ကိုယ်​ချင်းစာတရားဟူသည်​...။

in #myanmar6 years ago

တ​နေ့တ​နေ့​လေပြုတ်​ကျသံသရာလည်​Tradeကလည်းအိ​ပ်​ချင်​မူးတူးဖြင့်​ဂဏန်း​တွေမှားရိုက်​မိဖြင့်​အဆင်​မ​ပြေ
မှူ​ပေါင်းများစွာဖြင့်​မတ်​မတ်​အိတစ်​​ယောက်​ညစ်​​နေမိ​ပေါ့။
ထို့​ကြောင့်​လည်းစာကမ​ရေးဖြစ်​။ဟို​ယောင်​​ဒီ​ယောင်​လုပ်​​ရင်းဖြင့်​​တွေးမိသည့်​အချက်​များအားpostအဖြစ်​ဖန်
တီးမိလိုက်​ပါ​တော့သည်​။
"ကျန်းမာကြပါ​စေ။ချမ်းသာကြပါ​စေ။"စသည်​ဖြင့်​​မေတ္တာ
ပို့သံ​ဝေစည်​စွာဖြင့်​​ဘေးပတ်​ဝန်းကျင်​အိမ်​များမှကြား
လိုက်​မိသည်​။ထို့​ကြောင့်​လည်းအ​တွေးများက​မေတ္တာ
ဆိုသည့်​စကား​လေး​အား​တွေးကြည့်​​နေမိသည်​။
လွန်​ခဲ့​သော၁၀နှစ်​ခန့်​​လောက်​ဖြစ်​မည်​ထင်​ပါသည်​။
စာ​ရေးသူ​မေတ္တာသုတ်​ပရိတ်​​တော်​အားတ​နေ့၁၀၈​ခေါက်
အဓိဌာန်​ပြု၍ရွတ်​ဖတ်​မိသည်​။ထိုစဉ်​အချိန်​က​တော့မိမိ
သည်​လည်း​လေး​လေးနက်​နက်​ဖြင့်​စဉ်းစားမိသည်​မဟုတ်​​ချေ။
လူငယ်​ပီပီမိမိ၏အလုပ်​အကိုင်​ပတ်​ဝန်းကျင်​၌လူချစ်​လူ
ခင်​များချင်​ခဲ့သည်​။မျက်​နှာမြင်​ချစ်​ခင်​ပါ​စေဟူ​သောဆုအား
ပြည့်​ချင်​မိသည်​။ထို့​ကြောင့်​လည်းအားပါးရပင်​ရွတ်​ဖတ်​မိ
သည်​။၁၀၈​ခေါက်​မကပင်​ဖြစ်​သည်​။
အသက်​အရွယ်​အ​တော်​အတန်​ရ၍မိမိ၏အသိက​လေး
ဖြင့်​ဘာသာ​ရေးအ​ကြောင်းအား​လေး​လေးနက်​နက်​သိ
ချင်​လာမိသည်​။ထို့​ကြောင့်​ပင်​လက်​လှမ်းမီရာစာအုပ်​များ၊
ဆရာ​တော်​ဘုရားကြီးများ၏တရားများအားနာယူခဲ့သည်​။
ထို့​နောက်​သိချင်​သည့်​အ​ကြောင်းအရာများသိရှိရန်​အဘိဓမ္မာသင်​တန်းတက်​ခဲ့သည်​။
ထိုအခါ၌မိမိမျက်​နှာပွင့်​လန်းချင်​၍အဓိပ္ပာယ်​အား​လေး​နက်​စွာမ​လေ့လာမဖတ်​ရှူ့မိဘဲ​ရွတ်​ဆိုရုံမျှသာရွတ်​ဆိုခဲ့
မိသည်​မိမိဖာသာမိမိ​လေ့လာဆန်းစစ်​မိ​လေသည်​။
ထို့ပြင်​​မိမိ​တွေး​တော​နေမိသည့်​စကားလုံး​လေးတခု
သည်​ကားကိုယ်​ချင်းစာတတ်​မှူဟူသည့်​စကားလုံး​လေး
ပင်​ဖြစ်​သည်​။မိမိကိုယ်​ကိုမိမိ​ဝေဖန်​သုံးသပ်​မိသည်​။အထက်​ဝန်းကျင်​​အောက်​ဝန်းကျင်​စသဖြင့်​သတ္တဝါအား
လုံးအားကျန်းမာကြပါ​စေ၊ချမ်းသာကြပါ​စေစသည်​ဖြင့်
သာရွတ်​ဆို​နေမိသည်​။
အမှန်​တကယ်​လူတဖက်​သားအားပြစ်​တင်​​ဝေဖန်​စရာရှိ
လျှင်​ပစ်​ပစ်​နှစ်​နစ်​ပင်​​ပြောဆို​ဝေဖန်​မိသည်​။ထိုသူ​နေရာ၌
