Where are they Gone?steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

Steem ဈေးကတော့ ခုချိန်ထိ စံချိန်တင် ကျနေတုန်းပင် ဖြစ်၏။ ယခင် ကနဦးတုန်းလောက်က ဈေး ဖြစ်သွားတာကို အဘယ်ကြောင့် စံချိန်တင် ကျနေသည်ဟု ဆိုနေသနည်းဟု မေးစရာ ရှိ၏။ Steem ဈေး တခါသားမျှ ယခုလောက်ထိ အကြာကြီး မငြိမ် (မကျ) နေဖူးပေ။ ဈေးတန်းအမြင့် တခုမှာ အကြာကြီး ငြိမ်နေတာမျိုးက လက်ခံလို့ ရ၏။ ဥပမာ 1 steem ကို 200 USD လောက် ဖြစ်ဖြစ်ပေါ့။ ထိုဈေးတန်းမှာ အကြာကြီး ငြိမ်နေတာမျိုးဆိုလျှင် တမျိုးပေါ့။ ခုက ကျဈေးမှာ ငြိမ်နေခြင်းမျိုးကြီး ဖြစ်၏။ လူ့စိတ်ကလည်း ခက်သား။

ဈေးတက်တက်၊ ကျကျ ပုံမှန်တော့ စာရေး ဖြစ်၊ ပိုစ့်တင် ဖြစ်နေ၏။ မရေးလို့ မဖြစ်၊ လွန်ခဲ့သော လပိုင်းများက အကြောင်းကြောင်းကြောင့် ရက် (၂၀) လောက် စာမရေး၊ မတင်ဖြစ်လိုက်ပဲ ရှိခဲ့ဖူး၏။ ထိုစဉ် ထိုအချိန်က steem ဈေးသည် ယခု ဈေးထက်တောင် များနေသေး၏။ မည်မျှ ဆိုသည်ကိုတော့ သိပ်မမှတ်မိပေ။ သေချာတာတော့ ယခုဈေးထက်တော့ များ၏။ ထိုစဉ်က စာမရေး၊ မတင်လိုက်ရ သဖြင့် မည်မျှ နစ်နာသွားသည်ကို အခြားသူများထက် ကျနော် အသိဆုံး ဖြစ်၏။

အချိန်သည် ရပ်တန့် မနေပေ။ အချိန် နှင့်အတူ Steemit သည်လည်း ရွေ့ရှားနေ၏။ ထိုအရွေ့မှာ မိမိလည်း လိုက်ပါ စီးမျော နေဖို့ လို၏။ မလိုက်နိုင်၊ မလိုက်ဖြစ်ခဲ့ပါက အများ သူငှာများနှင့် ပြတ်ကျန်ခဲ့ပေလိမ့်မည်။ နောက်မှ အမှီ လိုက်ဖို့ ဆိုသည်က သိပ်မလွယ်လှပေ။ ခုကတည်း လိုက်ဖို့၊ ခုကတည်းက အကျင့်လုပ်ထားဖို့ လို၏။ ထိပ်ပိုင်းမှ တာဝန်ရှိသူ၊ ဦးဆောင်သူများက သူ့သူ တဆင့်ချင်း လုပ်ဆောင်သွားကြပေလိမ့်မည်။ မိမိတို့ အနေနှင့်ကတော့ မှန်မှန်လေး စာရေးရင်း၊ သူတို့ လုပ်ဆောင်မည့် အပြောင်းအလဲကို မျက်ခြေ မပျက် စောင့်ကြည့်နေဖို့ လို၏။ သို့မှ အဖိုးတန် သတင်းများ ထွက်ပေါ်၊ ရှိလာတဲ့ အခါ မလွတ်သွားပဲ ဖမ်းမိမည် ဖြစ်၏။

