အလုပ်နှင့်ကျွန်မခံယူချက်
"အလုပ်ဟူသမျှဂုဏ်ရှိစွ"ဤစကားသည် ကျွန်မ၏အဘိုး
၏လက်သုံးစကားဖြစ်သည်။ကျွန်မတို့သည် လူရယ်လို့ဖြစ်လာလျှင် စားရေးနေရေးဝတ်ရေးဟူသောအရေး
သုံးပါးအားမလွဲမသွေကြုံလာရသည်။
လူတိုင်းထိုအရေးသုံးပါးအတွက်အလုပ်လုပ်ကြရသည်။
အလုပ်သည်လူ၏ဂုဏ်ကိုမြှင့်တင်နိုင်၏။အလုပ်ကြောင့် လူ၏အရည်အချင်းသည်တောက်ပြောင်လာခဲ့သည်။ထိုသို့သောခံယူချက်များဖြင့် ကျွန်မသည်အလုပ်ကို တတ်နိုင်သမျှလုပ်ဆောင်ခဲ့သည်။ကျွန်မအတွက်အပြင်းထန်ဆုံးသော ဘဝမုန်တိုင်းသည် ကျွန်မ၏အဖေဆုံးပြီး ကျွန်မနှင့်မောင်လေး ဘဝခရီးကိုစတင်လျောက်လှမ်း
ရသောအချိန်ပင်ဖြစ်သည်။
ဤအချိန်၌ကျွန်မ၌မည်သည့်အလုပ်အကိုင်မှမရှိခဲ့ပေ။ကျွန်မအဖေ၏ကျန်းမာရေး အခြေအနေကြောင့် ကုမ္ပဏီ
အလုပ်မှထွက်ကာ အဖေ့အားပြုစုခဲ့ရသည်။ထို့ကြောင့်ကျွန်မအဖေဆုံးသွားသောအခါ၌အလုပ်ဟူ၍မယ်မယ်ရရမရှိခဲ့ပေ။
အလုပ်များလိုက်၍လျောက်ခဲ့ရသည်။ကံဆိုးမိုးမှောင်ကျ
ခဲ့သောအချိန်များဟူ၍ပင်ပြောရပေမည်။အလုပ်မရှိ၍ အိမ်မှာရှိသမျှပိုက်ဆံကလေးအား ထိုင်သုံးပြန်လျှင်လည်း ရည်ရှည်တွင်ရပ်တည်ရန်လွယ်ကူမည် မဟုတ်ပေ။
၁၀တန်းအောင်ပြီးကာစကလုပ်ကိုင်ခဲ့သော စာသင်Guideပြသောအလုပ်သည်လည်း မလုပ်ကိုင်သည်မှာ အလွန်ကြာပြီဖြစ်၍ကျောင်းသားမရရှိနိုင်ဖြစ်နေခဲ့ရသည်။
ထို့ကြောင့်လည်းကျွန်မသည်ရရှိသောထားသောကွန်ပျူတာတက္ကသိုလ်မှဘွဲ့အားဘေးချိပ်ကာ အိမ်နှင့်နီးသော
ဖိနပ်စက်ရုံ၌ရသည့်အလုပ်ဝင်လုပ်ကာ အလုပ်များလိုက်လံလျောက်ခြင်း၊ကိုယ်ပိုင်စီးပွားရေးလုပ်ရန်လေ့လာနေခဲ့
ရသည်။
ထိုသို့လုပ်စရာလုပ်ငန်းမရှိ၍ခေတ္တခဏဖိနပ်စက်ရုံ၌ အလုပ်လုပ်ကိုင်ခဲ့သည့်ကျွန်မအား ပတ်ဝန်းကျင်မှ အထင်သေးရှူံ့ချစွာ တိုက်ရိုက်ပြောဆိုမှူများ၊မကြား
တကြားလှောင်ပြောင်ပြောဆိုမှူများ၊ မိတ်ဆွေအပေါင်းအသင်းများမှလည်း အထင်သေးပြောဆိုမှူများအားရင်ဆိုင်ခဲ့ရသည်။
သို့သော်လည်းကျွန်မသည်ထိုသူတို့၏စကားများအား
ဂရူစိုက်၍ခေါင်းထဲထည့်သွင်းခြင်းမပြုခဲ့ပေ။ကျွန်မ၏လုပ်စရာရှိသောအလုပ်များကိုသာအာရုံစူးစိုက်၍လုပ်ခဲ့သည်။
ကျွန်မ၏အဖေသည် အသက်ရှိစဉ်ကအလွန်အလုပ်ကြိုးစားခဲ့သူဖြစ်၍ ဆုံးပါးသွားခဲ့သော်လည်း မပူပင်ရ
သည့်အခြေအနေတခုရှိသည့်ငွေကြေးဥစ္စာ၊အတွင်းပစ္စည်းများထားရှိခဲ့သည်။
