Weekend Movie ::Gold

in #myanmar5 years ago

FB_IMG_1527335451652.jpg

လူတိုင်းမှာ အိပ်မက် ကိုယ်စီ ရှိပါတယ်။ ကိုယ်စီ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ကြပါတယ်။ တခါတလေမှာ လူတစုရဲ့ အိပ်မက်က တူညီနေတတ်ပြန်ပါတယ်။ တူညီသော အိပ်မက်တွေကို သူတို့ အတူ အကောင်အထည် ဖော်နိုင်တာပေါ့။ မက်ထားတဲ့ အိပ်မက်တွေကို ဖြစ်မြောက်အောင် အကောင်အထည် ဖော်ဖို့က တကယ့်တကယ်မှာတော့ လွယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ တချို့ အိပ်မက်တွေက တယောက်ထဲရဲ့ ပျော်ရွှင်မှုအတွက် မဟုတ်ပဲ လူအများရဲ့ ပျော်ရွှင်မှုတွေကိုပါ ဖော်ဆောင် ကိုယ်စားပြုနေတတ်ပါတယ်။

India Hockey အသင်းဟာ ဂျာမနီမှာ ကျင်းပတဲ့ အိုလံပစ် ပြိုင်ပွဲမှာ အိမ်ရှင် ဂျာမနီကို အနိုင်ယူပြီး ပထမဆု ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဗြိတိန် နိုင်ငံလက်အောင်မှာ ကျရောက် နေချိန် ဖြစ်လို့ ဆုပေးပွဲ အခမ်းအနားမှာ India နိုင်ငံ အလံအစား ဗြိတိန် နိုင်ငံ အလံကိုပဲ လွှင့်ထူခဲ့ရပါတယ်။ ဘာလင်မှာ အိုလံပစ် ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့တဲ့ india ကစားသမားတွေ စိတ်ထဲမှာ တချိန်မှာတော့ လွတ်လပ်သော india နိုင်ငံအတွက် ဆုတံဆိပ် ယူပေးနိုင်ရမည် ဆိုတဲ့ စိတ်မျိုးတွေ အပြည့် ရှိနေပါတယ်။ ခုလို ဗြိတိန် အလံ၊ ဗြိတိန် နိုင်ငံ သီချင်းနှင့် မဟုတ်ပဲ မိမိတို့ india အလံ၊ india နိုင်ငံတော် သီချင်းနှင့် အောင်ပွဲ ခံမယ်လို့ သူတို့ စိတ်ထဲမှာ ထိုအချိန်ကတည်းက ဆုံးဖြတ်ချက် ချထားခဲ့ကြပါတယ်။

Gold-Hindi-2018-20180720-500x500.jpg
photo from Google

ထိုသူတွေ အားလုံးထဲမှာမှ အသင်းရဲ့ လက်ထောက် မန်နေဂျာ ဖြစ်တဲ့ Tapan Das (Akshay Kumar) ရဲ့ ရင်ထဲမှာ ထို စိတ် ထို အာသီသက ပိုပြီး ပြင်းထန်နေခဲ့ပါတယ်။ ဂျာမနီ အောင်ပွဲခံ အခမ်းအနားမှာ ကတည်းက တချိန်မှာ လွတ်လပ်သော india အတွက် ရွှေတံဆိပ် အရယူပေးမယ်လို့ Tapan စိတ်ထဲမှာ ဆုံးဖြတ်ထားပါတယ်။ နောက်ထပ်လည်း အိုလံပစ် ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ ထပ်မံ ရယူနိုင်ဖို့ သူတို့ ဆုံးဖြတ်ထားခဲ့ကြပါတယ်။ သို့ပေမယ့် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့တာကြောင့် အိုလံပစ် ပြိုင်ပွဲကို ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။ india အသင်းလည်း ပြိုကွဲသွားခဲ့ပါတယ်။

