Yesterday MatchsteemCreated with Sketch.

in #myanmar7 years ago

FB_IMG_1527335451652.jpg

မနေ့က ကျနော်တို့အသင်း ချိန်းပွဲ ကန်၏။ ထုံးစံအတိုင်း အရင်ပတ်က ချိန်းကန်သည့် အသင်းနှင့် ဖြစ်၏။ ထုံးစံအတိုင်းပဲ ရှုံးပြန်တယ်ပေါ့ဗျာ။ ဒီတခေါက်မှာတော့ ရှေ့တခေါက်လိုမျိုးလောက်ကြီး အခြေအနေ မဆိုးတော့ပေ။ သူတင် ကိုယ်တင် ကစားလာနိုင်ခဲ့၏။ သူတို့ အသင်းက ကျနော်တို့ အသင်းထက် စာလျှင် စတင် ဖွဲ့စည်း ချိန် စောသလို၊ ကစားသက် ကစားချိန်လည်း စောခဲ့သည်ကိုး။ သူတို့ အသင်းနှင့် ခြေရည်တူ ကစားနိုင်ဖို့ဆိုလျှင် အချိန်တော့ အနည်းငယ် ပေးရပေလိမ့်ဦးမည်။ သူတို့ အသင်းက ကျနော်တို့အသင်းထက် ကစားသက် တနှစ်လောက်ပိုထား၏။

ထို့ပြင် သူတို့အသင်းမှာက လူငယ်များ၏။ အသက်အားဖြင့် (၂၀) အရွယ်လောက်လေးတွေ ဖြစ်၏။ ကျနော်တို့ အသင်းမှာကတော့ (၃၀) တန်းတွေက များ၏။ ထို့ကြောင့် သက်လုံနှင့် ကစားအားပိုင်းမှာ သူတို့ အသင်းက သာ၏။ ကစားကွက် ပုံဖော်မှု ပိုင်းမှာလည်း သူတို့် အသင်းက သာ၏။ ပြောရလျှင်တော့ သူတို့အသင်းက အဖက်ဖက်က ကျနော်တို့ ထက်သာ၏။ ဘယ်နေရာမှာ ဘယ်လို ချိတ်ဆက်ပြီး ကစားရမည်ကို ကောင်းကောင်း သိကြ၏။ ကျနော်တို့ အသင်းက ထိုအပိုင်းမှာ အားနည်း နေသေး၏။ နေရာယူမှု အပိုင်းမှာလည်း တော်တော်လေးကို လိုနေသေး၏။ အဆိုးဆုံးက ကိုယ့်နေရာကို မကစားနိုင်၊ မကစားနိုင်ကြသေးခြင်း ဖြစ်၏။

ကိုယ့်နေရာကိုယ် ဆိုသည့် စကားက ကိုယ် ဘယ်နေရာမှာ ကျွမ်းကျင်သည်ကို ဆိုလို၏။ ကိုယ်ကျွမ်းကျင်သည့် နေရာမှာ ကိုယ်ကစားဖို့ ဖြစ်၏။ ယခု ဖြစ်နေသည်က ကျနော်တို့ အသင်းက ကိုယ်ကျွမ်းကျင်သည့် နေရ တခုခုကို သေချာ မတွေ့ကြသေးသလို ဖြစ်နေ၏။ အဆင်ပြေသလို လိုသလို ကစားနေခြင်း ဖြစ်၏။ မိမိ ဆော့နေကြ နေရာမှာ ကစားပြီး လိုအပ်မှ လိုအပ်သည့် နေရာများကို လိုက်လံ ဖြည့်ပြီး ကစားပေးဖို့ လိုနေခြင်း ဖြစ်၏။ ထိုအချက်ကိုတော့ ကျနော်တို့ မဖြစ်မနေ ပြင်ဆင်ရမည့် အချက် ဖြစ်၏။ မိမိတို့ အချင်းချင်း ပုံမှန် ကန်သည့် နေ့များတွင် ထိုအချက်ကို လုပ်ဆောင် ရပေလိမ့်မည်။

IMG_20190606_134405.jpg

နောက်တချက်က နေရာယူတတ်ခြင်း ဖြစ်၏။ ထိုအချက်ကလည်း တကယ်ကို အရေးပါ၊ အရေးကြီး၏။ နေရာလွတ်ရှာပြီး နေရာယူတတ်ခြင်းသည် စကား အများကြီး ပြော၏။ ပွဲ တပွဲ၏ အဖြေကို ကောင်းကောင်းကြီး အပြောင်းအလဲ ဖြစ်စေ၏။ မိမိ အသင်းမှ လူများက နေရာယူတတ်မှသာ ဘောလုံး ဖြန့်ဝေပေးမယ့်သူက အဆင်ပြေစွာဖြင့် ဘောလုံး ဖြန့်ဝေ ပေးနိုင်မည် မဟုတ်လား။ သို့မှသာ လိုအပ်သည့် သွင်းဂိုးများကို သွင်းယူနိုင်မည် မဟုတ်လား။

နောက်တချက်ကတော့ ဂိုးသွင်း သေချာခြင်း ဖြစ်၏။ ရရှိသည့် အခွင့်အရေးကို သေသေချာချာ အသုံးချ တတ်၊ အသုံးချ နိုင်ဖို့ လို၏။ အခွင့်အရေးဆိုသည် နှစ်ခါ ပြန်မရတတ်ဘူး မလား။ ရသည့် အခွင့်အရေးလေး တချက်ကို သေချာ အသုံးချပြီး ဂိုး အဖြစ်ပြောင်းလဲပေးနိုင်ဖို့လည်း လိုအပ်၏။ အကောင်းဆုံး တိုက်စစ်သည် အကောင်းဆုံး ခံစစ် မဟုတ်လား။ မိမိ အသင်း တိုက်စစ်ကြောင့် တဖက်အသင်းက ခံစစ်သာ ကစားနေရလျှင် မိမိ အသင်းက နောက်ခံကစားသမား (ခံစစ်မှူး) အတွက် ၀န်ပေါ့စေသည် မဟုတ်လား။ တန်ပြန် တိုက်စစ်ကိုတော့ သတိထားရမည်ပေါ့။

အသင်း၏ ခံစစ် ကစားပုံကတော့ တော်တော်လေးကို တက်လာပြီ ဖြစ်၏။ မကြာတော့သည့် အချိန် ကာလမှာတော့ ကျနော်တို့အသင်း ယခု လက်ရှိ ချိန်းကန်နေသည့် အသင်းကို အနိုင်ရလာမည်မှာ အသေအချာပင် ဖြစ်၏။ ထိုအခါမှ တဖက်အသင်းက ကစားသမားများ၏ မျက်နှာတွေ ဘယ်လို ဖြစ်နေ၊ ဖြစ်သွားမလဲဟု ကြည့်လို မြင်လိုလှသေး၏။ ထိုနေ့ရက်များ မကြာမီ ရောက်လာတော့မည်မှာ အသေအချာပင် ဖြစ်၏။

Don Jaun

MSC 31

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.079
BTC 63469.67
ETH 1683.58
USDT 1.00
SBD 0.41