Weekend Movie :: Oridinary PeoplesteemCreated with Sketch.

in #myanmar6 years ago

FB_IMG_1527335451652.jpg

ယုံကြည်ခြင်းဆိုတာ ဘာလဲ။ တချို့ ယုံကြည်ခြင်း တွေက ရေရှည် ထာဝရ မတည်တံဘူးရယ်။ တဒင်္ဂလောက်ပဲ။ တချို့အမှားတွေက အမှားတွေ ထပ်ထပ်ပြီး ဖြစ်စေတယ်။ ဆင့်ကဲ မှားယွင်းမှုတွေက ပျက်စီးခြင်းတွေ၊ ထိခိုက် နာကျင်မှုတွေကို ခံစားရ စေတတ်ပါတယ်။ တခါတလေ အဲ့အကျိုးဆက်က ၀မ်းနည်းစရာတွေကို ဖန်တီး ဖြစ်ပေါ်စေပါတယ်။

Ki Cheol (Ma Dong Seok) တယောက် မြို့ပြနဲ့ ဝေးတဲ့ ရွာလေး တရွာရဲ့ အထက်တန်း ကျောင်း (အမျိုး သမီး သီးသန့်) ကို အားကစား (Gym) နည်းပြ ဆရာ တဦး အနေနှင့် ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပါတယ်။ ဆရာ မလုပ်ခင်တုန်းက သူဟာ BOXING မှာ ချန်ပီယံ အဆင့်ထိ ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။ Ki Cheol ကို ဆရာ အဖြစ်ခန့်တယ် ဆိုတာကလည်း အမှန်တော့ အကြွေးတောင်းခိုင်းချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ သူ့ပုံစံက တုတ်တုတ်ခိုင်ခိုင် ကြီးနဲ့ လူမိုက်ပုံ ပေါက်နေတော့ ကျောင်းလခ မပေးသွင်းရသေးတဲ့ ကျောင်းသူ တွေထံကနေ ကျောင်းလခ ကောက်ခံ ခိုင်းဖို့ ဖြစ်ပါတယ်။

ကျောင်းကို စရောက်တဲ့ ရက်မှာပဲ ကျောင်းသူလေးတယောက်နဲ့ အခြား ကျောင်းသူ (၃) ယောက် စကားများ ရန်ဖြစ်မယ့် အခြေအနေကို ၀င်ထိန်းပေးခဲ့ရပါတယ်။ ထိန်းတယ် ဆိုပေမယ့်လည်း တကယ်တော့ သူ့စကားကိုလည်း ဘယ် ကျောင်းသူမှ နားမထောင်ပါဘူး။ သူတို့ ကိုယ် သူတို့ ပြောဆိုပြီး သွားလိုက်ကြတာ ဖြစ်ပါတယ်။ တယောက်ထဲနဲ့ (၃) ယောက်ကို ရန်စကား သွားပြောတဲ့ ကျောင်းသူက Kang Yoo Jin (Kim Sae Ron) ဖြစ်ပါတယ်။ သူမ ခုတလော နေရ ထိုင်ရ သိပ်အဆင် မပြေပါဘူး။ ဘာလို့ဆို သူမရဲ့ အချစ်ဆုံး သူငယ်ချင်း Han Soo Yeon (Shin Se Hwi) တယောက် ပျောက်နေလို့ပဲ ဖြစ်ပါတယ်။

The_Neighbors_(2018)-P1.jpg
photo from Google

Yoo Jin တယောက် သူမရဲ့ သူငယ်ချင်းကို နေရာ အနှံ့ လိုက်လံ ရှာဖွေနေခဲ့ပါတယ်။ ရဲစခန်းကို လူပျောက် တိုင်ထားပေမယ့်လည်း မထူးပါဘူး။ ဒါကြောင့် သူမ ကိုယ်တိုင် စာရွက်ကပ်၊ စာရွက် လိုက်ဝေရင်း သူမရဲ့ သူငယ်ချင်းကို ရှာနေခဲ့တာပဲ ဖြစ်ပါတယ်။ အားရင် အားသလိုကို Yoo Jin တယောက် Soo Yeon ကို လိုက်ရှာနေခဲ့ပါတယ်။ ကျောင်းတွေ ဘာတွေတောင် လစ်ပြီး လိုက်ရှာနေတဲ့ အထိပါပဲ။

