Weekend Movie :: Water For ElephantsteemCreated with Sketch.

in #myanmar6 years ago

FB_IMG_1527335451652.jpg

မထင်မှတ်ထားတာတွေ မယုံကြည်နိုင်တာတွေ မထင်မှတ် မယုံကြည်နိုင်လောက်အောင် ကြုံဆုံ ရတာ ဘ၀ပါပဲ။ အခက်အခဲတွေ အဆင်မပြေမှုတွေ အတားအဆီးတွေကတော့ အမြဲတမ်း ကြုံတွေ့နေရမှာပါပဲ။ ဒါတွေကို ကိုယ်ဘယ်လို ဖြတ်သန်းမလဲ။ ဒါကပဲ အရေးကြီးတဲ့ အချက် ဖြစ်သလို၊ အောင်မြင် ပျော်ရွှင်စွာ နေနိုင်ဖို့ လမ်းစလည်း ဖြစ်ပါတယ်။

Jacob Jankowski (Robert Pattinson) ဟာ veterinary medicine ကျောင်းသား တဦး ဖြစ်ပြီး Cornell Universtiy မှာ တက်ရောက် သင်ကြားနေပါတယ်။ သူ့ရဲ့ နောက်ဆုံး စာမေးပွဲကို ဖြေနေစဉ် အတွင်းမှာပဲ သူ့မိဘတွေဟာ ကား အက်ဆီဒန့် တခုကြောင့် သေဆုံး သွားခဲ့ပါတယ်။ သူဖခင်ဟာ အကြွေးများစွာ ကျန်ခဲ့ပါတယ်။ ဘဏ်က Jacob ရဲ့ အိမ်ကို အကြွေးသိမ်း လိုက်ပါတယ်။ Jacob တယောက် ဘာလုပ်လို့ ဘာပြု ရမှန်း မသိ ဖြစ်ခဲ့ရပါတယ်။ ကျောင်းကလည်း မပြီးသေး၊ နေစရာ အိမ်ကလည်း မရှိတော့ပါဘူး။

ဒီလိုနှင့် ဟိုဟို ဒီဒီ သွားနေရင်း သွားနေတဲ့ ရထား တစီးပေါ် ခုန်ပြီး တက်ခဲ့ပါတယ်။ သူ ခုန်တက်ပြီး စီးခဲ့တဲ့ ရထားက ဆပ်ကပ် ရထား ဖြစ်နေခဲ့ပါတယ်။ Jacob တယောက် ရထားပေါ်မှာ လှပတဲ့ မိန်းမပျိုလေး ဖြစ်တဲ့ Marlena Rosenbluth (Reese Witherspoon) နှင့် တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ထို့ပြင် August Rosenbluth (Christoph Waltz) နှင့်လည်း တွေ့ခွင့် ကြုံခဲ့ရပါတယ်။ August ဟာ Marlena ရဲ့ ခင်ပွန်းလည်း ဖြစ်ပါတယ်။ ထို့ပြင် ဆပ်ကပ်ရဲ့ ပိုင်ရှင် ဖြစ်ပြီး တိရစ္ဆာန်တွေကို လေ့ကျင့်ပေးတဲ့သူ လည်း ဖြစ်ပါတယ်။

MV5BMTQzMDU3NDEwN15BMl5BanBnXkFtZTcwMTI3MDU0NA@@._V1_.jpg
photo from Google

Jacob တယောက် ဆပ်ကပ်သုံး မြင်း Silver မှာ Laminitis ဆိုတဲ့ ရောဂါ ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။ ထို့ပြင် August ကိုလည်း သူဟာ veterinary ကျောင်းသား တဦး ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ သို့နှင့် Jacob ကို Silver ရဲ့ ရောဂါကို တက်နိုင်သလောက် စောင့်ရှောက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ Jacob လက်ခံခဲ့ပါတယ်။ သူ ဆပ်ကပ်အဖွဲ့နှင့် လိုက်ဖြစ်သွားပါတယ်။ ဒါပေမယ့် Silver ရဲ့ ရောဂါက ဘယ်လို နည်းနှင့်မှ ပြန်လည် သက်သာလာနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါနှင့် Jacob တယောက် Marlena ကို ပြောပြီး Silver ကို ဇီဝိန် ခြွေပေးလိုက်ပါတော့တယ်။

ဒီအကြောင်းကို August သိတော့ ဒေါသပုန် ထခဲ့ပါတယ်။ Jacob တယောက် သူ့ကို မတင်ပြပဲ သူ့ဆုံးဖြတ်ချက်နှင့် သူ လုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဘယ်သူက ဆရာ၊ ဘယ်သူက သူဌေးဖြစ်တယ် ဆိုတာ Jacob ကို ပြသ၊ ပညာပေးလိုက်ပါတယ်။ နောက်ကို သူ့အမိန့်ကို နာခံပြီး လုပ်ဆောင်ဖို့ကိုလည်း Jacob ကို သတိပေးလိုက်ပါတယ်။

