစနစ်တွေက ကွာဟကြပါတယ် ... ပတ်ဝန်းကျင်တွေက သင်ပေးမှုတွေကြောင့်လည်း ပါမယ်
ဟုတ်ပါတယ်ရှင်။
ရခဲလှတဲ့ လူ့ဘဝကို အကျိုးရှိရှိ အသုံးချရမယ်ပေါ့ဗျာ
ဟုတ်ကဲ့