ဖြုန်း

in #myanmar8 years ago

image

ဖြုန်း

..... ..... .....

အချိန်တွေ ရှိခဲ့ပါတယ်
သို့ပေမယ့်
မသိချင်ယောင် ဆောင်ခြင်း
နားမလည်ခြင်းတွေနဲ့ပဲ
ငါတို့ ခရီးဆက်ခဲ့တယ်

တယောက် အိပ်မက်ကို တယောက်
မျက်ကွယ်ပြု ခဲ့ကြတယ်

လမ်းခွဲလိုက်ချင်ပေမယ့်
ကိုယ့် ပယောဂ ကြောင့် ဖြစ် မစိုးလို့
တယောက်က စလာမယ့် အချိန်ကို
စောင့်နေကြတယ်

တယောက်အမှားကို တယောက်
စောင့်ကြည့်ရင်း
အိပ်မက်တွေ သေဆုံးဖို့ ဆုတောင်းရင်း
ချစ်ခြင်းတွေကို မျှင်းသတ်နေခဲ့တယ်

သိဟ် (သုတ)

ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။

image
photo from ZEDGE

Don Jaun

MSC 31

Sort:  

မဆုံနိုင်သောအချစ်

အဲ့လို အချစ်ရေးဆိုရင်တော့ အတော်လေးကို အန္တရာယ်ကြီးမှာ ...

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 62197.56
ETH 1772.49
USDT 1.00
SBD 0.38