မျက်​လှည့်​ပမာဘဝကံကြမ္မာ

in #myanmar6 years ago

"သူငယ်​ချင်းကူညီပါဦး။"ဟု​ပြောရင်းဖြင့်​​ယုယု​အိမ်​​ပေါ်တက်​လာခဲ့သည်​။ထိုအသံကြားရင်​ဖြင့်​သူငယ်​ချင်း
ဖြစ်​သူဇင်​ဇင်​မှာရင်​တုန်​ပန်းတုန်​အမြဲဖြစ်​သွားစမြဲပင်​ဖြစ်
သည်​။
"​ကဲ​ပြော သူငယ်​ချင်း ဘာကူညီရမလဲ။"ဟုပြန်​​မေးလိုက်
ပါ​သည်​။
"ငါ အလုပ်​ကထွက်​လိုက်​ပြီ။"
"သူငယ်​ချင်း ငါ့ကိုကူညီပါဦး ဟာ။"
children-817365_1280.jpg"အင်း သူငယ်​ချင်း။"
"ငါ အလုပ်​က​လေးဘာ​လေး​တွေ့ရင်​​ပြောမယ်​။"
ဟုယုယုအား​ရေတစ်​ခွက်​လှမ်း​ပေးရင်းဖြင့်​ဇင်​ဇင်
ပြန်​​ပြောလိုက်​မိသည်​။
ဟိုအ​ကြောင်းဒီအ​ကြောင်း​ပြောရင်းဖြင့်​ယုယုအိမ်​မှပြန်​သွားခဲ့သည်​။ယုယု​ကျောပြင်​အား​ငေးကြည့်​​နေမိ
ရင်းဖြင့်​သူမအ​ကြောင်းစဉ်းစား​နေမိသည်​။
ယုယုဆိုသူမှာဇင်​ဇင်​နှင့်​မူလတန်း​ကျောင်းသူအရွယ်
သူငယ်​တန်း​လောက်​ကတည်းကတွဲလာ​သောငယ်​သူငယ်​ချင်းစစ်​စစ်​များဖြစ်​သည်​။
ထို့​ကြောင့်​တစ်​​ယောက်​အ​ကြောင်းတစ်​​ယောက်
အူမ​ချေးခါးမကျန်​သိကြ​ပေသည်​။ယုယု၏မိဘများသည်
ပြည့်​စုံကြွယ်​ဝသူများဖြစ်​ကြသည်​။ဇင်​ဇင်​၏မိဘများမှာမူ
လူလတ်​တန်းစားအဆင့်​ပင်​ရှိကြသူများဖြစ်​သည်​။
ငယ်​စဉ်​ကတည်းကယုယုသည်​​ခြေ​မွှေးမီးမ​လောင်​လက်​​မွှေးမီးမ​လောင်​​နေခဲ့ရသူဖြစ်​သည်​။ဇင်​ဇင်​မိဘများမူ
လက်​လုပ်​လက်​စား​ဈေး​ရောင်းသူများဖြစ်​၍ယုယု​မိဘများ
နှင့်​နှိုင်းယှဉ်​လျှင်​ကွာခြားလှ​ပေသည်​။
ထို့​ကြောင့်​ယုယုသည်​လိုတရဘဝကိုပိုင်​ဆိုင်​ခဲ့သူဖြစ်
သည်​။သို့​သော်​လည်းကံကြမ္မာဟူသည်​မျက်​လှည့်​လိုပင်
အမျိုးမျိုး​ပြောင်းလဲတတ်​​ပေသည်​။
ယုယုတက္ကသိုလ်​ဒုတိယနှစ်​တက်​သည့်​အချိန်​၌ယုယု
၏ဖခင်​ဆုံးပါးသွားခဲ့သည်​။မိခင်​မှာမူယုယုတစ်​သက်​အိမ်​ရှင်​မဘဝဖြင့်​​နေလာခဲ့သူဖြစ်​၍မည်​သည့်​စီးပွား​ရေးကိုမျှ
မယ်​မယ်​ရရမလုပ်​ကိုင်​တတ်​ခဲ့​ပေ။ထို့​ကြောင့်​လည်း
ယုယုတစ်​​ယောက်​တက္ကသိုလ်​ဒုတိယနစ်​၌အ​ဝေးသင်
တက္ကသိုလ်​​ပြောင်းတက်​ရင်းရရာအလုပ်​ဝင်​လုပ်​ရ
ပါ​တော့သည်​။
ပန်းခင်းလမ်းကဲ့သို့​ချော​မွေ့ခဲ့​သောယုယုဘဝသည်
ထိုအချိန်​မှစ၍အ​ပြောင်းလဲကြီး​ပြောင်းလဲခဲ့​ပေသည်​။
ဘဝဆိုသည်​ကားနိမ့်​​ခြေတလှည့်​မြင့်​​ခြေတလှည့်​ဖြင့်
မျက်​လှည့်​ဆရာကဲ့သို့လှည့်​စားနိုင်​​ပေစွ။
"ထမင်းဟူသည်​အိုးထဲမှလာသည်​။"ဟုသိသည့်​မိန်း​မငယ်​​လေးအားစတင်​၍​ဆေးခါးကြီးတိုက်​​ကျွေး​ပါ​တော့
သည်​။
အပိုင်း(၂)အားဆက်​လက်​ဖတ်​ရှူပါရန်​။
အိအိခိုင်​​ရေးသားသည်​။
MSC No.173.
Credited image from
https://pixabay.com/en/children-siblings-brother-sister-817365/

Sort:  

မိုက်တယ်မမရေ အရေးသားတွေကတော့ လက်ဖျားခါတယ်ဗျာ။ကောင်းချက်ပဲ။

ဆက်လက်အားပေးနေမယ် မအိရေ လောကဓံက ဆေးခါးတွေ ဘယ်လိုတိုက်ကျွေးမလဲဆိုတာ သိချင်ပါတယ်

ဟုတ်​ကဲ့မမ

ဆူကြုံနိမ့်မြင့် လောကဓံကို ဖွဲ့ဖို့ အစချီသည် ထင်ပါ့
ကောင်းပါတယ်ဗျာ...
သို့သော် စာလုံးရေ ကတော့ ၇၀၀ ကျော်လောက်ပဲ ရှမယ် ထင်တယ်

ဟုတ်​ နည်းနည်းတိုသွားတယ်​ထင်​တယ်​ရှင်​။

ဘဝဆိုတာ နိမ့်မြင့်တလှည်းစီ

ဟုတ်​ပါတယ်​ရှင်​။

အပိုင်းဆက်တွေရေးတတ်သေးဘူး

ဟုတ်​​တွေးမိတာ​ရေးထားတာပါ။

စောင့်ပြီးအားပေးနေပါ့မယ်ဗျာ

ဆေးခါးကြီးက တော်တော်ကြမ်းမယ့်ပုံပဲ

ဟုတ်​ကဲ့

စိတ်ဝင်စားနေမိပြီဗျာ ဘာတွေဆက်ဖြစ်မလဲ မျော်နေမယ်ဗျာ

အပိုင်းဆက်လေးကို စောင့်ပြီး အားပေးမယ်နော်အမ။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62948.49
ETH 2583.15
USDT 1.00
SBD 2.74