ကံကိုယုံ၍ဆူးပုံနင်းသူများ(၂)

in #myanmar6 years ago

စာ​ရေးသူတို့ဗုဒ္ဓဘာသာဝင်​များသည်​ကံကံ၏အကျိုးကို
လက်​ခံယုံကြည်​သူများဖြစ်​ကြပါသည်​။သို့​​သော်​လည်း တချို့​သောသူများသည်​မိမိ၏အတိတ်​ကံကိုသာအလုံးစုံ
ပုံချ၍လုံ့လဝီရိယစိုက်​ထုတ်​ခြင်းအလျဉ်းမရှိ။ဖြတ်​လမ်းနည်းသုံး၍ကြိုးစား​နေသူများလည်းအများအပြားရှိ​နေ​ပေ
သည်​။
ထို့​ကြောင့်​စာ​ရေးသူ၏ကံကိုယုံ၍ဆူးပုံနင်းသူများ
ဒုတိယပို​င်း၌ထိုသူများအ​ကြောင်းကိုဆက်​လက်​၍​ရေး
သားပါဦးမည်​။အတိတ်​ကံကိုသာအားကိုး၍မည်​သည့်​အလုပ်​ကိုမျှလုပ်​ကိုင်​ခြင်းမရှိသူများကိုစာ​ရေးသူဘဝ၌
အများကြီး ကြုံ​တွေ့ခဲ့ရပါသည်​။
စာ​ရေးသူသူငယ်​ချင်းတစ်​​ယောက်​၏အ​မေသည်​သားကို
သခင်​လင်​ကိုဘုရားစိတ်​ဓာတ်​ဖြင့်​၎င်း၏လင်​​ယောက်ျားအလိုအရအိမ်​မှူကိစ္စမှလွဲ၍မည်​သည့်​အလုပ်​ကိုမျှလုပ်​ကိုင်​ခြင်းမရှိသူဖြစ်​သည်​။၎င်း၏ခင်​ပွန်းသည်ရုတ်​တရပ်​ဦး​နှောက်​​သွေး​ကြောပြတ်​၍​သေဆုံးသွား​သောအခါသူမ
၏ဘဝသည်​ကံဆိုးမိုး​မှောင်​ကျ​ပေ​တော့သည်​။မလုပ်​တတ်​မကိုင်​တတ်​ဖြင့်​ရှိသမျှကုန်​​လေ​တော့သည်​။
ထို့​ကြောင့်​အမျိုးသမီးများမိမိ၏အတိတ်​ကံအ​ကြောင်းတရား​ကြောင့်​ပြည့်​စုံ​သောခင်​ပွန်းသည်​ကိုရရှိ​သော်​လည်းမိမိကိုယ်​ကိုမိမိအားကိုးနိုင်​​သောအရည်​အချင်း
ရှိ​စေရန်​ကြိုးစားထားသင့်​ပါသည်​။ခင်​ပွန်းသည်​များ
ကလည်းမိမိ၏ဇနီးသည်​အားလုပ်​သင့်​လုပ်​ထိုက်​သည့်
အလုပ်​အကိုင်​များအားလုပ်​ကိုင်​​စေရန်​ခွင့်​ပြု​ပေးသင့်​ပါသည်​။
ကံတရား၏အလှည့်​အ​ပြောင်းသည်​​ကြောက်​စရာ​ကောင်းလှ​အောင်​မြန်​ဆန်​လွန်းသည်​ကိုလည်းတချို့အဖြစ်​အပျက်​များ၌​တွေ့မြင်​ဖူးခဲ့ပါသည်​။"ပညာ​ရွှေအိုးလူမခိုး"
ဆိုသည့်​အတိုင်းတတ်​သင့်​တတ်​ထိုက်​သိသင့်​သိထိုက်
သည့်​ပညာရပ်​များကိုလူတိုင်းလူတိုင်းဆည်းပူးထားသင့်​ပါသည်​။မိမိသည်​ကံမ​ကောင်းလွန်း၍မည်​မျှမွဲပြာကျသည့်
ဘဝကို​ရောက်​ရှိသွား​စေကာမူမိမိ၌အားကိုးအားထားပြု
နိုင်​​လောက်​​သောအသုံးကျသည့်​ပညာရပ်​တစ်​ခုခုကို
တတ်​​မြောက်​ထားပါကကမိမိဘဝကိုမိမိပြန်​လည်​ထူ​ထောင်​ရန်​မခဲယဉ်းလှ​ပေ။