အလုပ်မရခင်ကျွန်မအေးအေးဆေးဆေးထိုင်စား၍နေ
နိုင်ခဲ့သည်။သို့သော်လည်းကျွန်မသည်ရရာအလုပ်တခုကို ဝင်လုပ်ရင်းဖြင့်အလုပ်အကိုင်အခွင့်အလမ်းများ
အားရှာဖွေနေခဲ့သည်။လူများအမြင်တွင်မူ ကျွန်မအား စားစရာမရှိငတ်ပြတ်ဆင်းရဲသည့်အခြေအနေရောက်၍
ရရာအလုပ်ကိုလုပ်ကိုင်နေရသည်ဟူသောအမြင်မျိုးဖြင့် နှိမ့်ချဆက်ဆံခံခဲ့ရသည်။
ဤနေရာ၌ပတ်ဝန်းကျင်ဟူသည်မှာချီးမွမ်းခုနှစ်ရက်ကဲ့ရဲ့ခုနှစ်ရက်သာဖြစ်သည်ဟူသော စကားဖြင့်နှလုံးသွင်းခြင်းသည်အကောင်းဆုံးဖြစ်သည် ဟူ၍
အကြံပေးပြောကြားလိုပါသည်။ပတ်ဝန်းကျင်မှစကားသံ
များအား ခံစားစရာမလိုပါ။
ဖိနပ်စက်ရုံ၌သုံးလကြာလုပ်ကိုင်ပြီးနောက်တွင် ကျွန်မအဖေ၏ မိတ်ဆွေတစ်ယောက်နှင့်ဆက်စပ်ပြီး Asahi ထီးလုပ်ငန်းမှထုတ်သည့် ဘုန်းကြီးဆောင်းထီးများ၏အပေါ်မှစွပ်သည့် ပလပ်စတစ်အိတ်လုပ်ငန်းအကြောင်းလေ့လာမိသည်။ထို့နောက်ဖိနပ်စက်ရုံမှ
အလုပ်ထွက်ခဲ့ပြီးကျွန်မ၌ရှိသည့်ငွေကြေးဖြင့်ထီးအိတ်လုပ်သည့်စက်အားဝယ်ယူပြီး အဖေ့မိတ်ဆွေနှင့်အတူ စပ်တူလုပ်ကိုင်ခဲ့သည်။
တဖက်တွင်လည်းအစ်မတဝမ်းကွဲ၏အိမ်၌ကလေးများအားစာသင် သည့်အလုပ်အား ဝါသနာအလျောက်လုပ်ကိုင်ခဲ့သည်။ထိုသို့ကျူ ရှင်ပြသည့်အလုပ်အား စတင်လုပ်ကိုင်ခဲ့ရာတွင်လည်းရရှိသောငွေကြေးမှာ အနည်းငယ်သာဖြစ်သည်။
ပညာဒါနသဘောမျိုးဖြင့်ငွေကြေးမတတ်နိုင်သောကျောင်းသားကလေးများအားငွေကြေးမယူ၊တတ်နိုင်သည့်သူများအားလည်းတစ်လ၅၀၀၀ကျပ်သာယူခဲ့သည်။
ထိုအခါတွင်လည်းအသိမိတ်ဆွေများက ၅၀၀၀မျှသောပိုက်ဆံကလေးဖြင့်အလုပ်ရှူပ်ခံနေသည်စသည်ဖြင့်ကဲ့ရဲ့ပြစ်တင်ဝေဖန်မူများရှိခဲ့သည်။
သို့သော်လည်းကျွန်မသည်ထိုစကားများအား ဂရုစိုက်ခြင်းမရှိခဲ့ပေ။ထိုမှတဆင့်ဝိုင်းကျူ ရှင်များအားဆက်လက်သင်ကြားခဲ့သည်။အဖေ့မိတ်ဆွေနှင့်စပ်တူလုပ်ကိုင်ခဲ့သည့် လုပ်ငန်းကလေးရပ်ဆိုင်းသွားသည့်အခါတွင်မူ ကျွန်မ၏ကျူ ရှင်ပြခြင်းကြောင့်ရရှိသောဝင်ငွေသည် စားဝတ်နေရေးအတွက်ဖူလုံ၍ပင်နေပေတော့သည်။
ထို့ကြောင့်အခက်အခဲမတွေ့ခဲ့ရပေ။
ကုသိုလ်လည်းရဝမ်းလည်းဝဆိုသည့်၎င်းအလုပ်အား ကျွန်မသည်အလွန်တန်ဖိုးထားနှစ်ခြိုက်မိသည်။ယခုထိပင် ကျွန်မအိမ်၌ငွေကြေးမတတ်နိုင်သည့်အလုပ်တဖက်ဖြင့်၁၀တန်းဖြေနေသည့်ကလေးတစ်ယောက်စနှစ်ယောက်စအား ကြုံကြိုက်သလိုပညာဒါနသင်ကြားသည်။ထို့ပြင်တတ်ကျွမ်းသည့် ဂျပန်စာအားအခကြေးငွေ
