ဓနစွမ်းအင်​ဟူသည်​...။

in #myanmar6 years ago

"ညည်း​အေ​လောဘကြီးလိုက်​တာ။"
"လူနှစ်​​ယောက်​တည်းစားစရာရှိတာကို​အေ။"
"ညည်းတို့​မောင်​နှမနှစ်​​ယောက်​တည်းကို​အေ။"
အထက်​ပါစကားသံများသည်​ မကြာခဏပင်​ကြား​နေကျ
စကားသံများပင်​ဖြစ်​သည်​။
မနက်​၆နာရီခွဲကပင်​မိမိ၏တ​နေ့တာလုပ်​ငန်းအားစတင်​ရပါသည်​။ ကြီးမြင့်​လာ​သောကုန်​​ဈေးနှူန်းနှင့်​အညီမိမိ၏
အလုပ်​အားလည်းဝင်​​ငွေတိုးမြင့်​​စေရန်​ကြံ​ဆောင်​လုပ်​ကိုင်​​နေရပါသည်​။
"ကိုယ့်​ဝမ်းနာကိုယ်​သာသိသည်​။"တခြားသူများမည်​သို့ပင်​​ဝေဖန်​​စေကာမူဂရုမစိုက်​နိုင်​ပါ။
စာ​ရေးသူစဉ်းစားမိသည်​။လူတိုင်းလူတိုင်းအ​ကောင်းဆုံးကိုသာမက်​​မောကြသည်​။ချမ်းချမ်းသာသာ​နေချင်​ကြသည်​။အိမ်​​ကောင်း​ကောင်းလိုချင်​ကြသည်​။ပြည့်​ပြည့်​စုံစုံဖြင့်​မ​တောင့်​မတ​နေချင်​ကြသည်​။ဤသည်​မှာသဘာဝ
ပင်​ဖြစ်​သည်​။
သမာအာဇီဝဖြင့်​မည်​သူ့ကိုမျှထိခိုက်​နစ်​နာခြင်းမရှိဘဲ
စီးပွားရှာခြင်းသည်​အပြစ်​မြင်​စရာ​ဝေဖန်​စရာကိစ္စမဟုတ်​ပါ​ချေ။သို့​သော်​လည်းတချို့​သောလူများ၏အ​တွေးအ​ခေါ်
များသည်​တလွဲဆံပင်​​ကောင်း​နေကြသည်​လားမသိပါ​။
ကြီးမြင့်​လာ​သောလူ​နေမှူစရိတ်​အားထိုင်​​တွေးပြီးအပြစ်​တင်​မိပါက​မောရုံသာရှိ​ချေသည်​။
မိမိ၏အလုပ်​ကိုသာအားသွန်​ခွန်​စိုက်​တတ်​စွမ်းသ​ရွေ့
ကြိုးစား​နေမိသည်​။မိမိ၏စာသင်​ကြားခြင်းအလုပ်​နှင့်​တွဲဖက်​၍မိမိ၏အလုပ်​အကိုင်​လည်းမပျက်​။အချိန်​မ​ရွေး
လုပ်​ကိုင်​နိုင်​သည့်​အလုပ်​အားစာ​ရေးသူစဉ်းစားမိရင်းဖြင့်
onlineမှ​ငွေရှာသည့်​အလုပ်​အား​တွေ့ရှိခဲ့​လေသည်​။
ထို့​ကြောင့်​ပင်​၂၀၁၃အကုန်​၌ရပ်​ကွက်​ထဲ၌၁၅၀၀တန်​​ဆင်းကဒ်​မဲ​ပေါက်​သည့်​အချိန်​မှစတင်​၍online​ပေါ်၌
website​ပေါင်းစုံအားဝင်​ကြည့်​ခြင်းဖြင့်​​ကြော်​ငြာကြည့်​ခြင်းဖြင့်​ပိုက်​ဆံရှာ၍ရ​ကြောင်းဖတ်​မိခြင်းမှအစ
ပြုခဲ့သည်​။
၎င်းမှအစပြု၍online​ငွေရှာခြင်းအားအဆက်​မပြတ်
ပင်​​လေ့လာဆည်းပူး၍လုပ်​ကိုင်​ခဲ့မိသည်​။PTC ဆိုက်​ဒ်
အမျိုးမျိုး၊investment ဆိုက်​ဒ်​များ၊ယခု​ခေတ်​စား​နေ
သည့်​airdropအမျိုးမျိုးစသည်​ဖြင့်​စုံတကာ​စေ့​တော့
သည်​။
Investmentများ​ကြောင့်​အကျိုးအမြတ်​ရှိခဲ့သည့်​အကြိမ်​များရှိသကဲ့သို့ဆုံးရူံှးခဲ့သည်​အကြိမ်​များလည်းရှိခဲ့
သည်​။မည်​သို့ပင်​ဆို​စေကာမူonline​ငွေရှာခြင်းအား
တစိုက်​မက်​မက်​ပင်​ပြုလုပ်​ခဲ့သည်​။
စာ​ရေးသူ​နောက်​ဆုံးသ​ဘောကျနှစ်​ခြိုက်​လှစွာလုပ်​​နေ
သည့်​အလုပ်​သည်​ကားcryto tradeခြင်းပင်​ဖြစ်​သည်​။
ရက်​အနည်းငယ်​နှင့်​ပင်​၂ဆ​ကျော်​အမြတ်​ရရှိခဲ့သည်​။အားတက်​လာ၍ဆက်​လက်​အ​ရောင်းအဝယ်​လုပ်​ခဲ့​သော်
လည်း​ရောင်းမှားဝယ်​မှားဖြင့်​အမြတ်​က​လေးနည်းနည်းပွန်းပဲ့သွားခဲ့ပြန်​သည်​။