မိမိ၏ဥာဏ်​​၊ဝီရိယ​အားစိုက်​ထိုက်​၍ကြိုးစားလိုက်​ပါမူ
မိမိသည်​မူလအ​ခြေအ​နေသို့အချိန်​တိုအတွင်းပင်​ပြန်​လည်​​ရောက်​ရှိသွားနိုင်​​ပေသည်​။
ကံ​ကောင်းသည်​ဆိုသည်​မှာအခွင့်​အ​ရေးတစ်​ရပ်​ကို
မိမိအားလာ​ပေးခြင်းဖြစ်​သည်​ဟုစာ​ရေးသူနားလည်​ထား
ပါသည်​။သို့​သော်​ကံတရားက​ပေးကမ်းသည့်​အခွင့်​အ
လမ်းအားမိမိရရဆုပ်​ကိုင်​၍အသုံးမချတတ်​ပါကကံ​တရား၏မျက်​နှာသာ​ပေးခြင်းခံရလိမ့်​မည်​မဟုတ်​ပါ​ချေ။
စာ​ရေးသူ​၏မိတ်​​ဆွေအချို့၏အဖြစ်​အပျက်​များအား​တွေ့
မြင်​ဖူးခဲ့ပါသည်​။အချို့​သောမိတ်​​ဆွေများသည်​စာ​ရေးသူ
အားအလုပ်​မရှိဟုဆိုကာငြီးတွား​ပြောဆိုကြ​လေသည်​။ထိုအခါတွင်​စာ​ရေးသူမှမိတ်​​ဆွေ​ကောင်းပီသစွာပင်​လက်​လှမ်းမီသမျှအလုပ်​များအားချိတ်​ဆက်​၍အခမဲ့ကူညီခဲ့
ပါသည်​။သို့​သော်​လည်း၎င်းလူများသည်​အလုပ်​ရလာ
သည့်​အခါတွင်​လည်းအရိုးများ​ချေးခါးကာဖြင့်​မလုပ်​ချင်​ကြ​ပေ။ထိုသူတို့အားစာ​ရေးသူသည်​များစွာစိတ်​ပျက်​မိပါသည်​။ရရှိ​သောအခွင့်​အလမ်းအားဆုတ်​ကိုင်​၍မိမိ
ဘဝ၏​လှေကားထစ်​အားမတက်​နိုင်​​သူများအဖြစ်​မြင်​မိပါသည်​။
စာ​ရေးသူ၏ဖခင်​သည်​စာ​ရေးသူ​ကျောင်းပြီးကာစက
မည်​သည့်​အလုပ်​ကိုမှ​စာ​ရေးသူအတွက်​​ပြော​ပေးခြင်းမရှိ ခဲ့ပါ။မိမိကိုယ်​တိုင်​ပင်အလုပ်​များစွာအား​ထီးဖြူဖိနပ်​ပါး​ခြေ
တို​အောင်​​လျှောက်​၍အလုပ်​လိုက်​​လျှောက်​ခဲ့ရပါသည်​။အင်​တာဗျူးးများစွာကိုလည်းလိုက်​လံ၍​ဖြေဆိုခဲ့ရပါသည်​။စာ​ရေးသူ၏ဖခင်​ကစာ​ရေးသူအား"ချမ်းသာချင်​လျှင်​ကိုယ်​တိုင်​ကြိုးစား။အ​ဖေက​တော့အစိုးရဝန်​ထမ်း။သမီးကို
ပညာကလွဲပြီးဘာအ​မွေမှမ​ပေးနိုင်​ပါ။"ဟု​ပြောပြီးကိုယ့်​အားကိုယ်​ကိုး၍အလုပ်​ရှာ​ဖွေ​စေခဲ့ပါသည်​။
တချို့​သောကိစ္စရပ်​များတွင်​လည်းစာ​ရေးသူအ​ဖေသည်​စာ​ရေးသူငယ်​စဉ်​ကပင်​ကိုယ်​တိုင်​ဆုံးဖြတ်​၍လုပ်​ကိုင်
ခွင့်​​ပေးထားခဲ့ပါသည်​။"သမီးကိစ္စသမီးဖာသာဆုံးဖြတ်​။အ​ဖေနှင့်​မဆိုင်​လို့အ​ဖေဝင်​ပါစရာမလိုဘူး။"စသည်​ဖြင့်
ကိုယ်​ပိုင်​ဆုံးဖြတ်​ချက်​ဖြင့်​လုပ်​ကိုင်​တတ်​​စေရန်​သင်​ကြား​ပေးခဲ့ပါသည်​။
