 One who beautify the world(​လောကကိုအလှဆင်​သူ)

in #myanmar7 years ago (edited)

"အ​ဖေ သမီး၁၀တန်းဆက်​မ​ဖြေချင်​​တော့ဘူး" သူမစကားသံ​ကြောင့်​ အ​ဖေ့မျက်​နှာမ​ကောင်း​တော့ပါ။ အကြာကြီးဘာမှ ပြန်​မ​ပြောဘဲ တိတ်​ဆိတ်​​နေပါသည်​။အတန်​ငယ်​ကြာပြီး:"​ကောင်းပြီ သမီးဘာဆက်​လုပ်​မယ်​ စိတ်​ကူးလဲ။"ဟု အ​ဖေ၏စကားသံထွက်​​လာပါသည်​။
"သမီး​ဖြေတာလည်း ၃နှစ်​ရှိပြီ။ ဘာမှလည်း ထူးခြားမလာ​တော့ သမီးရှက်​လည်း ရှက်​တယ်​။စာ​တွေကိုလည်း စိတ်​မဝင်​စား​တော့ဘူး။ဒါ​ကြောင့်​ သမီး ၁၀တန်းဆက်​မ​ဖြေပဲ အလှပြင်​သင်​တန်းတက်​ချင်​ပါတယ်​ အ​ဖေ။"ဟု သူမအ​ဖေ့ကို ပြန်​​ပြောလိုက်​ပါသည်​။ အ​ဖေက"​ကောင်းပြီ သမီး။ ဒါ​ပေမယ့်​အ​ဖေသမီးဆီက ကတိ တစ်​ခု​တော့လိုချင်​တယ်​။သမီးတက်​ချင်​တဲ့ အလှပြင်​သင်​တန်းတက်​ခွင့်​ အ​ဖေ​ပေးမယ်​။ဒါ​ပေမယ့်​ သမီးဖြစ်​​မြောက်​​အောင်​မြင်​​အောင်​ ဒီအလုပ်​နဲ့ အသက်​​မွေးဝမ်း​ကျောင်း ပြု နိုင်​ရမယ်​။ဒီကတိသမီး​ပေးနိုင်​လား"
"ဟုတ်​ကဲ့ သမီးကတိ​ပေးပါတယ်​"ဟုအ​ဖေ့ကို သူမပြန်​​ပြောခဲ့ပါသည်​။နောက်​တစ်​​နေ့ ၌ သူမအ​ဖေ သူမအား အလှပြင်​သင်​တန်း ပို့​ပေးပါသည်​။
သူမသည်​ သူမအ​ဖေအား ကတိ​ပေးထားသည့်​အတိုင်း သင်​တန်း၌ အရမ်းကြိုးစားခဲ့သည်​။သင်​တန်း ပြီးဆုံးပြီး​နောက်​ သူမသည်​ အိမ်​​ရှေ့၌ အလှပြင်​ဆိုင်​​လေးတစ်​ခု သူမဖွင့်​ခဲ့ပါသည်​။သူမ၏ အလုပ်​ကြိုးစားမှု၊ လက်​ရာ​သေသပ်​မှုတို့​ကြောင့်​ သူမဆိုင်​က​လေးသည်​ အလှပြင်​သူများဖြင့်​ အမြဲစည်​ကား​နေပါသည်​။
သူမတစ်​​ယောက်​တည်း မ​နိုင်​၍ သူမအကူ​ကောင်​မ​လေး၃​ယောက်​ ဌားထားရပါသည်​။သူမ၏ဝင်​​ငွေသည်
မိသားစုတစ်​ခုလုံးကို ပြည့်​စုံဖူလုံ​​အောင်​​ထောက်​ပံ့နိုင်​ခဲ့သည်​။
ဆေးတက္ကသိုလ်​တက်​​နေ​သော သူမ​မောင်​​လေးအားလည်း သူမလုံ​လောက်​စွာ​ထောက်​ပံ့နိုင်​ခဲ့သည်​။
 ​​ ဘဝတစ်​ခုကို​အောင်​မြင်​​အောင်​ကြိုးစားတည်​​ဆောက်​ရင်း သူမအသက်​၂၅နှစ်​ပြည့်​ခဲ့ပါပြီ။ ၂၅နှစ်​ပြည့်​​မွေး​နေ့၌ သူမသည်​ မိဘနှစ်​ပါးအား ကားတစ်​စီး၊​ငွေသိန်းတစ်​ရာဖြင့်​ ကန်​​တော့ခဲ့ရာ အ​ဖေက
ဆု​ပေးရင်း " သမီးငယ်​ငယ်​ကတည်းက အ​ဖေက သမီးကို ဆရာဝန်​တစ်​​ယောက်​ဖြစ်​ဖို့ စိတ်​ကူးယဉ်​ခဲ့တာ​ပေါ့။ သမီး ၁၀တန်းဆက်​မ​ဖြေချင်​​တော့ဘူးလို့​ပြောတုန်းကကမ္ဘကြီးပျက်​သုန်းသွားသလိုအ​ဖေခံစားခဲ့ရတယ်​"
"သမီး​ရှေ့​မှာဘာမှမဖြစ်​သလို့ အ​ဖေ​နေခဲ့​ပေမယ့်​ညတိုင်းငိုခဲ့ရတယ်​။ သမီးကို အရမ်းဖြစ်​​စေချင်​လွန်းလို့ သမီးကိုဖိအား​တွေ အများကြ​ပေးခဲ့တယ်​။ သမီးခံစားချက်​၊ သမီးဝါသနာ ဒါ​တွေကို အ​ဖေသမီးဘက်​က မစဉ်းစားမိခဲ့ဘူး။အခု​တော့ အ​ဖေအများကြီး နားလည်​လိုက်​ပါပြီ။အ​ဖေ့သမီးသည်​ ပညာတတ်​တစ်​​ယောက်​ မဖြစ်​ခဲ့​ပေမယ့်​ သမီးတတ်​တဲ့ အတတ်​ပညာဖြင့်​​လောကကို အလှဆင်​နိုင်​ပြီး မိဘအ​ပေါ် တာဝန်​​ကျေတဲ့ သမီး​ကောင်းရတနာဖြစ်​​လို့ သမီးအတွက်​ အ​ဖေဂုဏ်​ယူလိုက်​ပါပြီ။ငါ့သမီး​လေး စိတ်​၏ ချမ်းသာခြင်း၊ ကိုယ်​၏ချမ်းသာခြင်းဖြင့်​ ပြည့်​စုံပါ​စေကွယ်​"ရှည်​လျား​သောစကားဖြင့်​ သူမအ​ဖေ သူမကို ဆု​ပေးခဲ့ပါသည်​။
ကမ္ဘာ​လောကြီးတွင်​ လူတိုင်းလူတိုင်း ကိုယ်​စီကိုယ်​ငှ သူ့အစွမ်းနှင့်​သူ ရှိကြပါသည်​။နေမင်းကြီးတွင်​ ကိုယ်​ပိုင်​အလင်း​ရောင်​ရှိသကဲ့သို့ ပိုးစုန်းကြူးသည်​လည်းကိုယ်​ပိုင်​အလင်း​ရောင်​ရှိပါသည်​။ လူသားတိုင်း နိုင်​ရာတာဝန်​ထမ်း​​ဆောင်​၍ မိမိဝါသနာပါရာဖြင့်​ မိမိတတ်​နိုင်​သ​လောက်​ကမ္ဘာ​လောကြီးအား အလှဆင်​ရင်း....။
အ​တွေးတစ်​စဖြင့်​ အိအိခိုင်​​ရေးသားသည်​။