မိမိသာလျှင်​ဆိုသည့်​အ​တွေးမျိုးမ​တွေးမိကြ​ပေ။
အလားတူပင်​မိမိကိုယ်​တိုင်​သည်​လည်းဘုရားတကာ
အရပ်​ထဲ၌လူကြီးလူ​ကောင်းဟူသည့်​လူမျိုးများ၏ထိုးနှက်​မှူအားခံခဲ့ရသည်​လည်းရှိသည်​။သားသမီးချင်းမစာမနာ​ပင်​​ပြောဆိုထိုးနှက်​မှူများလည်းကြုံ​တွေ့ခဲ့ရသည်​။ထိုသူများသည်​လည်းမနက်​ချိန်​ခါမိုး​သောက်​၌ကျန်းမားကြပါ​စေ။ချမ်းသာကြပါ​စေဟူ၍ခုနှစ်​အိမ်​ကြားရှစ်​အိမ်​ကြားဘုရားရှိခိုးကြသူများပင်​ဖြစ်​သည်​။
သို့​သော်​လည်းထိုသူတို့၏သားသမီးအရွယ်​ဖြစ်​​သောမိမိ
အားမညှာမတာ​ပြောဆို၍မိမိ၏တချို့​သောကိစ္စများ၌​မြေ
နိမ့်​ရာလှန်​စိုက်​မိဘမရှိမိမိကိုယ်​မိမိထိန်း​ကျောင်း​နေ
၍​​ကိုယ့်​​ခြေ​ထောက်​​ပေါ်ရပ်​တည်​​နေ​သောမိမိအားအုပ်​စု
လိုက်​ဖြင့်​ထိုးနှက်​ကြသူကိုလည်းရင်​ဆိုင်​ခဲ့ရသည်​။
ထို့​ကြောင့်​​မေတ္တာစိတ်​ဆိုသည်​မှာအဘယ်​နည်းဟုစဉ်းစား​တွေး​တော​နေမိသည်​။
လူသားတိုင်းတစ်​​ယောက်​နှင့်​တစ်​​ယောက်​ကိုယ်​ချင်းစာတရားထားမှူဟုအဓိပ္ပာယ်​ဖွင့်​ဆို​နေခဲ့မိသည်​။
လူသားအချင်းချင်းကိုယ်​ချင်းစာတရားမည်​မျှထားသည်
ကိုတိုင်းတာခြင်းသည်​​​မေတ္တာစိတ်​မည်​မျှရှိသည်​ကိုတိုင်း
တာခြင်းပင်​ဖြစ်​သည်​ဟု​တွေး​တောမိသည်​။
မိမိကိုယ်​တိုင်​သည်​လည်းတခါတရံမိမိထက်​နိမ့်​ပါးသူများ
အားကိုယ်​ချင်းစာစိတ်​နည်းပါးစွာဖြင့်​​ပြောဆိုမိသည်​လည်းရှိခဲ့သည်​။မိမိ​ပြောမိပြီးမှသာသူ့​နေရာ၌ကိုယ်​သာဖြစ်​လျှင်​ဆိုသည့်​အ​တွေးမျိုးဖြင့်​​နောင်​တရမိသည်​လည်းရှိခဲ့သည်​။ထို့​ကြောင့်​လည်းကျန်းမာကြပါ​စေ၊ချမ်း
သာကြပါ​စေမိမိမည်​မျှပင်​ရွတ်​မိမိ၊​မေတ္တာသုတ်​များမည်​မျှပင်​ရွတ်​ဆိုမိမိကိုယ်​ချင်းစာစိတ်​​ခေါင်းပါးသည့်​မိမိသည်
အချည်းနှီးသာဖြစ်​သည်​ဟု​တွေးမိသည်​လည်းရှိခဲ့သည်​။
လူတစ်​​ယောက်​အားမ​ပြောဆိုမီ​ပြောသင့်​မ​ပြောသင့်​စဉ်းစားသင့်​သည်​။မိမိ၏စကားသည်​မိမိနှင့်​သူတပါးနှစ်​ဘက်​စလုံးအကျိုးရှိသည့်​စကား​ပေ​လော။သူတပါးအကျိုး
ရှိမည့်​စကား​ပေ​လောစသည်​ဖြင့်​စဉ်းစားသင့်​သည်​ဟုထင်​မြင်​မိသည်​။
ထို့ပြင်​မိမိတို့သုံးစွဲ​နေသည့်​fb;Twitterစသည်​ဖြင့်​social mediaများ၌comment​ပေးသည့်​တချို့
စကားလုံးများအားစာ​ရေးသူဖတ်​မိသည်​။တချို့​သော