သို့​သော်​လည်းစိတ်​ဓာတ်​မကျပဲဆက်​လက်​trade​နေ
ခဲ့သည်​။နေ့စဉ်​ပုံမှန်​ဝင်​​ငွေ​လေးရရှိ၍​ပျော်​​နေခဲ့သည်​။
airdropများမှလည်း​ငွေ​လေးနည်းနည်းပါးပါးဝင်​​သော
အခါ၌​ပြောဖွယ်​ရာမရှိ​တော့​ချေ။
မိမိ၏ပင်​မအလုပ်​လည်းပုံမှန်​လုပ်​၍အားလပ်​ချိန်​က​လေး
၌အပိုဝင်​​ငွေ​လေးရရှိ​အောင်​​ရှာ​ဖွေနိုင်​ခဲ့သည်​။ထိုအပို
ဝင်​​ငွေက​လေးအားစု​ဆောင်းထားခြင်းဖြင့်​မိမိအသက်​အရွယ်​ကြီးမြင့်​လာ​သောအခါ၌မ​တောင့်​မတမ​ကြောင့်​မကျ​နေနိုင်​​ပေလိမ့်​မည်​။
ထို့အပြင်​မိမိ၏အပိုစု​ဆောင်း​ငွေ​ကြေးဖြင့်​မိမိ၏​ဆွေမျိုး၊မိတ်​​ဆွေသင်္ဂဟများအ​ရေးကြုံပါကကူညီ​ထောက်​ပံ့နိုင်
လာ​ပေလိမ့်​မည်​။
မိမိ၌​ငွေ​ကြေး​တောင့်​တင်းမှသာမိမိပတ်​ဝန်းကျင်​နှင့်​အသိုင်းအဝိုင်းအားကူညီ​ထောက်​ပံ့နိုင်​​ပေလိမ့်​မည်​။မိမိ
၏တဝမ်းတခါးပင်​အနိုင်​နိုင်​ရုန်းကန်​လှူပ်​ရှား​နေသူများ၌
သူတပါးအားကူညီ​ထောက်​ပံ့နိုင်​ရန်​​အလှမ်း​ဝေး​နေ​ပေ
လိမ့်​မည်​။
ထို့​ကြောင့်​မိမိ၏ကြွယ်​ဝချမ်းသာမှူသည်​မိမိတစ်​​ယောက်
တည်းသာမကမိမိ၏ပတ်​ဝန်းကျင်​အသိုင်းအဝိုင်းအားအတိုင်းအတာတစ်​ခုထိကူညီ​ထောက်​ပံ့နိုင်​​ပေလိမ့်
မည်​။
ထို့ပြင်​"ဒါနနှင့်​သီလမပါ​သေခါမှသိ"ဆိုသည့်​အတိုင်းသံသရာ၌စဉ်​ဆက်​မပြတ်​ကျင်​လည်​​နေစဉ်​၌မ​တောင့်
မတမ​ကြောင့်​မကျ​နေနိုင်​သည့်​ဒါနရိက္ခာထုတ်​အားလည်း
သယ်​​ဆောင်​သွားနိင်​​ပေသည်​။
ထို့​ကြောင့်​မိမိ၏ဘဝအားတိုးတက်​မြင့်​မားကြွယ်​ဝ​ချမ်းသာ​အောင်​လုပ်​​ဆောင်​ခြင်းသည်​သံသရာအထိအကျိုး
ရရှိသည့်​လုပ်​​ဆောင်​မှူဟုစာ​ရေးသူထင်​မြင်​မိသည်​။
"မိမိ၌စားမယ့်​သူမရှိ​။တော်​ပါပြီ။"ဟု​ကျေနပ်​​ရောင့်​ရဲတင်း
တိမ်​လိုက်​ခြင်းသည်​မိမိတစ်​​ယောက်​တည်းအကျိုးသာမကမိမိနှင့်​ပတ်​သတ်​သည့်​အသိုင်းအဝိုင်း၊
လူမှူပတ်​ဝန်းကျင်​အသိုင်းအဝိုင်း၏အကျိုးကိုပါဆုတ်​ယုတ်​​စေသည့်​အ​တွေးအ​ခေါ်မျိုးပင်​ဖြစ်​​ပေသည်​ဟုထင်​မြင်​မိပါသည်​။
ထို့ပြင်​မိမိ၏အစွမ်းသတ္တိနှင့်​လုပ်​ရည်​ကိုင်​ရည်​များအား​တင်းတိမ်​​ရောင့်​ရဲလိုက်​ခြင်းပင်​ဖြစ်​သည်​။ထို့​ကြောင့်​မိမိကိုယ်​မိမိချမ်းသာကြွယ်​ဝ​စေ​အောင်​ကြိုးစားအားထုတ်
၍မိမိ၏ဓနစွမ်းအင်​ဖြင့်​မိမိ​ဆွေမျိုး၊မိမိပတ်​ဝန်းကျင်​၊ဘာသာစာ​ပေနှင့်​တိုင်းပြည်​အကျိုးကိုတတ်​စွမ်းနိုင်​သ​ရွေ့
တိုးတက်​မြင့်​မား​စေရန်​အားထုတ်​ကြပါဟုတိုက်​တွန်းရင်းဤစာစုက​လေးအား​ရေးသားလိုက်​ရပါ​တော့သည်​။
မြန်​မာနိုင်​ငံသားတိုင်းအလုပ်​လုပ်​၍ကြွယ်​ဝချမ်းသာနိုင်​ကြပါ​စေဟုဆု​တောင်းရင်းဖြင့်​အ​တွေးတစဖြင့်
အိအိခိုင်​​ရေးသားသည်​။
MSC No.173.2018-08-19_23.39.15.jpg
Credited image from
https://pixabay.com/en/flower-background-watercolor-floral-3318965/