Silver အစား Rosie ဆိုတဲ့ ဆင်တကောင်ကို August တို့ အစားထိုးပါတော့တယ်။ August တယောက် Rosie ကို လေ့ကျင့်သင်ကြားပေးပါတယ်။ ဒါပေမယ့် August ရဲ့ လူမဆန်တဲ့ လေ့ကျင့်သင်ကြားပေးမှုတွေက Rosie ကို ပိုမိုပြီးတော့ ကြမ်းတမ်းလာစေခဲ့ပါတယ်။ ဒါကို သတိထားမိတဲ့ Jacob က Rosie ကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လို့ မရကြောင်း ရိပ်မိခဲ့ပါတယ်။ ဒါနဲ့ သူဟာ ညှင်သာတဲ့ နည်းလမ်း သုံးပြီး Rosie ကို သင်ကြားပေးခဲ့ပါတယ်။ သူ့နည်းလမ်းဟာ ထိရောက်ခဲ့ပါတယ်။ Rosie ဟာ အင်မတန်မှ ဥာဏ်ရည်ထက်မြတ်ပြီး သင်ယူတတ်မြောက် လွယ်ပါတယ်။ August တို့ရဲ့ ဆပ်ကပ်ဟာ အချိန်တို အတွင်းမှာပဲ အောင်မြင်မှုတွေ ရလာခဲ့ပါတယ်။

S90106-11524611(1).jpg
photo from Google

တချိန်ထဲမှာပဲ August ဟာ Jacob အပေါ် ဆက်ဆံပုံတွေလည်း အတန်ငယ် ပျော့ပြောင်းလာခဲ့ပါတယ်။ ညစာဖိတ်ကျွေးတာမျိုး၊ သောက်စရာ တခုခုနှင့် ဆက်ဆံ တာမျိုးတွေပေါ့။ August တို့နှင့် အနီးကပ် နေကြည့်ရင်း August နှင့် Marlena တို့ရဲ့ ဆက်ဆံ ရေးကို Jacob တယောက် သတိထားမိလာခဲ့ပါတယ်။ သူတို့ ဆက်ဆံ ရေးဟာ အဆင်မပြေပါဘူး။ အဆင်မပြေရခြင်းရဲ့ အဓိက အကြောင်းအရင်းကလည်း August ကြောင့်သာ ဖြစ်ပါတယ်။ ထို့ပြင် Jacob တယောက် Marlena ကို စိတ်ဝင်စားလာနေခဲ့ပြီ ဖြစ်ပါတယ်။

August, Marlena နှင့် Jacob တို့ ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းက ဘယ်လိုများ ဆက်ဖြစ်လာမလဲ၊ Rosie ကကော လုံးဝ လိမ္မာ ယဉ်ကျေးသွားပြီလား ဆိုတာကိုတော့ ပိတ်ကား ထက်မှာ ဆက်လက် ရှုးစားပါလို့ …

ဒီဇာတ်ကားလေးဟာ ပေါ့ပေါ့ ပါးပါးလေးနဲ့ ကြည့်ကောင်းတဲ့ ကားလေးပါ။ လူသားဆန်စွာ နေထိုင်တတ်ဖို့ လိုအပ်ကြောင်း message လေး ပေးထားပါတယ်။ ဒီ ထဲမှာ ကျနော် အကြိုက်ဆုံး အခန်းလေးက Marlena နှင့် Jacob စကားပြောတဲ့ အခန်းလေးပါ။ Marlena က Jacob ကို ပြောလိုက်တဲ့ စကားလေးပေါ့။ ကျမ (၁၇) နှစ်သမီးတုန်းက ရှင် ဘယ်ရောက် နေတာလဲ တဲ့။

Director
Francis Lawrence

Cast
Reese Witherspoon, Robert Pattinson, Hal Holbrook, Christoph Waltz, Tai, James Frain, Paul Schneider, Ken Foree, Tim Guinee, Mark Povinelli

Don Jaun

MSC 31

Sort:  

ဆင်က ရေကို ပါးစပ်ဖြင့် သောက်တာလား နှာခေါင်းဖြင့် သောက်တာလား😁

Posted using Partiko Android

မေးခွန်း သတ်ပြီ 😂

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support SteemitBoard's project! Vote for its witness and get one more award!

ိုကိုယ့်​အတွက်​messageချန်​​ပေးနိုင်​တဲ့ဇာတ်​ကားမျိုးဆိုကြိုက်​ပါတယ်​....ရှာပြီးကြည့်​ပါ့မယ်​....

Posted using Partiko Android

ဟုတ်

အော်​...ဗွီဒီယို ဇာတ်​ကားအ​ကြောင်း​လေးကိုးး အားတဲ့အခါမှကြည့်​မယ်​ဗျာ

အိုကေ ပါဗျ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62795.57
ETH 2581.60
USDT 1.00
SBD 2.74