Weekend Movie:: I'm SamsteemCreated with Sketch.

in #myanmar6 years ago

FB_IMG_1527335451652.jpg

ဘ၀မှာ ချစ်ခြင်းမေတ္တာကို ဖယ်ထုတ်ထားကြည့်လိုက်ရင် ဘယ်လိုနေမလဲ။ ဘယ်သူမှ အဲ့ဒီလို မတွေးချင်၊ မတွေးထားဘူးလို့ ထင်တယ်။ သိပ်ပြီး ကြောက်လန့်ဖို့ ကောင်းနေတာကိုး။ လူတော်တော်များများက ထိတ်လန့်စေတဲ့ အတွေးမျိုးတွေဆို ရှောင်ချင်ကြတယ်။ တခါတလေ အရေးပါတယ်လို့ ထင်ထားခဲ့တဲ့ အရာတွေက သိပ်အရေး မပါသလို၊ အရေးမကြီးပါဘူးလို့ ထင်ထားတဲ့ အရာတွေက အရေးကြီးနေ တတ်ပြန်ရော။

Sam Dawson (Sean Penn) ဟာ မွေးရာပါ ဥာဏ်ရည်ချို့တဲ့ (ဥာဏ်ရည် မမီတဲ့) ရောဂါ ရှိသူပါ။ သူဟာ ဂေဟာမှာပဲ ကြီးပြင်းလာခဲ့ရပါတယ်။ နောက်ပိုင်း ဂေဟာကနေ ထွက်ပြီး တက်နိုင်သလောက် အဆင်ပြေအောင် ကြိုးစားနေထိုင်ပါတယ်။ Sam မှာ သူ့လိုပဲ ဥာဏ်ရည်ချို့တဲ့ နေတဲ့ သူငယ်ချင်း တစုရှိပါတယ်။ သူတို့ သူငယ်ချင်းတွေဟာ စည်းလုံးမှု ရှိကြပြီး တယောက်နှင့် တယောက် ဖေးမမှု ရှိပါတယ်။ ဒီလိုနှင့် နေထိုင်လာရင်း Sam တယောက် အိမ်ရာမဲ့ အမျိုးသမီးတယောက်နှင့် လွန်ကျူးမိရာမှ ရင်သွေးလေး ရခဲ့ပါတယ်။ ထို အိပ်ရာမဲ့ အမျိုးသမီးက ကလေးကို Sam နှင့် ထားခဲ့ပြီး ထွက်သွားခဲ့ပါတော့တယ်။

ကလေးက မိန်းကလေးပါ။ Lucy (Dakota Fanning) လို့ ခေါ်ပါတယ်။ Sam တယောက် ကလေးငယ်လေးနှင့် ဒုက္ခများရပါပြီ။ သူ ကလေးကို ရအောင်၊ ဖြစ်အောင် မွေးပါတယ်။ တခါတလေမှာ တော့ အိမ်နီးချင်း Annie (Dianne Wiest) ရဲ့ အကူအညီကို သူ ယူရပါတယ်။ Annie ဟာ လူတွေနဲ့ ဆက်ဆံရမှာကို ကြောက်ပြီး တကိုယ်တည်း နေထိုင်နေခဲ့တာ အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Sam ရဲ့ လက်ရှိ ဖြစ်နေတဲ့ အခက်အခဲတွေက သူမ မမြင်ချင်ယောက် ဆောင်လို့ မရနေပါဘူး။ ဒါနဲ့ Sam ကို တက်နိုင်သမျှ သူမ ကူညီတယ်။

MV5BYzEyNzc0NjctZjJiZC00MWI1LWJlOTMtYWZkZDAzNzQ0ZDNkXkEyXkFqcGdeQXVyMTQxNzMzNDI@._V1_.jpg
photo from Google

ဒီလိုနှင့် Lucy လေး တဖြည်းဖြည်း အရွယ်ရောက်လာခဲ့တယ်။ သူမတို့ သားအဖ ဘ၀လေးဟာ တော်တော်လေး အဆင်ပြေခဲ့တယ်။ ပျော်ရွှင်ခဲ့ရတယ်။ ဒါပေမယ့် (၆) နှစ် အရွယ် Lucy လေးမှ ပြဿနာ တခု ရှိနေပါတယ်။ တခြား မဟုတ်ပါဘူး။ သူမဟာ ဥာဏ်ရည်ထက်မြတ်ပြီး သင်ယူနိုင်စွမ်း ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူမ ဟာ ကျောင်းမှာ သင်ခန်းစာတွေကို သေချာ လိုက်မလုပ်တော့ပါဘူး။ ဘာလို့ဆို သူ့အဖေ ကို ချစ်တဲ့ စိတ်ကြောင့်ပါ။ သူ့ အဖေ မလုပ်နိုင်၊ မဖတ်နိုင်တဲ့ အရာတွေကို သူမကလည်း လိုက်မလုပ်ချင်တာပါ။ အဖေထက် ပို မတက်နေချင်ဘူးပေါ့။ ဘာကြောင့်ဆို Sam ရဲ့ ဥာဏ်ရည်ဟာ (၆) နှစ် အရွယ် ကလေးတယောက်ရဲ့ ဥာဏ်ရည် မျိုး ဖြစ်နေခဲ့လို့ပါပဲ။

