Admin/ Co-Admin / Member များ လိုက်နာရမည့်စည်းကမ်းချက်များsteemCreated with Sketch.

in #myanmar6 years ago

30741205_571226809925179_4934317914388955136_n.jpg

ကျွန်တော်တို့ MSU အဖွဲ့မှ Admin/ Co-Admin /Member များကို နွေးထွေးစွာကြိုဆိုပါတယ်။ Admin/ Co-Admin များသည် တစ်ခြား Member များထက် အလုပ်ပိုများသော သူများဖြစ်ကြပါသည်။ ၎င်း Admin / Co-Admin များသည် လုပ်ခလစာ ရရှိသူများလည်းမဟုတ်ကြပါ။

သို့ပါသော်လည်း ဝါသနာအရ နောက်လူသစ်များကို လက်တွဲခေါ်ယူလိုစိတ်ရှိသော စိတ်ထားရှိသူများဖြစ်ကြပါသည်။ ရွေးချယ်ထားသော Admin/ Co-Admin များသည် Steemit တွင် အချိန်အတိုင်းအတာတစ်ခုထိ အသုံးပြုထားခြင်းကြောင့် Steemit အကြောင်းကို တစ်ခြား သူများထက် နာလည်းနေကြပြီဖြစ်ပါတယ်။

ခေါင်းဆောင်ဖြစ်သည့်အားလျှော်စွာ အနစ်နာခံကြရမည့် သူများဖြစ်ပါသည်။

.

-လက်ရှိသက်မှတ်ထားသော လူဦးရေအရ Founder/ Admin/ Co-Admin စုစုပေါင်းလူဦးရေ (50) အထိလက်ခံထားသည်ဖြစ်ပါသည်။

-၎င်း လူဦးရေ (၅၀) တစ်ဝက်ခွဲ၍ Group 1 နှင့် Group 2 ဟူ၍ (၂)ဖွဲ့ခွဲမည်ဖြစ်ပါသည်။

-၂ရက်လျှင် Group တစ်ခုကို Promotion ပေးမည်ဖြစ်ပါသည်။

-Member များအနေဖြင့်လည်း အချိန်တစ်ရက်ရသောကြောင့် မိမိရေးသားမည့် Post များကို အရေးအသွေးကောင်းမွန်စွာ ဖန်တီးနိုင်မည်ဖြစ်ပါသည်။

-၂ရက်လျှင် တစ်ကြိမ်သာ Promotion ရမည်ဖြစ်သောကြောင့် မိမိရေးသားထားသော Post သည် စာလုံးရေ (၅၀၀) နှင့်အထက်ရရှိမည်ဖြစ်ပြီး သုတ/ရသ ကောင်းမွန်စွာရေးသားရမည်

-ကဗျာများရေးသားရာတွင် အနည်းဆုံး စာလုံရေ (၇၀) ထားရေးသားရမည်ဖြစ်ပြီး ထိရောက်သင့်လျှော်စွာရေးဖွဲ့ရမည်ဖြစ်ပြီး ကဗျာနှင့် ဆီလျှော်သည် ဓာတ်ပုံများထည့်သွင်းရမည်

-မိမိရေးသားသော Post အောက် မိမိ၏ MSU No ကို မဖြစ်မနေထည့်သွင်းရမည်ဖြစ်သည်

-Tag များ msu ဟု Tag တစ်ခုအနေဖြင့်ထည့်သွင်းပေးရမည်ဖြစ်သည်။

-Vote/Comment ပေးချင်းသည် အချင်းချင်းကူညီရာရောက်ပြီး Vote ပေးသူရော/ အပေးခံရသူပါအကျိုးဖြစ်ထွန်းမည့် ကိစ္စဖြစ်သည်။

-အစပိုင်းတွင်း အခက်အခဲရှိမည်ဖြစ်ပါသည်။

-Technical Support အနေဖြင့် Admin/ Co-admin များကို Steemit နှင့် သက်ဆိုင်သည့် သဘောတရားအလုံးစုံကိုရှင်းပြပေးမည်ဖြစ်ပါသည်။

