ယာခင်း
ယာခင်း
ငါ့ကိစ္စ၊ ငါ့ဒုက္ခ
ငါ …၊ ငါ …၊ ငါ …
ငါ့ အတွက်၊ ငါ့ ဖို့ပဲ သိ
အတ္တကောင် လူ့ငနွား။
ရေးကြီးခွင့်ကျယ်
အလုပ်မရှိ ကြောင် ရေချိုး
ဟန်ဆောင် မျက်နှာဖုံး နဲ့
စိတ်ပုပ်တွေ အနံ့ မထွက်ဖို့
ဖုံးဖိပြီး ဟိတ်ဟန်ထုတ် အလုပ်ရှုပ်။
နိစ္စဓူဝ လုပ်နေတာက
ဘယ်သူသေသေ ငတေ မာဖို့ မဟုတ်လား ...
မီးများ မီးနိုင်၊ ရေများ ရေနိုင်
ဘက်လိုက်တဲ့ အမှား အမှန်ကြား
ဘ၀က နင်းချေခံ။
မိုးခါးတွေ ရွာမြဲ
ကိုယ်ကောင်းပေမယ့်
ခေါင်းတွေ ရွေ့မြဲ။
သိဟ် (သုတ)
ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။
ဟောဗျာ ဆရာက ကဗျာ ဆရာ လားဗျာ
ကျောင်းတုန်းကပါ ကိုစိုး
အကို ဆရာ တယောက်က
မင်းလက်က စကားပြေလက် ကဗျာလက် မဟုတ်ဘူး ဆိုလို့
ကဗျာတွေ မရေးဖြစ်တော့တာပါ။
ဟုတ် ကိုသုတ
ဟုတ် ဟုတ်