commentများ၌သားသမီးချင်း၊နှမချင်းစသည်​ဖြင့်
ကိုယ်​ချင်းမစာနာလွန်​လွန်​ကျူးကျူးမန့်​ထားသည်​အား
ဖတ်​မိရသည်​။ထိုအခါ၌commentအ​ရေးခံရသည့်
လူ​နေရာ၌စာ​ရေးသူဝင်​ခံစားမိသည်​။
ထိုသူသည်​၎င်းတို့လွန်​လွန်​ကျူးကျူး​ပြောဆိုမန့်​ထားသလိုမဟုတ်​ခဲ့ပါလျှင်​အသားလွတ်​​စော်​ကား​မော်
ကားအ​ပြောဆိုခံရခြင်းဖြစ်​​ပေလိမ့်​မည်​။ထို့အပြင်​မိမိတို့
အ​သေးစိတ်​​ခြေ​ခြေမြစ်​မြစ်​မသိရှိဘဲ​ပြောဆိုမိသည့်
comment​လေးသည်​တဖက်​လူ၌စိတ်​ဒဏ်​ရာပြင်း
ပြင်းထန်​ထန်​ရရှိအရှက်​ရ၍၎င်းလူသည်​ကိုယ့်​ကိုယ်​သတ်​​သေမိသည်​အထိဖြစ်​သွားလျှင်​ဆိုသည့်​အ​တွေး
မျိုးထိမိမိ​တွေးမိခဲ့သည်​။
ထို့​ကြောင့်​ပင်​ကျန်းမာကြပါ​စေ။ချမ်းသာကြပါ​စေဟု​အော်
ဆို​နေမည့်​အစားကိုယ်​ချင်းစာတရား​လေးထား၍​ပြောဆို
ကြလျှင်​ပို၍​ကောင်း​ပေလိမ့်​မည်​ဟုထင်​မြင်​မိသည်​။
၎င်းသည်​ဝစီကံဖြင့်​​မေတ္တာစိတ်​ထားခြင်း၊မ​နောကံဖြင့်
သတ္တဝါများအား​မေတ္တာထားခြင်းဖြစ်​​ပေလိမ့်​မည်​။ထို့အပြင်​မိမိပတ်​ဝန်းကျင်​၊မိမိနှင့်​ထိ​တွေ့ဆက်​ဆံသူများ
စသည်​တို့အားမိမိတတ်​နိုင်​သ​လောက်​ကူညီခြင်း၊တတ်​နိုင်​သ​လောက်​​ပေးကမ်းစွန်​ကျဲခြင်းစသည်​တို့သည်​ကား
ကာယကံဖြင့်​​မေတ္တာတရားထားခြင်းဖြစ်​​ပေလိမ့်​မည်​။
ထို့​ကြောင့်​ပင်​စာ​ရေးသူသည်​မိမိစိတ်​အားမိမိလူတဖက်​သားအားကိုယ်​ချင်းစာစိတ်​ထားရန်​ဆုံးမ​နေမိသည်​။
မိမိ၏စကား​လေးတခွန်း​ကြောင့်​လူတဖက်​သားစိတ်​ဒဏ်​ရာရနစ်​နာမသွား​စေရန်​အတတ်​နိုင်​ဆုံးသတိ​လေးထား၍
မိမိ၏ဝစီအားထိန်းသိမ်းရ​ပေမည်​။မိမိ၏comment
တစ်​​ကြောင်းသည်​တဖက်​သားအားထိခိုက်​နစ်​နာမှူမ
ရှိ​စေရန်​ဆင်​ခြင်​ရ​ပေမည်​။
အထက်​ပါအချက်​များသည်​စာ​ရေးသူ၏အ​တွေးသက်​သက်​ဖြင့်​​ရေးသားထားခြင်းသာဖြစ်​​ပေသည်​။ထို့​ကြောင့်
Steemitသည်​social mediaဖြစ်​​သော​ကြောင့်
စာ​ရေးသူ၏​ရေးသားချက်​များအား​ဆွေး​နွေး​ဝေဖန်​၍comment​ပေးနိုင်​​ပါသည်​။
မည်​သို့ပင်​ဖြစ်​​စေစာ​ရေးသူ၏စာစု​လေးအားဖတ်​ရှူ၍လူသားအချင်းချင်းကိုယ်​ချင်းစာတရားတိုးပွား၍မိမိတို့၏ကာယကံ၊ဝစီကံ၊မ​နောကံများအားဆင်​ခြင်​တုံ့တရားဖြင့်​ထိန်းချုပ်​နိုင်​ကြပါ​စေဟုဆု​တောင်းရင်းဖြင့်​စာစုအားနိဂုံးချုပ်​လိုက်​ရပါ​တော့သည်​။