ထိုသို့သင်​ကြား​ပေးမှူ​ကြောင့်​ပင်​မိဘနှစ်​ပါးမျက်​ကွယ်​ပြု
သွားချိန်​၌စာ​ရေးသူသည်​တချို့​သောကိစ္စများတွင်​ကိုယ်
ပိုင်​ဆုံးဖြတ်​ချက်​ဖြင့်​လုပ်​ကိုင်​နိုင်​ခဲ့သည်​။စာ​ရေးသူသည်
အ​မျှော်​အမြင်​ရှိ​သောဖခင်​အားအကြိမ်​ကြိမ်​ပင်​​ကျေးဇူး
အထူးတင်​ရှိမိပါသည်​။
စာ​ရေးသူ၏တပည့်​များကိုစာ​ရေးသူအကြိမ်​ကြိမ်​ပင်​ဆုံး
မ​လေ့ရှိပါသည်​။စာမကျက်​လျှင်​စာ​မေးပွဲ​အောင်​မည်​မဟုတ်​။ဂုဏ်​ထူးဖြင့်​​အောင်​မြင်​သူများသည်​ထိုက်​တန်​သည့်​ကြိုးစားအားထုတ်​မှူ​ကြောင့်​သာရရှိလာခြင်းဖြစ်
သည်​။မည်​မျှပင်​​ပြောဆိုဆုံးမ​စေကာမူစာ​မေးပွဲနီး​သော
အခါ၌ဘိုး​တော်​၊မယ်​​တော်​အစုံချဉ်းကပ်​၍ယတြာအစုံ
ပြုလုပ်​ကြပါ​တော့သည်​။
စာ​ရေးသူနှင့်​အ​ဒေါ်ရင်းပမာခင်​မင်​ရ​သောသူ
တစ်​​ယောက်​အ​ကြောင်း​ပြောပြချင်​ပါ​သေးသည်​။သူမသည်​​ဗေဒင်​၊ဘိုး​တော်​မယ်​​တော်​အလွန်​ပင်​ယုံကြည်​သူဖြစ်​သည်​။သူမအားကံ​ကောင်း​​နေသည်​ဟု​ဟော​ပြော
ခံရလျှင်​သ​ဘောကျ​နေတတ်​သည်​။ထိုသို့​ဟော​ပြောခံရ
ချိန်​မှစတင်​၍သူမသည်​၂လုံး၃လုံးထီစတင်​၍သိန်းချီအကုန်​ခံကာထိုးပါ​လေ​တော့သည်​။မိမိ၏မွဲကိန်းအား
မိမိကိုယ်​တိုင်​ဖန်​တီး​နေခြင်းပင်​ဖြစ်​ပါသည်​။
စာ​ရေးသူသိသည့်​​လောကဓံရှစ်​ပါးပညာ၌ကံ​ကောင်းချိန်​၌မိမိသည်​ရရှိသည့်​အလုပ်​အကိုင်​အခွင့်​အ​ရေးများအား
အသုံးချ၍ကြိုးစားလျှင်ထိုအချိန်​၌ကြီးပွားတိုးတက်​​မည်​ဖြစ်​သည်​။ဘာမှမလုပ်​ဘဲ​နေ​ချေကကံ​ကောင်းချိန်​ပင်​ဖြစ်​လင့်​ကစားဘာမှဖြစ်​လာမည်​မဟုတ်​​ချေ။
ထို့​ကြောင့်​ဘဝ၌တိုးတက်​​အောင်​မြင်​လိုသူတိုင်းသည်​မိမိတို့၏ကံတရားမှ​ပေး​သောအခွင့်​အလမ်းများအား
မလွတ်​တမ်းမိမိရရဆုပ်​ကိုင်​၍ကြိုးစားသင့်​လှ​ပေသည်​။ဘုရားရဟန္တာ​တောင်​မှမလွန်​ဆန်​နိုင်​သည့်​​လောကဓံ
တရားရှစ်​ပါးသည်​တလှည့်​စီကြုံ​တွေ့​နေရ​ပေမည်​။မိမိတို့
၏လုံ့လဝီရိယအားအစွမ်းကုန်​ကြိုးစားအားထုတ်​၍
အတိတ်​ကံကိုအားကိုး၍ဆူးပုံမနင်းကြပါနှင့်​ဟုတိုက်​တွန်းရင်းဤစာစုအားနိဂုံးချုပ်​လိုက်​ရပါ​တော့သည်​။

