အတိတ်ဆီသို့အတွေးတစ်စဖြင့်
"Continuously learning is the best" အဆက်မပြတ်သင်ယူနေခြင်းသည် အကောင်းဆုံးဖြစ်သည်။ဤဆောင်ပုဒ်အားကျွန်မသည်စာစတင်ဖတ်နိုင်စအရွယ် ငယ်ငယ်ကတည်းပင်အနှစ်ခြိုက်ဆုံးဖြစ်ခဲ့သည်။ကျွန်မ၏ဝါသနာအရင်းခံသည်စာဖတ်ခြင်းဖြစ်၍စာအုပ်စာပေတော်တော်များများအားစာဖတ်တတ်သည့်အရွယ်မှစတင်ဖတ်ရှူ့ခဲ့သည်။
ကလေးဘဝအရွယ်၌စာအုပ်မျိုးစုံအားနားလည်နိုင်သည် ဖြစ်စေ၊နားမလည်နိုင်သည်ဖြစ်စေရွေးချယ်မှူမရှိဘဲ လက်လှမ်းမှီသမျှဖတ်ရူခဲ့လေသည်။ထိုသို့ဖတ်ရူပြီးအဆက်မပြတ်သင်ယူမှူအား ပြုလုပ်နေခဲ့ပါသည်။
ကျွန်မသည်ငယ်စဉ်ကတည်းကပင်မိဘ၏စီးပွားရေး
အလုပ်များ၌အရွယ်နှင့်မလိုက်အောင် ပါဝင်လုပ်ကိုင်ခဲ့သည်။ကျွန်မမိဘများသည်ကျွန်မငယ်စဉ်အခါက အိုးအိမ်ဝယ်ယူနိုင်ခြင်းမရှိခဲ့ပေ။ထို့ကြောင့်အဘွား၏ အိမ်၌ကျွန်မတို့မိသားစုနေထိုင်ခဲ့ရသည်။
မိဘများသည်အဘွား၏အိမ်ရှေ့၌စာအုပ်အငှားဆိုင်၊
မီးသွေးဆိုင်ဖွင့်၍အဘွားမှာမူစတိုးဆိုင်ငယ်ကလေးဖွင့် လှစ်ထားခဲ့သည်။ထိုဆိုင်များအပြင်ကျွန်မတို့အိမ်၌ လွယ်အိတ်ရက်လုပ်သည့်ယက်ကန်းလုပ်ငန်း၊ဖယောင်းတိုင်ပြုလုပ်သည့်လုပ်ငန်းများအားအဘွားနှင့်ဦးလေးအဒေါ်
များကလုပ်ကိုင်ကြ၍ ကျွန်မအဖေ၏သံကြိုးပြုလုပ်သည့်လုပ်ငန်းငယ်ကလေးလည်းရှိသည်။
ထို့ကြောင့်ကျွန်မတို့အိမ်၌ဈေးဆိုင်များလုပ်ငန်းများနှင့် ၂၄နာရီနီးပါးသက်ဝင်လှူပ်ရှားနေပေသည်။အိမ်ရှိလူကုန် နီးပါးအလုပ်နှင့်လက်နှင့်မပြတ်နေကြရသည်။ကျွန်မသည်လည်း၅နှစ်သမီးအရွယ်မှစ၍ အမေ့၏စာအုပ်ဆိုင်အားကူညီ၍ဆိုင်ခင်းပေးခဲ့ရသည်။ထို့အပြင်ကျွန်မ၏
အမေထမင်းဟင်းချက်ပြုတ်ချိန်၌ကျောင်းမသွားမီစာအုပ် အငှားဆိုင်အားကူညီ၍ထိုင်ပေးခြင်း၊ မီးသွေးဆိုင်သို့ဈေး
ဝယ်သူများရောက်ရှိလာလျှင်ဈေးကူရောင်းခြင်းများအား အရွယ်နှင့်မလိုက်အောင်ကူညီခဲ့သည်။
ထို့ကြောင့်ကျွန်မသည်ငယ်ရွယ်စဉ်အခါကပင် လူကြီး