တရက်မှာ Yoo Jin ကျောင်းလစ်ပြီး Soo Yeon ကို လိုက်ရှာ ပြန်ပါတယ်။ ဒါကို Ki Cheol တွေ့သွားပြီး နောက်ကနေ တိတ်တဆိတ် လိုက်ကြည့်ခဲ့ပါတယ်။ Yoo Jin တယောက် စုံစမ်း ရှာဖွေနေရင်း Night Club တခု ထဲ တိတ်တဆိတ် ၀င်ရောက်သွားပြီး စပ်စုပါတော့တယ်။ အဲ့နေရာက Soo Yeon သွားဖူးတဲ့ နေရာတွေထဲက တခုပါ။ အဲ့နေရာက တယောက်ယောက်နား Soo Yeon အကြောင်းလေးများ သိရမလားလို့ပေါ့။ ဆိုင်ထဲက လုံခြုံရေးတွေ Yoo Jin ခိုးဝင်လာတာကို တွေ့သွားခဲ့ပါတယ်။ Yoo Jin ကံကောင်းသွားတာက သူမ နောက်နေ လိုက်စောင့်ကြည့်နေတဲ့ Ki Cheol ရောက်လာခဲ့ပြီး ခေါ်ထုတ် (ကယ်ထုတ်) သွားပေးခဲ့ပါတယ်။ club အပြင်ကို အရောက်မှာ အမျိုးသမီး တဦးက Soo Yeon အကြောင်းကို တစွန်း တစ ပြောပြပေးခဲ့ပါတယ်။

Ki Cheol တယောက် Yoo Jin ကို အိမ်ပြန် လိုက်ပို့ပေးခဲ့ပါတယ်။ ကားပေါ်မှာ Soo Yeon အကြောင်း ပြောမိကြပါတယ်။ ရဲတွေ လုပ်ရမယ့် အလုပ်ကို ဘာလို့ မင်းက လိုက်လုပ်နေတာလဲ ဆိုပြီး Yoo Jin ကို Ki Cheol က မေးခဲ့ပါတယ်။ ရဲတွေက ဘာမှ မလုပ်ထားလို့ မလုပ်ပေးလို့ ဆိုပြီး ပြောပါတယ်။ အိမ်နား ရောက်ခါနီးမှာ Yoo Jin ကားပေါ်က ဆင်းပါတယ်။ Ki Cheol က အိမ်အထိ လိုက်ပို့ပေးမယ် ပြောပေမယ့် Yoo Jin ကိုယ်တိုင်က ဆင်းပြီး လမ်းလျှောက်သွားခဲ့တာ ဖြစ်ပါတယ်။

S90203-125423(1).jpg
Photo from Google

ညဖက် ရောက်နေပြီ ဖြစ်သဖြင့် ယာဉ်အသွား အလာတွေကလည်း ရှင်းနေပါတယ်။ Yoo Jin လမ်းလျှောက်နေတဲ့ ဘေးကနေ ကားတစီး မောင်းလာခဲ့ပါတယ်။ ခပ်လှမ်းလှမ်း သူမ ရှေ့ကနေ ကျော်ရပ်ပြီး ကားပေါ်ကနေ လူတယောက် ဆင်းလာခဲ့ပါတယ်။ မသင်္ကာ စရာ ဖြစ်နေတဲ့ ပုံစံကြောင့် Yoo Jin တယောက် နောက်လှည့်ပြီး ပြေးပါတော့တယ်။ သူမ phone ကို စမ်းပေမယ့် phone ကမပါလာခဲ့ပါဘူး။ သူမ phone Ki Cheol ရဲ့ ကားပေါ်မှာ ကျန်ခဲ့တာ ဖြစ်ပါမယ်။ နောက်က လိုက်လာတဲ့ သူက သူမကို အသေးစား ရှော့တိုက်စက်လေးနဲ့ တဒင်္ဂ သတိမေ့သွားအောင် တို့လိုက်ပါတော့တယ်။

ရှော့တိုက်စက်နဲ့ တို့သူက ဘယ်သူလဲ၊ Yoo Jin တယောက် ထိုသူရဲ့ ခေါ်ဆောင်မှုကို ခံသွားရမလား၊ Ki Cheol ကကော သူမကို ကယ်တင်ပေးနိုင်ပါ့မလား၊ ထို့ပြင် ပျောက်ဆုံး နေတယ် ဆိုတဲ့ Soo Yeon ကိုကော ရှာတွေ့ပါ့မလား ….

ဒီဇာတ်ကားလေးဟာ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အက်ရှင် ဆန်ဆန်၊ ဒရမ်မာ ဆန်ဆန် ဇာတ်လမ်းလေး ဖြစ်ပါတယ်။ လှည့်ကွက်လေးတွေလည်း ပါတာပေါ့။ ပိတ်ရက်ကို မှာ အချိန်ဖြုန်းဖို့အတွက် ကြည့်ရတာ တန်မယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။

Director
Lim Jin Soon

Cast
Ma Dong Seok, Kim Sae Ron, Jang Gwang, Lee Sang Yeob, Shin Se Hwi, Jin Seon Kyu, Oh Hee Joon

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support SteemitBoard's project! Vote for its witness and get one more award!

လင့်လေးရှိရင်ပေးပါအုံး

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 63077.53
ETH 2471.91
USDT 1.00
SBD 2.66