မြန်​မာလူမျိုးများsteemitတွင်​​အောင်​မြင်​ကြပါ​စေဟု
ဆု​တောင်းရင်းဖြင့်....။
အိအိခိုင်​​ရေးသားသည်​။
MSC No.173.

2018-05-02_21.36.28.jpg
Credited image from
[https://pixabay.com/en/banner-heart-ribbon-pink-purple-3285558/]

Sort:  

တပည့်ဖြစ်ပါရစေ။လေ့လာသင်ယူချင်ပါသည်။

ချရကြီးကယဲ​နောက်​တယ်​​အေ😜😜

😍😍😍 ဟုတ်ကဲ့ပါဗျာ

ရေးထားတာ​လေး​ကောင်းတယ်​ အမ

ဟုတ်​ကဲ့အား​ပေးတာ​ကျေးဇူးပါ​မောင်​​လေး​ရေ။

Release the Kraken! You got a 8.01% upvote from @seakraken courtesy of @eieikhing!

ရေးထားတာလေးကောင်းပါတယ်👍

ဟုတ်​ကဲ့။ကျေးဇူးပါ။

ကံဆိုတာ အလုပ်လို့ ခံယူပါတယ် ညီမရေ

ဟုတ်​ကဲ့မမ

ကံဆိုတာအလုပ်​ပါ ​ရှေးလုပ်​ခဲတာ၇ယ်​ အခုလုပ်​​နေတာ၇ယ်​​ပေါင်းထားတာပါ

မှန်​ပါတယ်​ရှင်​။

အရေးအသားတွေကောင်းလွန်းတယ် မြန်မာစကားပုံလေးလိုပေါ့ "ကံကိုယုံ၍ဆူးပုံမနင်းရ"

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​ရှင့်​။

မအိ ရေးထားတာ ကောင်းတယ်ဗျာ

ဟုတ်​ကဲ့ပါ​ကျေးဇူးပါကိုမြင့်​​ရေ။

အရမ်းကောင်းတဲ့ဆောင်းပါးတစ်ပုဒ်ပါ

ဟုတ်​ကဲ့အား​ပေးတဲ့အတွက်​​ကျေးဇူးပါရှင်​။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 62164.65
ETH 2439.44
USDT 1.00
SBD 2.67