ခံယူချက်​​ကောင်း​ကြပါ​စေ။

in #myanmar6 years ago

မနက်​ဖြန်​pro​နေ့ကျ​ရောက်​လာပြန်​ပြီ။နေ့စဉ်​​နေ့တိုင်းBEC နှိပ်​စက်​မှူဖြင့်​စာလည်း​ကောင်း​ကောင်းမ​ရေးနိုင်​ခဲ့​ပေ။Steemitသို့ပြန်​​လည်​​ရောက်​ရှိနိုင်​​အောင်​မိမိစိတ်​ကိုမိမိညှို့ယူဆွဲ​ခေါ်​နေရ​ပေသည်​။
ပုထုဇဉ်​ပီပီ​ငွေ​ကြေးအဆင်​​ပြေချင်​မိသည်​။သူငယ်​ချင်းတစ်​​ယောက်​မှBEC coin ၅၅သိန်းဖိုးထိရ​အောင်​သူ
လုပ်​ထားသည်​ဟု​ပြောလာ​သောအခါတွင်​ကားမိမိ၏
လိုချင်​စိတ်​သည်​ပိုမိုထက်​သန်​လာခဲ့သည်​။
ထို့​ကြောင့်​အားစိုက်​ကြိုးစားမိသည်​။တဖက်​မှစာသင်​သည့်​အလုပ်​အားလည်းမပျက်​မကွက်​လုပ်​ရ​သေးသည်​။
တဖန်​အိမ်​မှူကိစ္စတွင်​လည်းချက်​​ရေးပြုတ်​​ရေး၊အ​လျှော်
အဖွပ်​ဖြင့်​လက်​မလည်​​တော့​ချေ။တစ်​​ယောက်​တည်းဖြင့်
မအားလပ်​​လောက်​​အောင်​ဂျင်​ဂျင်​လည်​​နေ​ပေ​တော့သည်​။
ို့အလုပ်​များ​သော်​လည်းစာကို​တော့မဖြစ်​မ​နေ​ပင်​ အချိန်​ယူ၍​ရေးရ​ပေဦးမည်​။မည်​သည့်​အ​ကြောင်းအရာကို​ရေး
ရမည်​နည်းဟုစဉ်းစားမိရင်းဖြင့်​မ​နေ့ညကအဖြစ်​အပျက်
တစ်​ခုအားစိတ်​က​ရောက်​သွားမိသည်​။
မိမိနှင့်​ညီအစ်​ကို​မောင်​နှမသဖွယ်​ခင်​မင်​ရင်းနှီးရသည့်
ဇနီး​မောင်​နှံသည်​မ​ရောက်​စဖူးမိမိအိမ်​သို့​ရောက်​ရှိလာခဲ့
သည်​။လာ​ရောက်​သည့်​အ​ကြောင်းအရင်းအားမိမိမှ​မေး
မြန်း​သောအခါ၌၎င်းတို့၏သမီးအကြီးဆုံးခိုးရာလိုက်​​ပြေး
သွားသည့်​ကိစ္စဖြစ်​သည်​။
ဝါမဝင်​ခင်​မင်္ဂလာဆွမ်း​ကျွေးမည်​ဖြစ်​​ကြောင်းနှင့်​၎င်းတို့
သမီးဇနီး​မောင်​နှံအားမိမိအိမ်​တွင်​​ခေတ္တ​ပေး​နေခွင့်​ပါ
ခွင့်​​တောင်း​လေ​တော့သတည်း။မိမိလည်း​ခေါင်းနဘန်း
ကြီးသွားပါ​တော့သည်​။မိမိ၏အိမ်​၌အ​ပေါ်ထပ်​တစ်​ထပ်
လုံးလွတ်​​နေ​သော်​လည်း​ကျောင်းသားအချို့အားစာသင်​ရန်​အတွက်​စာသင်​ခန်းလုပ်​ထားသည်​။ထို့​ကြောင့်​ထား
ရန်​မည်​သို့မျှမဖြစ်​နိုင်​​ပေ။ထို့​ကြောင့်​မိမိလည်းတခါသာ
အမုန်းခံမည်​ဟု​တွေးမိရင်းငြင်းလိုက်​ရပါ​တော့သည်​။
ထို့​ကြောင့်​မျက်​နှာမကြည်​မသာဖြင့်​ပြန်​သွားကြ​တော့
သည်​။
စာ​ရေးသူလည်းမည်​သို့မျှမတတ်​နိုင်​​ပေ။တခြားကိစ္စအား
အကူအညီ​တောင်းလျှင်​မိမိနိုင်​သ​လောက်​ကူညီမည်​ဖြစ်
သည်​။မိမိ၏အိမ်​​ပေါ်သို့တင်​ထားရမည့်​ကိစ္စသည်​မည်​သို့မျှမဖြစ်​နိုင်​​ပေ။
"သားသမီးမ​ကောင်းမိဘ​ခေါင်း"ဆိုသည့်​စကားအတိုင်း
ပင်​ထိုက​လေးမ၏မိုက်​ပြစ်​အားသူမ၏မိဘများ​ခေါင်းခံ
ရ​ပေ​တော့မည်​။မိမိ၏ဘဝအ​ခြေအ​နေအားနားလည်​ခြင်း
မရှိသည့်​က​လေးမအားလည်း​ဒေါသထွက်​မိသည်​။၎င်း၏မိဘနှစ်​ပါးသည်​မနက်​စာနှင့်​ညစာအလျင်​မီ​စေရန်
မနည်းရှာစား​နေရသည့်​ဘဝဖြစ်​သည်​။မိဘအ​ပေါ်ဝန်​ထုပ်​ဝန်​ပိုးကျ​ရောက်​​စေသည့်​သားသမီးဆိုးပင်​တည်း။
သူမယူသည့်​​ကောင်​က​လေး၏အလုပ်​အကိုင်​အားစာ​ရေး
သူ​မေးမြန်းမိသည့်​အခါ၌ပန်းရံအလုပ်​လုပ်​သည်​ဟုသီရှိ
ရသည်​။အသက်​က​လေးငယ်​ငယ်​နှင့်​ဒုက္ခမီးအား​မွှေးကြ
သည်​ဟု​တွေးမိသည်​။
လူ့​လောက၌​တွေး​ခေါ်​မျှော်​မြင်​မှူရှိတတ်​ခြင်းနှင့်​ဆင်​ခြင်​တုံ့တရားရှိမှူသည်​အ​ရေးကြီးလှ​ပေသည်​။မိမိသည်​ငယ်​စဉ်​ကပင်​မိမိ၏စိတ်​အလိုအားဆင်​ခြင်​တုံ့တရားနှင့်​ထိန်း
သိမ်းခဲ့သည်​။မိမိ၏မိဘမိမိ​ကြောင့်​လူ့​လောက၌အရှက်
ရစရာဖြစ်​​စေရန်​မလိုလား​ပေ။ထိုသို့​သောဆင်​ခြင်​တုံ့တရားနှင့်​အ​တွေးအ​ခေါ်ရှိသည့်​လူတစ်​​ယောက်​ဖြစ်​လာရန်​ဖြစ်​တည်​လာသည့်​ကံတရားအားလည်းအထူး
ပင်​​ကျေနပ်​မိသည်​။
အသိလိမ္မာသည်​လူ့​လောက၌အ​ရေးကြီးဆုံးပင်​ဖြစ်​သည်​။"အလိမ္မာစာမှာရှိ"ဆိုသည့်​အတိုင်း​စာဖတ်​ဝါသနာ
ပါ​စေရန်​ပံ့ပိုးနိုင်​သည့်​ ပတ်​ဝန်းကျင်​တွင်​လူဖြစ်​လာရသည့်​မိမိဘဝအားအထူးပင်​​ကျေနပ်​မိ​တော့သည်​။

