What? How? When? DW (Final Chapter)steemCreated with Sketch.

in #myanmar7 years ago

image

သူ့အတွက် ကောင်းသွားပေမယ့် ကိုယ်တွေ အတွက်မှာတော့ အတော်လေးကို ကမောက်ကမ ဖြစ်ကုန်၏။ ထို ဂိမ်းကို ဆော့ကစားသူ အများစုက reward အနေနှင့် steem ပြန်ရသောကြောင့် ဖြစ်၏။ ထိုသို့ steem ပေးနေရာကနေ ရုတ်တရက်ကြီး steem အစား future သို့ပြောင်းလဲလိုက်သည့် အခါမှာတော့ တော်တော်လေးကို ကိုးလို့ကန့်လန့် ဖြစ်သွား၏။ အသံများလည်း ပေါင်းစုံ ထွက်လို့လာ၏။ အချို့က အရင်းကျေသွားပေမယ့် အချို့က အရင်း မကျေသေးဘူးမလား။ ဆက်ပဲ ဆော့ရမလား၊ ဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ်ကုန်ကြ၏။

အစကနဦးကတည်းက သူ့ future coin ကို မိတ်ဆက်ဖို့ ရည်ရွယ်ချက် ရှိသည် ထင်၏။ သို့ပေမယ့် ရုတ်တရက်ကြီး ဆိုတော့ တော်တော်လေး အကြပ်ရိုက်ကုန်သွားကြ၏။ reward ပြောင်းလိုက်တာက ထားပါ။ အနှီ future ကို steem ပြောင်းမရပဲ byte ball အနေနှင့်သာ ပြောင်းလဲ ထုတ်ယူလို့ ရခြင်းက ဆိုးလှ၏။ future နှင့် steem, steem နှင့် future တိုက်ရိုက် ပြောင်းယူလို့ ရလျှင် ပိုကောင်းသည် မဟုတ်လား။ ခု အခြေအနေက တော်တော်လေးကို အဆင်မပြေလှပေ။ နောက်ပိုင်းတော့ မည်သို့ ဖြစ်မည် မသိပေ။ ဆက်တော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။

အခြား ဆော့ကစားသူများလည်း ကျနော့်လို တွေးနေကြမည် ထင်၏။ လက်ရှိချိန်ထိတော့ Drug War က မှန်မှန်လေး ခရီးဆက်နေသေး၏။ reward ပြောင်းလိုက်တာက လွဲလို့ ကျန်အရာများကို တဖြည်းဖြည်း အဆင့်မြှင့်တင် ပြောင်းလဲပေးလာခဲ့၏။ တဖြည်းဖြည်း ဆော့ကစားလို့လည်း ပိုကောင်းလာ၏။ အရင်းအနှီး ထည့်ပြီး ဆော့ကစားသူများ အဖို့ လက်ရှိ ဂိမ်းအခြေအနေက အရင်း ပြန်ကျေ၊ ပြန်ရဖို့ သိပ်မလွယ်ကူတာတော့ အမှန်ပင်။

image
photo from Google

ဂိမ်းဆော့ကစားသူ တ၀က်လောက်က ဆုပ်လည်းဆူး၊ စားလည်းရူး အခြေအနေကြောင့်သာ အနှီဂိမ်းကို ဆက်ဆော့နေကြရခြင်း ဖြစ်၏။ သူလည်း ကြာလျှင်တော့ Monster လမ်းစဉ်များ လိုက်သွားမလားဟုတော့ စိတ်ပူရ၏။ သို့ပေမယ့် တချိန်ချိန်မှာ future coin ဈေးမကောင်းလာနိုင်ဘူးဟု မည်သူမှ မပြောနိုင်ပေ။ ထို့ပြင် future နှင့် steem တိုက်ရိုက် ထုတ်ယူ၊ လဲလှယ်လို့ ရလျှင် ပိုပြီး အဆင်ပြေလာနိုင်၏။

အစကတည်းက အတိုက်အခိုက်ကို သိပ်စိတ်မ၀င်စားသော ကျနော့် အဖို့ နေ့စဉ် နီးပါးကို အတိုက်ခံနေရတော့၏။ storage များကို upgrade လုပ်ထားလို့သာ တော်သေး၏။ ဆရာသမားများကလည်း ဘာမှ မရနိုင်သည့် (မဖြစ်စလောက် နည်းနည်း) လေး အတွက်ကို လာလာပြီး တိုက်နေကြ၏။ အစပိုင်းကတော့ မည်သို့မှ သဘောမထားပေမယ့် နောက်ပိုင်းမှာ နည်းနည်း စိတ်တိုလာ၏။ သို့နှင့် စစ်သားများ ထုတ်ထားလိုက်တာ့၏။ ယခု ရက်ပိုင်းအတွင်း အတိုက်ခံ ရသည်က ပိုပိုပြီး များလာသည်ကိုး။

သို့နှင့် အခြားအရာများကို upgrade လုပ်ခြင်း ခဏ ရပ်ထားလိုက်ပြီး စစ်သားများ လှိမ့်ထုတ်နေတော့၏။ သူများကို သွားမတိုက်တောင် မိမိကိုယ်ကို ကာကွယ်ဖို့ လိုသည် မဟုတ်လား။ မဟုတ်လျှင် ကျနော့်ကို အချဉ်ဟု ထင်သွားနိုင်၏။ အေးအေး နေတတ်ပေမယ့် အစွယ်မကျိုးနေကြောင်းတော့ ပြဖို့ လိုလာပြီ ဖြစ်၏။ Drug War ကနေ reward များ ထင်သလောက် မရတော့ပေမယ့် ဆက်လက်ပြီးတော့ ဆော့ကစား ဖြစ်နေဦးမည် ဖြစ်၏။ ဘာရယ်တော့ မဟုတ် ဆော့ကစားလို့ ကောင်းနေသေးသည်က တကြောင်း၊ တချိန်ချိန်မှာများ ကောင်းသော ပြောင်းလဲခြင်းလေးများ မြင်ရမလား ဆိုသည့် မျှော်လင့်ချက်လေးနှင့်ပေါ့။

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

drugwars game အခုအခြေအနေကတော့ အပေးအရမ်းနည်းလွန်းပြီး တစ်ချို့ဆို စိတ်ပျက်နေလောက်ပါပြီ။

Posted using Partiko Android

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 65754.07
ETH 1924.19
USDT 1.00
SBD 0.38