အိုဘယ့်​ခရီးသည်

in #myanmar6 years ago (edited)

သံသရာစက်​ဝိုင်းလည်​ပတ်​လို့ရယ်
ဘဝ​တွေများစွာကြုံ​တွေ့ရာဝယ်
ဝ​ဋ်​​ကြွေးအသွယ်​သွယ်​ရှိခဲ့ကြတယ်
ဤဝဋ်​​ကြွေးများအား
နိဂုံးဘဝထိပြန်​၍ဆပ်​ကြရ​ပေမယ်​။

သံ​ယောဇဉ်​ကြိုး​လေးတမျှင်
ခိုင်​မြဲတုပ်​​နှောင်​ရာဝယ်
ဤသည်​ပင်​လျှင်
ဝဋ်​​ကြွေးတခု​ပေးဆပ်​ဖို့ရန်
ရှင်​သန်​​မွေးဖွားခဲ့ရပြီ။

စွဲလမ်းတပ်​မက်​ငြိတွယ်​မှူ
တဏှာဟူသည်
သံသရာစက်​ဝိုင်းကို
အရှိန်​မြှင့်​၍အကြိမ်​ကြိ​မ်​​မောင်းနှင်​ဖို့ရယ်
အားဖြည့်​​ပေးရင်း
ုပုထုဇဉ်​လူသားခရီးအသွယ်​အသွယ်​ဆက်​ခဲ့သည်​။

ဘဝများစွာဖြစ်​တည်​ရာဝယ်
အပယ်​​လေးဘုံငရဲ၊တိရိစ္ဆာန်​၊ပြိဿာဟူ​သော
အပယ်​​လေးဘုံဒုဂ္ဂတိလည်းအကြိမ်​ကြိမ်​ပင်​ပါဝင်​ခဲ့
ရခဲလှ​သောမနုဿ ​ဟူ​သောလူသားဘဝ၌
ရိက္ခာထုတ်​ကိုဆက်​၍ထုတ်​၍
ခရီးဆက်​၍​နေ​ပေအံ့။

အိအိခိုင်​ခံစား​ရေးဖွဲ့သည်​။
MSC No.173.

image

Credited from google images.

Sort:  

သံဝေဂရစရာကဗျာလေးပါ

ဟုတ်​ကဲ့​ကျေးဇူး

Sneaky Ninja Attack! You have been defended with a 1.57% vote... I was summoned by @eieikhing! I have done their bidding and now I will vanish...Whoosh

မှန်​ပါ့ဗျာ...

ဟုတ်​​ကျေးဇူး

တရားရမိပါရဲ့

ဟုတ်​ကဲ့​ကျေးဇူး

👍👍👍

ဟုတ်​​ကျေးဇူး

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 59479.71
ETH 3174.48
USDT 1.00
SBD 2.44