ယူ၍သင်ကြားသကဲ့သို့နွမ်းပါးသည့်ပညာလိုလားသူများ
အားလည်းကြုံကြိုက်သလိုပင် ပညာဒါနပြုခဲ့သည်။
သင်ယူခဲ့သည့်ကွန်ပျူတာနှင့်ပတ်သတ်၍လည်း Programming languagesများအား onlineမှရှာဖွေကာမျက်ချေမပြတ်လေ့လာသင်ယူနေဆဲပင်ဖြစ်သည်။အားလပ်ချိန်၌steemitပေါ်၌စာပေရေးသားခြင်းများအားလည်း ပြုလုပ်နေခဲ့သည်။steemitမလုပ်ကိုင်မီကလည်းကျွန်မသည်ကဗျာများ၊ဆောင်းပါးများစသည်တို့အား ဗလာစာအုပ်ထဲ၌အမြဲမပြတ်ချရေးနေခဲ့ပါသည်။
မည်သည့်လုပ်ငန်းမဆိုစတင်လုပ်ဆောင်သည့်ကာလ၌
ဝင်ငွေသည်မိမိမျှော်မှန်းသလိုရရှိနိုင်ဖို့မသေချာပါ။
သို့သော်လည်း မိမိလုပ်ငန်းအား တစိုက်မတ်မတ်ဇွဲကြီး
စွာလုပ်ဆောင်သွားပါမူ တချိန်ချိန်၌အလုပ်၏အသီးအပွင့်သည်မလွဲမသွေခံစားရပေမည်။မိမိမျှော်မှန်းထားသည့် အလုပ်အကိုင်မရရှိမီရသည့်အလုပ်အား လုပ်ကိုင်ထားခြင်းသည်အကောင်းဆုံးဖြစ်သည်ဟုထင်မြင်မိသည်။
ကျွန်မ၏ခံယူချက်၊ကျွန်မ၏အမြင်ဖြင့် မိတ်ဆွေအချို့အား
အကြံဥာဏ်ပေးမိခဲ့သည်။အလုပ်ရှာရာ၌မိမိမျှော်မှန်းသည့်အလုပ်မရရှိမီရရှိသည့်အလုပ်အကိုင်အားခေတ္တ
ခဏလုပ်ကိုငိထား၍ မိမိမျှော်မှန်းသည့် အလုပ်ကိုရှာဖွေလုပ်ကိုင်ရန်ပြောဆိုမိခဲ့သည်။
သို့သော်လည်းတချို့အသိမိတ်ဆွေများသည် အလုပ်ရွေး
ကြသည်။ယခုအချိန်ထိအလုပ်မရရှိဘဲထိုင်နေသည့် သူငယ်ချင်းမိတ်ဆွေများအများအပြားပင်ရှိနေသည်။အလုပ်တခုကိုစတင်လုပ်ကိုင်၍ လုပ်ငန်းအတွေ့အကြုံ
ရှာဖွေရမယ့်အစား ပိုက်ဆံနည်းနည်းပဲရသည့်အလုပ်ဖြစ်၍မလုပ်ချင်ပါစသည့်အကြောင်းပြချက်များဖြင့် အလုပ်အားရွေး၍ မိဘလုပ်စာထိုင်စား၍နေသူများလည်းသူငယ်ချင်းမိတ်ဆွေများထဲ၌မြင်ဖူးမိပါသည်။
ထိုသူများသည်အသက်အရွယ်ကြီးရင့်သည်အထိ အလုပ်လက်မဲ့ဘဝနှင့်ဘဝ၏တန်ဖိုးရှိသောအချိန်များ
အားကုန်လွန်နေသည်ကိုလည်းတွေ့မိပါသည်။မိမိနှင့်တန်သောအလုပ်မတွေ့ဟုဆိုကာမိဘလုပ်စာထိုင်စား
၍နေသူများလည်းတွေ့မိပါသည်။
အနောက်နိုင်ငံများနှင့်တိုးတက်သောနိုင်ငံများ၌၁၈နှစ်ပြည့်ပြီးသူများသည်အချိန်ပိုင်း အလုပ်အကိုင်များလုပ်ကိုင်၍မိမိကျောင်းစရိတ်အားရှာဖွေပြီးတက္ကသိုလ်တက်ကြသည်ဟုစာအုပ်တော်တော်များများ၌ဖတ်ရှူ့ဖူးပါသည်။ထိုသူများသည်တက္ကသိုလ်တက်ရင်းစားပွဲထိုးအလုပ်သန့်ရှင်းရေးအလုပ်စသည်ဖြင့်အလုပ်မရွေးဘဲလုပ်ကိုင်ကြသည်ဟူ၍လည်းသိရှိရပါသည်။
