Weekend Movie :: Toilet ( Ek Prem Katha )
Weekend Movie :: Toilet ( Ek Prem Katha )
သန့်စင်ခန်း (အိမ်သာ) တခုကြောင့် လင်မယားချင်း ကွာရှင်း ရမည့် အခြေအနေတွေ ဖြစ်လာနိုင်သည် ဟု ဆိုလျှင် ယုံပါမည်လော။
အိန္ဒိယ၏ ရွာလေး တရွာ၌ အမျိုးသမီးများသည် နေ့စဉ် မနက်ခင်း ဝေလီဝေလင်း အချိန်တိုင်း ကိုယ်စီ ရေခွက်ကလေးများကို ဆွဲပြီး ရွာပြင် လယ်ကွင်းများဆီသို့ သွားကြ၏။ ကိုယ်လက်သန့်စင်ခြင်း ကိစ္စ အတွက်ပေါ့။ အမျိုးသားများကတော့ အိမ်ဝိုင်းထဲမှာ လမ်းပေါ်မှာပင် ဟိုနားတိုး ဒီနားတိုးပေါ့။ ထိုရွာ၌ သန့်စင်ခန်း မရှိပေ။ သန့်စင်ခန်း မဆောက်ခြင်းသည် သူတို့အတွက် ဘာသာရေး ယူဆချက်တခု၊ ဘာသာရေးအတွက် ကောင်းသည် ဟု ရှေးယခင်ကတည်းက မိရိုးဖလာ လက်ခံ လာကြ၏။ ထိုရွာမှနေသည့် Keshav (Akshay Kumar) သည် အယူသီးသော ဖခင်၏ စီမံမှုအရ ကျွဲမ နှင့် လက်ထပ်ရ၏။ သူ၏ အညံ့များ ပြေပျောက်အောင် ယတြာချေ ခြင်း ဖြစ်၏။ တနေ့မှာ Keshav သည် Jaya (Bhumi Pednekar) နှင့် ရထားပေါ်တွင် ဆုံ၏။ Keshav သည် Jaya ကို မြင်မြင်ချင်းပဲ ချစ်မိသွားတော့၏။ Jaya သည် ပညာတတ် အမျိုးသမားတဦး ဖြစ်၏။ Keshav သည် Jaya ၏ အချစ်ကို ရအောင် ကြိုးစားခဲ့၏။ သူတို့ ချစ်သူတွေ ဖြစ်သွားကြ၏။ လက်ထပ်ဖို့ အတွက်လည်း Keshav နှင့် Jaya သည် အယူသီးသည့် Keshav ၏ ဖခင်ကို တပတ်ရိုက်ခဲ့ကြ၏။
photo from Google
သူတို့ လက်ထပ်ပြီး နောက်တနေ့မှာပင် ပြဿနာ ပေါ်တော့၏။ တခြား မဟုတ်။ သန့်စင်ခန်း မရှိသော Keshav ၏ အိမ်တွင် Jaya သည် ဒုက္ခနှင့် ကြုံရတော့၏။ မင်္ဂလာဦးည ပြီး နောက်တနေ့ မနက် ဝေလီဝေလင်းမှာ ထုံးစံအတိုင်း တောတိုးဖို့ အခြားအမျိုးသမီးများက Jaya ကို လာခေါ်ကြ၏။ ထိုကိစ္စသည် Jaya အတွက် တကယ့်ကို လက်ခံနိုင်ဖို့ ခက်ခဲ ခဲ့၏။ Jaya သည် Keshav ကို ချစ်သည့် စိတ်ဖြင့် ထို သန့်စင်ခန်း ကိစ္စကို သည်းခံ ခဲ့သော်လည်း ရေရှည်မှာတော့ အဆင်မပြေတော့ပေ။ အယူသီးသည့် Keshav ၏ အဖေကလည်း သူ့အိမ်ဝိုင်းထဲတွင် သန့်စင်ခန်း ဆောက်မည့် ကိစ္စကို လုံးဝလက်မခံပေ။ ထူးထူးခါးခါးကို ငြင်းဆန်ခဲ့၏။ Keshav မှာလည်း Jaya အတွက် အမျိုးမျိုး အဖုံဖုံ နည်းလမ်း ရှာ ဖြေရှင်းပေး၏။ သို့သော် ထိုလုပ်ဆောင်ချက်များသည် ပြဿနာကို ခဏသာ ပြေလည် စေခဲ့၏။ နောက်ဆုံးမှာတော့ Jaya တယောက် သန့်စင်ခန်း ရှိသော သူမ အိမ်သို့သာ ပြန်သွားခဲ့၏။