ဒါအချက်ကပဲ Sam တို့ သားအဖကို ခွဲပစ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဥာဏ်ရည် မမီတဲ့ သူတယောက်အနေနှင့် ကလေး တယောက်ကို လူလားမြောက်အောင် ထိန်းသိမ်း စောင့်ရှောက်ဖို့က မဖြစ်နိုင်ဘူးလို့ ယူဆဲ့ ကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေးကဲ့သို့သော အဖွဲ့ အစည်း တခုက Lucy ကို မွေးစားမည့်သူတွေထံ ပို့ဖို့ လုပ်ကြပါတော့တယ်။ ဒီအတွက် Sam တရား ရင်ဆိုင်ရပါတယ်။ Sam နိုင်ရင် သူ့ သမီးကို ပြန်ရမှာ ဖြစ်ပြီး၊ Sam ရှုံးရင်တော့ သူ့ သမီးကို ဆုံးရှုံးမှာ ဖြစ်ပါတယ်။ သူတို့ သားအဖဟာ တယောက်နှင့် တယောက် အလွန်ချစ်ကြပါတယ်။

S81220-00533657(1).jpg
photo from Google

ဒါနဲ့ Sam တယောက် အမှု ရင်ဆိုင်ရပါတော့မယ်။ သူ ရှေ့နေလိုပါတယ်။ အကောင်းဆုံး ရှေ့နေကို ငှားဖို့ သူတို့ သူငယ်ချင်းတစုတွေ တိုင်ပင်ကြပါတယ်။ Sam တယောက် နာမည်ကြီး ရှေ့နေ Rita Harrison (Michelle Pfeiffer) နှင့် သွားရောက် တွေ့ဆုံခဲ့ပါတယ်။ သူ့အမှုကို သူမ လက်မခံ ခဲ့ပါဘူး။ Sam ဥာဏ်ရည် မမီတာအပြင် အဓိကက Sam မှာ သူမကို ငှားနိုင်လောက်တဲ့ အထိ ပိုက်ဆံ မရှိ၊ မပေးနိုင်တာပါပဲ။ Sam ကလည်း လက်မလျော့ပါဘူး။ သူမ မအားရင်၊ အခြား အမှုလိုက်ပေးနိုင်မယ့်သူကို ညွှန်းပေးဖို့ ပြောပါတယ်။ သူမကလည်း နားအေးပြီးရော သူမရှာပြီး ပြန်လည် ဆက်သွယ်ပေးမယ် ပြောလိုက်ပါတယ်။

ဒါပေမယ့် ဒီလိုလုပ်လိုက်ခြင်းက သူမကို အကြီးအကျယ် မှားသွားစေပါတော့တယ်။ Sam တယောက် သူမရုံးကို မကြာမကြာ လာနေပါတယ်။ သူမ မိတ်ဆက်ပေးမယ့် နောက်ရှေ့နေရဲ့ လိပ်စာ ရဖို့ပေါ့။ တခါမှာတော့ ရုံးမှာ ၀န်ထမ်းရေးရာ ပွဲလေး တခု လုပ်နေချိန်မှာ Sam ရောက်သွားပါတယ်။ Rita တို့ ဧည့်သည်တွေနှင့် စကားပြောနေပါတယ်။ ဒီအချိန်မှာ Sam ကို မြင်သွားပြီး ဘယ်လိုမှ လုပ်မရတဲ့ အဆုံး Sam ရဲ့ အမှုကို လက်ခံလိုက်ပါတော့တယ်။ လက်ခံလိုက်တာမှ ရှေ့နေလိုက်ခ မယူပဲ အလကား လိုက်ပေးမှာ ဖြစ်ပါတယ်။ လူအများက သူမကို ငွေရမှ အမှုလိုက်ပေးတယ် ထင်နေကြတာကို မခံချင်လို့လည်း ပါပါတယ်။ ထိုကဲ့သို့ မြင်နေကြတဲ့ အမြင်တွေကို သူမ ခြေဖျက်ပစ်လိုနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် Sam ရဲ့ အမှုကို အလကားလိုက်ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

Sam တယောက် အမှု နိုင်ပါ့မလား၊ Rita ကကော ပြီးပြီးရော ကတိပေးလိုက်တာလား၊ သူမ Sam ကို တကယ် ကူညီပေးနိုင်ပါ့မလား၊ သူမမှာလည်း သူမရဲ့ အဆင်မပြေမှုတွေနှင့်ပါ။ အဆုံးမှာ Sam နှင့် Lucy တို့ သားအဖ ပြန်လည် ဆုံဆည်းနိုင်မလားဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက် ရှုစားပါလို့ ….

ဒီကားလေးဟာ တကယ်ကို ကြည့်လို့ကောင်းတဲ့ ကားလေးပါ။ ဘာလို့လဲ ဆိုတာကို ထပ်မပြောတော့ပါဘူး။ ကြည့်သာ ကြည့်ကြည့်ပါလို့ ပြောပါရစေ။

Director
Jessie Nelson

Cast
Sean Penn, Michelle Pfeiffer, Dakota Fanning, Dianne Wiest, Loretta Devine, Richard Schiff, Laura Dern, Marin Hinkle

Don Jaun

MSC 31

Sort:  

ကိုယ်တွေက ကုလားကားဖက်လိမ့်နေတယ်

ငှဲ့ ဇာတ်သိမ်းပိုင်း အရင်ရေးစေချင်စိတ်ပေါက်တယ် စာအုပ်ဖတ်ရင် ပြောင်းပြန်ဖတ်ပြီး ဇာတ်ကားကြည့်ရင် အဆုံးက စကြည့်ဖြစ်တာများလို့ ။

ဖြစ်ရလေ အေ 😁

ဇာတ်ကြောင်းပြန်ပြောတာတောင် အတော်အသက်ဝင်တာပဲဗျာ

Posted using Partiko Android

ဇာတ်ကားက ကောင်းလို့ပါဗျ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57940.42
ETH 2359.25
USDT 1.00
SBD 2.36