စာ​ရေးသူ အိအိခိုင်
MSC No.173.
ice_2018-08-21-14-03-06-199.jpg
Photo my photo.

Sort:  

အုအုချိုးကဗျာလိုမန့် ခဲ့တယ်နော် ဟီးး

မေတ္တာသုတ် ၁၀၈ ခေါက် ရွတ်တာ ချီးကျူးပါတယ်ဗျာ
အနော်ဆို ၁ ခေါက်၂ခေါက်သာ ရွတ်တာ ဒါတောင် နေ့တိုင်းဟုတ်ဘူး

ဟီးမိန်းက​လေး​တွေကဘုရားတရားမြဲတယ်​ရှင့်​။

ကိုယ်ခြင်းစာခြင်း
အလွန်ကင်း
ချစ်ခြင်း မသိပါ....

အတ္တရှေ့ထား
အိုလူသား
နောင်နွား ဖြစ်တတ်တာ....

သတိရှေ့သွား
ထိုလူသား
နတ်လား ထင်မှတ်မှာ....

(ပုံ - ansoe စိတ်ကူးတည့်ရာရေးခဲ့သည်)

အဲ့လယ့်

ဟီးကဗျာ​လေး​ကောင်းတာ။

ကဗျာတွေလည်း လက်တန်းစပ်တတ်တာပါလား မခေသူပါတကား

လေပြုတ်​ကျ​တွေနဲ့ ရူး​လောက်​တယ်​ အမ​ရေ....။

အရင်က မေတ္တာသုတ် နေ့စဉ် ရွတ်ခဲ့ပေမဲ့ ခုတော့ မရွတ်ဖြစ်တော့ဘူး မအိရေ

ဟုတ်

ကိုယ်‌ချင်းစာတရားလက်‌ကိုင်‌ထားရင်‌ သီလလည်း လုံ ခြုံပြီးသား ဖြစ်‌ပါတယ်‌။

ဟုတ်​ကဲ့

ဘာမှ မလုပ်နဲ့ ဒီည စောစောအိပ် မအိ

😌😌​ညတိုင်း​စော​စောအိပ်​ရတယ်​ရှိပါဘူးမမစုရယ်​။

လူသားတိုင်းတစ်ဦးပေါ်တစ်ဦး မေတ္တာထားနိုင်ကြပါစေဗျာ...

ဟုတ်​ပါတယ်​ရှင်​။

မှတ်သားစရာပါ ညီမရေ😊

ဟုတ်​ကဲ့​ကျေးဇူး မ မကြည်

ကိုယ်ချင်းစာတရားသာ လူသားများစွာ လက်ကိုင်ထားရင် ကမ္ဘာပေါ်မှာ တစ်ဦးကိုတစ်ဦးထိခိုက်အောင်လုပ်တာတွေနည်းပါးလာပြီး ငြိမ်းချမ်းလာမှာ အမှန်ပါပဲ။

ဟုတ်​ပါ တယ်​ရှင်​။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64349.20
ETH 2673.53
USDT 1.00
SBD 2.83