များကဲ့သို့ အပြောအဆိုအနေအထိုင်ဖြင့်ကြီးပြင်းခဲ့ရသည်။စာဖတ်ခြင်းကိုဝါသနာလွန်ကဲခဲ့သည်။ကျွန်မ၏အဖေသည်ကျွန်မအား ၃နှစ်သမီးအရွယ်၌
မူကြိုကျောင်းသို့မပို့ဘဲ ကိုယ်တိုင်စာသင်ပေးခဲ့သည်။
အဖေသည်ကျွန်မငယ်စဉ်အခါကပင် အစိုးရရုံးအလုပ်၊ အပြင်လုပ်ငန်းများဖြင့်အမြဲအလုပ်ရှူပ်နေသူတစ်ယောက် ဖြစ်သည်။
ထိုကဲ့သို့အလုပ်ရှူပ်နေသည့်ကြားမှပင်ကျွန်မအား အချိန်ယူ၍စာသင်ပေးခဲ့သည်။ထို့ကြောင့်ပင်ကျွန်မသည်အသက်၎နှစ်အရွယ်၌မြန်မာစာအားကောင်းစွာဖတ်တတ်ရေးတတ်နေပြီဖြစ်သည်။၎င်းအရွယ်မှစတင်၍ ကျွန်မ၏အဖေသည်ကျွန်မအား စာအုပ်များစတင်၍ ဖတ်ရှူစေခဲ့သည်။ကျွန်မ၏စာဖတ်ဝါသနာသည် အသက်၎နှစ်အရွယ်၌စတင်ခဲ့သည်ဟုဆိုနိုင်ပေသည်။
ငယ်ရွယ်စဉ်ကတည်းကကျွန်မသည် ကျွန်မအရွယ်အခြားကလေးများနင့်ခြားနားခဲ့သည်။စကားကြီးစကား
ကျယ်လည်းအလွန်အမင်းပြောခဲ့သည်။ထို့ကြောင့်လည်း
ကျွန်မ၏အဘိုးဖြစ်သူသည် ကျွန်မ၏စရိုက်သဘာဝအား အားမလိုအားမရဖြစ်ခဲ့သည်။
မှတ်မိနေသေးသည်။ကျွန်မ၄နှစ်သမီးအရွယ်က ကျွန်မအဖေသင်ပေးခဲ့သော အပေါင်းအနုတ်သင်္ချာများအား ထိုင်တွက်နေခဲ့သည်။အဘိုးသည် TVရှေ့၌ ထိုင်ရင်း ကျွန်မအားTVလာကြည့်ရန်ခေါ်ခဲ့သည်။ကျွန်မသည် အဘိုးအားTVသည်အရေးမကြီးကြောင်း၊ တွက်နေ
သည့်သင်္ချာပုစ္ဆာသည်အရေးကြီးကြောင်း၊လူဆိုသည် မှာကိုယ့်တာဝန်ကျေပွန်ရမည်ဖြစ်ကြောင်း စကားကြီး
စကားကျယ်ဖြင့်ပြန်လည်ပြောဆိုခဲ့သည်။
ထိုအခါကျွန်မ၏အဘိုးသည် ကျွန်မအားဒေါသတကြီးဖြင့်
ရိုက်ရန်လက်ရွယ်ပြီးမှ ပြန်လည်ရုတ်သိမ်းသွားခဲ့သည်။အဖေ့အားလည်း"မင်းသမီးလေးကွာ ဘယ်လိုဟာလေး
မှန်းမသိ ကလေးကကလေးစကားမပြောဘူး"ဟုပြော
ဆိုခဲ့ဖူးသည်ကိုလည်းအမှတ်ရနေပါသေးသည်။
ကျွန်မ၏သင်ယူလိုစိတ်ကြီးမားမှူသည် မူလတန်းကျောင်းသူ ဘဝတွင်ပို၍ကြီးထွားလာခဲ့သည်။အရာရာတိုင်းကို တတ်ချင်စူးစမ်းချင်လာသည်။အိမ်ရှိလုပ်ငန်းများတွင်လည်း ပါဝင်စွက်ဖက်ခဲ့သည်။အဘွား၏ယက်ကန်းလုပ်ငန်းချည်ဆေးဆိုးခြင်းတွင်လည်းကျွန်မဝင်မလုပ်ရလျှင် ပြဿ နာရှာသည်။ရက်ဖောက်ရစ်ခြင်း၌လည်းဝင်ပါသည်။"ကလေးကကလေးလိုနေ။နင်မလုပ်တတ်ပါဘူး။"ဟု အပြောခံရလျင်စိတ်ဆိုး၍မဆုံးဖြစ်ခဲ့သည်။