အိအိခိုင်​​ရေးသားသည်​။
MSC No.173.

2018-07-15_23.22.49.jpg
Credited image from https://pixabay.com/en/flower-background-watercolor-floral-3318965/

Sort:  

airdrop ဆိုတာသိသေးဘူး

သားသမီးမကောင်းတော့ မိဘလက်ညိုးထိုးတာဘဲ မအိရေ

ဟုတ်​တယ်​မမ​ရေ။

မိဘတွေမှာ သနားစရာ။

ဟုတ်​တယ်​ညီမ​ရေ။

BEC coin ဆိုတာဘာလဲ မသိဘူး

အခုလုပ်​​နေ​နေကြတဲ့airdropပါရှင်​။

Air drop တွေ တစ်ခုမှ မရယူဖူးသေးတာ ခေတ်နောက်ကျ ကျန်ခဲ့သလိုပဲ 😁😁😁

ဟီး😌😌

ဟုတ်တယ် မအိရေ အသိပညာဆိုတာကလည်း ရော့အင့်ဆိုပီးပေးလို့မရတော့ ခက်တယ်ဗျာ 😊😊

ဟုတ်​ပါတယ်​ရှင်​။

လူငယ်တွေက စာအုပ်စာပေထက် ဖုန်းကိုပဲ ပိုပြီးတွယ်တာခုံမင်နေကြလေတယ်ဗျာ

ဟုတ်​ပါ့။အမှန်​ပဲရှင်​။

အရေးသားတွေတအားမိုက်တာပဲမမရေ။မောင်လေးတော့မအားလို့မရေးနိုင်သေးဘူးဗျာ။အားပေးသွားတယ်နော်။

အား​ပေးလို့​ကျေးဇူးတငိပါတယ်​ရှင်​။

ဟုတ်ပ သားသမီးမကောင်း မိဘခေါင်း ။

ဟုတ်​ကဲ့

အိမ်ထောင်ရေးစုတ်ချက်က စခြယ်ကတည်းက လွဲနေတယ် ...သားသမီးမကောင်းတာ မိဘခေါင်းဆောင်မှုညံ့လို့ ဆိုရမယ်

ဟုတ်​ပါတယ်​ရှင်​။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63061.76
ETH 2602.70
USDT 1.00
SBD 2.75