-MSU ၏ Rule No-1 အရ Copy Post များကို လုံးဝ(လုံးဝ) လက်ခံမည် မဟုတ်ပါ

-MSU ၏ Rule No- 2 အရ တစ်ဦးလျှင် အကောင့်တစ်ခုသာ လက်ခံမည်ဖြစ်သည်။ မသမာသောနည်းလမ်းများအသုံးပြုလျှင်အဖွဲ့မှ ထာဝရထုတ်ပယ်ပြီး နာမည်ပျက်စာရင်းသွင်းမည်ဖြစ်ပါသည်

  • MSU အဖွဲ့ဝင်တစ်ယောက်ယောက် သည် Copy Post များ တင်လျှင် Founder @dpakyaw, Admin/Co-admin သို့အကြောင်းကြားပေးကြရန်

-Admin/Co-Admin /Member များသည် Promotion ပေးမည့် Post များသို့မဖြစ်မနေ Upvote ပေးရမည်ဖြစ်ပါသည်

-အနည်းဆုံး Vote Power 50% ကနေ စပေးရမှာဖြစ်ပြီး။ Vote မပေးသူများသည် နောက်တစ်ရက် မိမိ Post အတွက် Promotion ရရှိမှာမဟုတ်ပါဘူး

-Admin/ Co-Admin /Member များသည် ပထမ(၃)လ ကာလတွင် 100% Power Up ကိုသာ လုပ်ဆောင်ရမည်ဖြစ်ပြီး မိမိရရှိသော Steem/ SBD များကို ရောင်းချမှု မပြုလုပ်ဆောင်ကြဖို့ အသိပေးပါတယ်။

-Admin/ Co-Admin များသည် Member များကို ကူညီဆောင်ရမည့်သူများဖြစ်သည့် အားလျှော်စွာ ၂ပတ်လျှင် တစ်ကြိမ် Member Vote များဖြင့် အကောင်းဆုံး Admin/ Co-admin များရွေးချယ်ပြီးဆုချသွားမည်

-Member များရေးသားထားသော Post များမှ ၂ ပတ်လျှင် တစ်ကြိမ် Leader Choice ပြုလုပ်သွားမည်ဖြစ်ပြီး အကောင်းဆုံး Post ပိုင်ရှင်ကို ဆုလက်ဆောင်များပေးသွားမည်ဖြစ်သည်

-MSU သည် Myanmar နိုင်ငံသား Steemit User များကို တက်နိုင်သမျှ ကူညီပေးမည့်အဖွဲ့အစည်းဖြစ်ပါသည်။ သို့ပါသော်လည်း စည်းကမ်းပိုင်းလျှင် သက်ဆိုင်လျှင် လုံးဝ အထိခံမည်မဟုတ်ပါ

-စည်းကမ်းမလိုက်နာပါက Admin/Co-Admin/ Member ဟူ၍ မခွဲခြားဘဲ ထိရောက်စွာအရေးယူသွားမည်ဖြစ်ပါ

-MSU ၏ Member များကို ရွေးချယ်ပြီးဖြစ်၍ မကြာခင်အချိန်တွင်ကြေငြာသွားမည်ဖြစ်ပါသည်။ ထို့အတူ လုပ်ငန်းလုပ်ဆောင်မှုများကိုလည်း မကြာခင် Run တော့မှာဖြစ်ပ့တယ်

-Member များပေးထားသော Comment မှ Ph no များကို MSUမှ ဆက်သွယ်သွားမှာဖြစ်ပါသည်။

-MSU သည် Admin/Co-Admin/ Member များကို စောင့်ကြည့်ကူညီပေးမည်ဖြစ်ပါသည်။ သို့ပါသောကြောင့် လိုအပ်သောစည်းကမ်းများကိုလည်း အမြဲထုတ်ပြန်ပေးပါ့မည်

D Pa Kyaw
MSU No- 001
@dpakyaw
Founder @ Myanmar Steemit User Group

#myanmar
#mus
#rule
#group
#member

Sort:  

Good ဗျာ

အကုန်​ ready ပါပဲဗျာ...။

ကြိုးစားပါ့မယ်

myomyo
09798730601

I like this rule. i accept.

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 71539.00
ETH 3603.23
USDT 1.00
SBD 4.75