အစ်ကိုတဝမ်းကွဲများဂစ်တာတီးသည်မြင်၍လည်းသင်ချင်သည်။အစ်မဝမ်းကွဲများသိုးမွှေးထိုးသည်မြင်၍သင်ချင်စိတ်ဖြစ်ပြန်သည်။သင်ပေးရန်လည်းအကြိမ်ကြိမ်နားပူ
နားဆာလုပ်ခဲ့သည်။အစ်ကိုများ၊အစ်မများသည်လည်း ကျွန်မအားသင်ပေးခြင်းမရှိသောအခါ မိမိကိုယ်တိုင်အားကိုး၍ိကြိုးစားလုပ်ကိုင်လေတော့သည်။
သိုးမွှေးထိုးတံတချောင်းဖြင့် မဂ္ဂဇင်းစာအုပ်များမှသိုးမွှေး
ထိုးနည်းများကိုရှာဖွေဖတ်ရှူ၍ သိုးမွှေးထိုးလေတော့
သည်။မတတ်မချင်း ကြိုးစား၍ထိုးလေတော့သည်။တဖြည်းဖြည်းဖြင့် ကျွန်မသိုးမွှေးထိုးတတ်လာခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်များတွင် စာအုပ်များဖတ်၍သိုးမွှေးထိုးတံကိုင်ပြီး မနက်မှညအချိန်ထိအချိန်ပြည့်တကုပ်ကုပ်အချိန်ကုန်နေခဲ့သည်။
ကျွန်မ၏အဖေမှကျွန်မအား နားပြီးလုပ်ရန်ပြောသော်လည်း လက်မခံခဲ့ချေ။အဖေသည်စိတ်ဆိုး၍သိုးမွှေးထိုးတံနှင့်ချည်လုံးများ အားလွှင့်ပစ်၍ မလုပ်ရန်တချက်လွှတ်အမိန့်ထုတ်ပြန်မှရပ်ဆိုင်းသွားခဲ့သည်။သို့သော်လည်း အဖေမရှိသည့်အချိန်များတွင် ဆက်၍လုပ်ကိုင်ခဲ့လေသည်။
၅တန်းကျောင်းသူဘဝ၌စာအုပ်စာပေများအား နှံ့နှံ့စပ်စပ်ဖတ်ရှူပြီးဖြစ်၍စာရေးခြင်းဝါသနာသည် ထိုအရွယ်မှစတင်ခဲ့လေသည်။ရသမျှမုန့်ဖိုးများအားစု၍ လူကြီးများအား မြို့ထဲရှိစာအုပ်ဆိုင်များသို့ လိုက်ပို့ရန်ပူဆာ၍ စာအုပ်တော်တော်များများဝယ်ယူခဲ့သည်။
၅တန်းကျောင်းသူဘဝ၌ ကဗျာများ၊ အချစ်ဝတ္ထုတိုလေးများအားစမ်းသပ်၍ရေးနေခဲ့သည်။လူကြီးများမသိရန်ကျွန်မရေးထားသည့်စာများအားဖွတ်၍နေခဲ့သည်။
အမေ၏စာအုပ်အငှားဆိုင်မှဝတ္ထုစာအုပ်များအား လူကြီးများအလစ်၌ ၂တန်းအရွယ်ကပင် ဖတ်ရှူခဲ့၍
အချစ်ဝတ္ထုများနှင့်ကျွန်မရင်းနှီးနေခဲ့သည်။
ထို့ကြောင့်လည်း အချစ်ကဗျာ၊အချစ်ဝတ္ထုများအားရေး
သားဖြစ်ခဲ့ခြင်းဖြစ်သည်။
မှတ်မှတ်ရရအဖြစ်အပျက်တစ်ခုသည်ကား ကျွန်မ