new-year-2019-greeting-card-with-calligraphy_1095-767.jpg
photo from Google

ယခုတလော ကျနော်တို့ MSC မှာလည်း စာပုံမှန် ရေးတင်သူ အင်မတန်မှ နည်းသွားပြီ ဖြစ်၏။ (၅) ယောက်ထက် ကျော်သည့် ရက်ကို မရှိသလို ဖြစ်နေ၏။ ယခင် နေ့စဉ် ပိုစ့်တင်သူများသည် ယခုအခါ (၂) ရက်ခြား၊ (၃) ရက်ခြားမှာ တခါ တင်ကြ၏။ ယခင် (၂) ရက်ခြားလောက် တင်နေသူများက တပတ် တပိုစ့်လောက်သာ တင်တော့၏။ တပတ် တပိုစ့်လောက် တင်နေသူများကတော့ လုံးဝကို ပျောက်သွားတော့၏။ အကြောင်း အမျိုးမျိုးကြောင့် ဆိုပေမယ့် အဓိက အကြောင်းအရင်းကတော့ Steem ဈေးကျနေသောကြောင့် ဖြစ်၏။ မည်သို့သော အကြောင်း ကြောင်း ကြောင့် ဖြစ်စေ။ MSC မှ အမျိုးတွေကိုတော့ စာလေး ပုံမှန်ရေး၊ ပိုစ့်လေး ပုံမှန် ပြန်ပြီး တင်ကြစေလို၏။

ယခု ရက်ပိုင်း Pro ပုံမှန် မပေးနိုင်ခြင်းမှာလည်း ကိုဟင် မအားနေသောကြောင့် ဖြစ်၏။ ဤသည်ကိုလည်း အားလုံးက နားလည်ကြမည် ထင်ပါ၏။ ကိုဟင်၏ မင်္ဂလာပွဲလေး ပြီးသွားလျှင်တော့ Pro လည်း ယခင်အတိုင်း ပုံမှန် ပြန်ဖြစ်သွားပေလိမ့်မည်။ တလက်စတည်း ကိုဟင်၏ မင်္ဂလာဆောင်ကိုလည်း လာခဲ့ကြဖို့ ဖိတ်ခေါ်လို၏။ အားလုံးမှာ ကိုယ်စီ တာဝန်များနှင့် ဆိုပေမယ့်လည်း အခွင့်ရှိလျှင်တော့ ဆုံချင်သေး၏။ တောင်ကြီးပွဲက လိုသေးသည် မဟုတ်လား။ တောင်ကြီးပွဲ မတိုင်ခင်လေးတော့ ဆုံချင်သေး၏။

မည်သို့ပင် ဆိုစေ စာလေးတော့ ပုံမှန် ပြန်ရေးကြပါလို့ တိုက်တွန်းလို၏။ ဈေးတက်၊ ဈေးကျ ကို မကြည့်နေပဲ စာရေးခြင်းကို အလေ့အကျင့် တခုအနေနှင့် လုပ်ဆောင်ကြည့်ဖို့ အကြံပေးလို၏။ မိမိ အားလျှော့လိုက်လျှင် မိမိ အပေါင်းအသင်း ဘော်ဒါများလည်း အားလျှော့သွားတတ်သည် မဟုတ်လား။ သူတောင် မရေးတော့တာ ငါလည်း မရေးသေး၊ မရေးတော့ပါဘူးကွာ ဆိုပြီး ရပ်ထားလိုက်လျှင် တကယ် ပြန်ရေးမည့်အချိန်မှာ အခက်အခဲ တစုံတရာ ကြုံရနိုင်၏။ စာရေးခက်ခြင်း ဖြစ်၏။ အဆိုးဆုံး အနေနှင့်ကား စာ မရေးသူ၊ ပိုစ့် မတင်သူ များလာခြင်းကြောင့် MSC ကြီး တိတ်ဆိတ်ခြောက်ကပ်သွားခြင်း ပင် ဖြစ်၏။

Don Jaun

MSC 31

Sort:  

၂ရက် တစ်ခါတော့ ပိုစ့်တင်ဖို့ကြိုးစားနေပါတယ်ဗျာ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 57824.15
ETH 2965.89
USDT 1.00
SBD 3.70