ကျွန်မတို့မြန်မာပြည်၌ဘွဲ့ရအလုပ်လက်မဲ့များများပြားစွာ ရှိနေကြသည်ကိုပတ်ဝန်းကျင်၌တွေ့ရှိရပါသည်။အလုပ်လက်မဲ့ဟူသောဂုဏ်ပုဒ်ကိုလည်းမရှက်မကြောက်ဖော်ကျူးနေသည်ကိုလည်းတွေ့ရှိမိပါသည်။
ထိုသူများ၏ကမ္ဘာသည်အင်မတန်ကျဉ်းမြောင်းလှသည်။ထိုသူတို့၌လုပ်ငန်းခွင်အတွေ့အကြုံများ၊ လုပ်ဖော်ကိုင်ဘက်များနှင့်အခက်အခဲများကိုအတူရင်ဆိုင်ဖြေရှင်းခြင်း
စသည့်အတွေ့အကြုံများမရှိကြပေ။ထိုသူများ၏စိတ်သည် လွန်စွာကလေးဆန်နေသည်ကိုတွေ့ရှိရပါသည်။
ထို့ကြောင့်အလုပ်ဟူသမျှဂုဏ်ရှိစွဟူသည့်ဆောင်ပုဒ်နှင့်အညီအလုပ်သည်မိမိတို့၏ဂုဏ်ကိုမြှင့်တင်ပေးနိုင်သည်။
အလုပ်ကြောင့်လူ၏စွမ်းအားသည်အကန့်အသတ်မဲ့ကြီးထွားလာရပေသည်။ထို့ကြောင့်အလုပ်နှင့်ဘဝကို
တည်ဆောက်၍မိမိတို့၏အစွမ်းအစများအားအကန့်အသတ်မဲ့ထုတ်ယူကြပါဟုတိုက်တွန်းရင်းနိဂုံးချုပ်လိုက်ရပါသည်။
အိအိခိုင်ခံစားရေးဖွဲ့သည်။
MSC No.173.
Credited from google images.
လေးစားပါတယ်ဗျာ...မိမိလုပ်တဲ့ ဘယ်အလုပ်မဆို တန်ဖိုးထားရင် အလုပ်ကလည်းပြန်တန်ဖိုးထားမှာပါ...
ဟုတ်ကဲ့
အလုပ်ဆိုတာ လူ့တန်ဖိုးပါပဲ။
အခုခေတ်မှာ အလုပ်မရှားပါဘူး။
အလုပ်လုပ်ချင်တဲ့သူသာ ရှားတာပါ။
ဟုတ်ကဲ့
teamwork ဆိုတာလည်းအဖွဲ့အစည်းတွေလုပ်ငန်းခွင်တွေထဲရောက်မှ သေသေချာချာနားလည်သဘောပေါက်ပြီးအကောင်အထည်ဖော်နိုင်တာအမှန်ပဲမအိရေ
ဟုတ်တယ်မဇင်ရေ
မအိက စာရေး ကဗျာ ရေး ဝါသနာ ပါတော့ steemit သုံးရတာ အတိုင်းထက် အလွန် ဖြစ်သွားတာပေါ့ $ လေးလဲရ ဝါသနာ လဲ ပါဖြစ်သွားတော့
ဟုတ်တယ်ကိုဖြိုးရေ
ဘယ်အလုပ်လုပ်ပါ အမရေးထားသလိုပေါ့ ဂုဏ်ရှိပါတယ် ကောင်းပါတယ်အမ ရေးထားတာလေး အားပေးနေမယ်အမ
ဟုတ်ကျေးဇူးမောင်လေး
သမ္မာအာဇီဝကျကျ လုပ်ကိုင်သော အလုပ်ဟူသမျှဟာ မွန်မြတ်ပြီးတော့ ဂုဏ်ရှိသလို တန်ဖိုးလည်းရှိပါတယ်
ဟုတ်ကဲ့
သိပ်ကောင်းတဲ့အရေးအသား တင်ပြချက်ပါခင်ဗျာ
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်
အမက သိပ်ကြိုးစားတာပဲနော်။တော်လိုက်တာ။ပညာတွေလည်း အများကြီးလေ့လာနေတာပဲ။
တတ်နိုင်သလောက်လေးပါညီမရေ
ဝါသနာ နဲ့ အလုပ် ထပ်တူကျရင်တော့ အကောင်းဆုံးပေါ့ဗျာ
ဟုတ်ပါတယ်ရှင်
အသက်ရှင်နေထိုင်ဖို့အလုပ်ကတော့လုပ်နေမှကိုရမှာပါ
ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်ရှင်