၇တန်းကျောင်းသူဘဝ၌ ကျွန်မရေးထားသည့်စာများအား
ကျွန်မ၏အမေတွေ့သွားခဲ့သည်။ကျွန်မ၏အမေသည် ကျွန်မအားငယ်ငယ်ရွယ်ရွယ်နှင့်စိတ်ကစားပြီးရည်းစားထားချင်သည့်စိတ်ဖြစ်သည်ဟု ထင်ခဲ့သည်။
ထို့ကြောင့်ကျွန်မဆံပင်များအားကတုံးရိတ်၍အပြစ်ပေးခဲ့
သည်။အဖေကမူကျွန်မ၏စိတ်အားအရာရာတွင်နားလည်မှူပေးနိုင်ဆုံးဖခင်ဖြစ်ခဲ့သည်။ကျွန်မ၏ဝါသနာအားလည်း နားလည်မှူအပြည့်ဖြင့်အားပေးခဲ့သည်။
မည်သို့ဆိုစေကာမူ ကျွန်မ၏ငယ်စဉ်အတိတ်ပန်းချီကား
သည်စူးစမ်းလေ့လာမှူ၊ ဝါသနာကိုဇွဲလုံ့လဝီရိယအပြည့်
ဖြင့်ရေးဆွဲခဲ့ခြင်းကြောင့်စိတ်ကျေနပ်မှူအပြည့်အဝရခဲ့ပါသည်။ထိုအတိတ်ပန်းချီကားတချပ်အား
လွမ်းမောတမ်းတရင်း အမှတ်ရမိနေပါတော့သည်။
@eieikhing.
MSC No.173.
Credited from google images.
သင်ယူစရာတွေကတော့ ဆုံးကိုမဆုံးနိုင်ပါဖူး မအိရေ။
ဟိုဟာလေးဆိုလည်းသိချင် ဒီဟာလေးဆိုလည်းတတ်ချင်နဲ့ အချိန်ကလုံလောက်တယ်မရှိဖူး :D
ဟုတ်ပါ့မဇင်ရေ။တူတူပါပဲ
ငယ်စဉ်ထဲက စာဖတ်ဝါသနာရင့်သန်ခဲ့လို့ ခုချိန်မှာစာတွေအများကြီးရေးနိုင်ခဲ့တာပေါ့နော် အားကျပါတယ်မအိရေ
ဟုတ်ကဲ့ကျေးဇူး
အခုအရွယ်အထိကို သင်နေရတုန်းပါဘဲ မအိရေ၊ ပညာဆိုတာ ဆုံးတာမှ မရှိတာ
ဟုတ်တယ်ကိုသက်ထူးအောင်
မအိကတုံးလေးနဲ့ လှနေမှာ မြင်ယောင်မိတယ် ဟားးး
ဟီး 😌😌😌😌
Yes; sir.
အမက ငယ်ငယ်တည်းက စာရေးတာဝါသနာပါတော့ အခု steemitနဲ့တွေ့တော့ ပိုအဆင်ပြေသွားတာပေါ့နော်။ဝါသနာပါတဲ့ စာလည်းရေးရ ဝင်ငွေလည်းရ။
ဟုတ်တယ်ညီမလေး
never stop learning because life never stop teaching
That's right.Learning is the ability of success in life.
ရေးအားကောင်းတယ်နော်
အားပေးသွားပါတယ်လိုစ့်
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင့်
အရေးအသားက မျက်စိထဲတောင်မြင်ယောင်လာမိတယ်
ဟုတ်ကျေးဇူးတင်ပါတယ်
အရေးသားတွေက အရမ်းကောင်းမွန်လှတယ်ဗျာ
သင်ယူရအုံးမယ် ကျေးဇူးပါဗျ
ဟုတ်ကဲ့ ဖတ်ရှူအားပေးလို့ကျေးဇူးပါရှင်