Keshav ကလည်း Jaya ကို ပြန်ခေါ်နိုင်ဖို့အတွက် အယူသီးသော သူ့အဖေနှင့် ယှဉ်ပြီး သန့်စင်ခန်း တိုက်ပွဲ ၀င်ရ၏။ မည်သို့မှ မအောင်မြင်ပေ။ အဆုံးမှာတော့ Keshav နှင့် Jaya တို့သည် ကွာရှင်းဖို့ အခြေအနေထိကို ရောက်သွားတော့၏။ သူတို့ နှစ်ယောက် ကွာရှင်းဖြစ်သွားမလား၊ ပြန်လည် ပေါင်းစဉ်းမလား၊ နောက် Keshav ၏ သန့်စင်ခန်း တော်လှန်ရေးကကော အောင်မြင်ပါ့မလား ဆိုသည်ကိုတော့ ပိတ်ကားထပ်မှာ ဆက်လက်ရှုစားပါလို့။
photo from Google
သန့်စင်ခန်း တခုကို အခြေတည်ပြီး ရွာသားတွေ၏ လွဲမှားနေသော အရိုးစွဲနေသာ အယူအဆများကို ပြောင်းလဲရန် ကြိုးစားကြခြင်း ဖြစ်၏။ Jaya ၏ အမျိုးသမီးထုအတွက် အဆုံးအထိ တောင့်ခံမှု၊ Keshav ၏ အချစ်အတွက် ကြိုးစားအားထုတ်မှုများကို ဒီ ဇာတ်ကားမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Director
Shree Narayan Singh
Cast
Ashay Kumar, Bhumi Pedenkar, Anupam Kher, Divyendu Sharma, Gunjan Malhotra, Sudhir Pandey, Shubha Khote, Rajesh Sharma, Atul Srivastava
Don Jaun
MSC 31
ဟား အိမ်သာဇာတ်လမ်း လာပြန်ပီ ။ စိတ်ဝင်စားတယ် ဆက်ပြောအုန်း။
လာမယ် ...
A woman threatens to leave her husband unless he installs a toilet in their home. To win back her love and respect, he heads out on a journey to fight against the backward society.
Shree Narayan Singh
Akshay Kumar, Anupam Kher, Bhumi Pednekar, Sana Khaan, Sachin Khedekar
Yeah!
A very nice and interesting movie.
စိတ်ဝင်စားစရာကောင်းတယ်နော်။ကုလားကားလားအဲဒီဇာတ်လမ်းက။
ဟုတ်တယ်
ကလားကားအသေကြိုက်တာနော် ကားကောင်းလေးတွေရှိရင်ပြောပါအုံးအရင်အပတ်က Padmaavat ကြည့်တာကောင်းတယ်✌️
လာမယ်
Weekend တိုင်း လာမယ်
😂
ဟုတ်
တို့နိုင်ငံရဲ့အချို့သောဒေသတွေမှာ၊တောတိုးတဲ့အကျင့်ကရှိသေးတယ်။ခေတ်မမီတာထက်၊ဗဟုသုတနည်းပါးလို့ဆိုရင်ပိုမှန်မယ်။လူတွေရဲ့နေထိုင်မူ့ပုံစံ၊စားသောက်မူ့ပုံစံတွေက..တအားကိုပြောင်းလဲသွားပီ။အရင်တုန်းကလူတွေစားသောက်ရတာတွေက၊အာဟာရပြည့်တယ်။ဒီတော့
ခုခံအားကောင်းတယ်၊တော်ရုံဗိုင်းရပ်စ်ပိုးက..မဝင်နိုင်ဘူး။
အခုက..ဘက်တီးရီးယားပိုးတွေ..ဗိုင်းရပ်ပိုးတွေကပိုပီးအား
ကောင်းသလိုဖြစ်နေတယ်။ကျန်သူတွေပါ..အလွယ်တကူကူးစက်နိုင်တယ်။ဒီတော့..ယင်လုံအိမ်သာဆိုတာရှိကိုရှိရမှာနော..။အဲလိုအယူသီးတဲ့နေရာမှာ..လူမဖြစ်ရတာကိုက
ကံကောင်းတယ်လို့ပြောရမှာလေ။
မှန်တာပေါ့ အန်တီ ရယ်
ကျန်းမာရေး အသိ ဆိုတာက မရှိမဖြစ် လိုအပ်တာကိုး ...
Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.