image
Credited from google.

"I don't want to take Grade 10 examination continuously; father;" she said.Her father's face was changed with sadness.Without replying; he was silent along.After a while; " Yes; my daughter"; "What have you thought what you will do?;"
he replied.
"I have taken this exam for three years and I have failed.So I am very shamful and I amn't interested in.Then I want to attend the training of beautian without taking exam."she said to her father. " Yes; I agree.But You want a promise from you. I would allow you to attend the taining of beautian that you want. But this is a career for you and you must try to be successful.Do you promise that?;" he said.
" I promise; father; " she replied to her father.Her father sent her to the training of beautian.
She was trying seriously at the training according to her promise that she had given her father.After she had finished her training; she opened a beauty parlour in the front of her house.Her shop was always fulfilled with her customer because of her trying and her beautifying the best.
She called three employers for her shop because she couldn't work lonely.Her income could support her family to be enough.
Her little brother who was attending could be supported to be enough.
Making and trying to get a successful life; she was 25 years old. She paid a respect and donated her parents a car and 100 Lakh on her 25 years old birthday." I imagined that my doughter would be a doctor since your childhood.When you told me that you didn't want to take Grade 10 exam; I seriously depressed."
"I pretended that I didn't feel that before you but I was crying every night.I hoped everything the best for you.But now I am understanding very much.I gave you a lot of pressure for my ego but I want you to become educated woman.I don't think for your feeling and your hobby.Now I know athough my daughter didn't became a educated woman ; you could beautify all over the world.I am very proud for you because you are a dutiful daughter.May be happy and healthy ;my daughter;" her father said long words and wished her.
Everyone has own power in the world.A firefly has its own light as well as the sun has its.Everyone are trying to do one's natural bent as much as one can and to be dutiful to the world.
Ei Ei Khing wrote this article with a part of a thought.
@eieikhing
MSC No 173

turkey-3048299_1920.jpg
Credited from google

Sort:  

မိဘမေတ္တာဘယ်အရာနဲ့မှတုနှိုင်းလို့မရ

ဟုတ်​ကဲ့

အလန်းနော် အားကျလာပီ :D

ဟုတ်​ကဲ့။ကျေးဇူးတင်​ပါတယ်​ရှင်​။

ကောင်းတယ်​အမ

ကျေးဇူး​မောင်​​လေး

ရေးသားထားတာ ကောင်းပါ၏

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်

စကား​ပြေနဲ့ စကား​ပြော​လေး ခွဲချပြီးအလှဆင်​လိုက်​ ရင်​ ပိုပြည့်​စုံသွားမယ်​ထင်​ပါတယ်​။ရေးသားထား​တာ​ကောင်းပါတယ်​ :-)

ဟုတ်​ကဲ့

So So Good ပါတယ်ခင်ဗျာ

ကျေးဇူးပါ

သားသမီး တွေ ပင်ပန်းဆင်းရဲမှု မကြုံ စေချင်တာ
မိဘ တိုင်းရဲ့ မေတ္တာ ပါ

ဟုတ်​ကဲ့

အရေးအသားကောင်းပါတယ်။

ဟုတ်​ကဲ့ ​ကျေးဇူးအများကြီးတင်​ပါတယ်​ရှင်

အရေးအသား ကောင်းပါတယ်။ မိဘ ဆိုတာ သားသမီး ကို သူများတွေ ထက် သာစေချင်တာရင်ထဲက မေတ္တာ တရားပါ။

ဟုတ်​ကဲ့။ကျေးဇူးပါ။

Coin Marketplace

STEEM 0.30
TRX 0.26
JST 0.041
BTC 98006.15
ETH 3630.21
USDT 1.00
SBD 3.23