ိ

Sort:  

မိုက်တယ်

Thank ပြည့်​​လေး။

မအိက ကျွန်တော်ထက် online earning မှာ သဘာရင့် ဝါရင့်ပေပဲကိုး

ဟီးဟုတ်​ပါဘူး။စမ်းတဝါးဝါးပါရှင်​။

အရှုံးတွေကြီးလို့ trade ရဲတော့ဘူး စာဘဲရေးရဲတော့တယ်

ကျွန်​မလည်းရူံှးတာရှိပါတယ်​ရှင်​။

ငွေဆိုတာ ဒုတိယဖန်ဆင်းရှင်လို့တောင် တင်စားကျတယ် ညီမမေရ ကိုယ့်မှာ ရှိနေရင်သာ မသိသာပေမဲ့ မရှိလို့ ရှာရတဲ့အခါ အရမ်း မျက်နှာငယ်ရတာ

ဟုတ်​တယ်​မမစု​ရေ။

အရင်က trade ကိုစိတ်ဝင်စားတယ် ဒါပေမဲ့ @arkarphyo ခွက်ခွက်လန်အောင် ရှုံးသွားတာ တွေ့တော့ ဟီးးးး လေသံတောင်မဟရဲတော့ဘူး

တပည့်​​တော်​လည်းရူံှးတာရှိတယ်​ဘုရား

ချမ်းသာကြပါစေ ချမ်းသာကြပါစေ ချမ်းသာကြပါစေ

ဟီး​ပေးတဲ့ဆုနဲပြည့်​ပါ​စေ

‌တော်‌ပါတယ်‌ဗျာ။‌လေ့လာမှု အားလည်း‌တော်‌‌တော်‌‌ကောင်းတာဘဲ။ အနာဂတ်‌အတွက်‌ မပူရ‌တော့ဘူး‌ပေါ့။

ဟုတ်​ကဲ့

ကျွန်တော်နဲ့များကွာပါ့ online မှာ ptc site မှန်သမျှအရှုံးပဲရဖူးတယ်

ကျွန်​မလည်းဆုံးရူံှးှတာ​တွေရှိပါတယ်​ရှင်​။

ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်အောင်ကြိုးစားမယ်

ဟုတ်​ကဲ့

အားကျတာ အမ။ဒီမှာတော့ tradeလည်း မtradeတတ် airdropလုပ်ဖို့လည်း ဖုန်းကလက်ရှိappတွေနဲတင် နေရာတွေပြည့်နေလို့ wallet appတွေ,telegramတွေ ထပ်ထည့်ဖို့အဆင်မပြေလို့ မလုပ်နိုင်ဘူး ဖြစ်နေတယ်။

ကျမလည်းတူတူပါပဲရှင်​။ဖုန်းအ​သစ်​မဝယ်​နိုင်​​တော့အ​ဟောင်း​တွေဝယ်​နဲ့။

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65269.02
ETH 2653.11
USDT 1.00
SBD 2.84