အားလုံးထဲမှာ အလဲလဲ အကွဲကွဲ ပိုပြီး ဖြစ်ခဲ့ရတဲ့ သူကတော့ Tapan ဖြစ်ပါတယ်။ သူ့မျှော်လင့်ချက်တွေ အားလုံး သဲထဲ ရေသွန်ဖြစ်ပါပြီ ဆိုတဲ့ စိတ်နှင့် အရက်တွေပဲ သောက်နေခဲ့ပါတယ်။ နှစ်တွေကြာပြီး ကမ္ဘာစစ်ကြီးပြီးသွားခဲ့ပါတယ်။ စစ်ကြီး ပြီးနောက် မကြာမီမှာ အိုလံပစ် ပြိုင်ပွဲကို ပြန်လည် ကျင်းပ ဖြစ်မည် ဆိုတဲ့ သတင်းက Tapan ရဲ့ ညစ်ညူးနေတဲ့ စိတ်၊ လဲပြိုနေတဲ့ စိတ်တွေကို တဖန်ပြန်လည် သစ်လွင် လန်းဆန်း လာစေခဲ့ပါတယ်။ Hockey အသင်း တာဝန် ရှိသူ တဦးကို သွားရောက် တွေ့ဆုံခဲ့ပြီး India Hockey အသင်းကို တဖန် ပြန်လည် ဖွဲ့စည်းပြီး မကြာမီ လွတ်လပ်ရေး ရလာမည့် လွတ်လပ်သည့် India နိုင်ငံအတွက် အိုလံပစ် ရွှေတံဆိပ်ဆုကို အရယူပေးချင်ကြောင်း Tapan က ခွင့်တောင်းခဲ့ပါတယ်။

သူ့ကို ခွင့်ပြုပေးရန်နှင့် အပြည့်အ၀ ယုံကြည်ပြီး တာဝန်ပေးရန်ကို တောင်းဆိုခဲ့၏။ နိုင်ငံအနှံ့ ကစားသမားကောင်းများကို ရှာဖွေပြီး နိုင်ငံအသင်းကို တဖန်ပြန်လည် ဖွဲ့စည်းပြီးမည်ဟု သူစီစဉ်ထား၏။ တာဝန်ရှိသူ၏ ခွင့်ပြုချက် ရပြီးနောက် သူ နိုင်ငံအနှံ့ ခြေဆန့်ပြီး ကစားသမားကောင်းများ သူလိုက်ရှာတော့၏။ ထို့ပြင် ဂျာမန် အိုလံပစ်မှာ ရွှေတံဆိပ် ဆွတ်ခူးခဲ့သည့် ကစားသမားများထဲမှာ အချို့ကိုလည်း ပြန်ကစားပေးရန် သူ စည်းရုံးနိုင်ခဲ့၏။ တဖြည်းဖြည်းနှင့် သူ့အသင်းသည် ပုံပေါ်လာခဲ့၏။ လူသစ် လူဟောင်းများနှင့် အင်အားတောင့်တင်းသော အသွင်သစ် India အသင်းကို သူ ဖန်တီးနိုင်ခဲ့၏။ မကြာမီ လွတ်လပ်ရေးရတော့မည့် India အသင်းအတွက် ရွှေတံဆိပ် အရယူပေးဖို့ သူတို့ အသင့် ဖြစ်နေပြီ ဖြစ်၏။

S81103-17133831(1).jpg
photo from Google

သို့ပေမယ့် သူတို့ အိပ်မက် သူတို့ မျှော်လင့်ချက်တွေ ပြိုလဲသွားစေမည့် ထိုးနှက်ချက် တခု ပေါ်လာခဲ့၏။ လွတ်လပ်ရေးနှင့် အတူ နိုင်ငံ ပြိုကွဲသွားသည့် ကိစ္စ ဖြစ်၏။ India နှင့် Pakistan ဆိုပြီး ကွဲထွက်သွားမှုက သူတို့ အသင်းကိုပါ ပြိုကွဲသွားစေ၏။ အစ္စလမ် ဘာသာဝင်တို့က အသစ်ဖြစ်ပေါ်လာသည့် Pakistan နိုင်ငံသို့ ပြောင်းရွှေ့သွားမှုက India Hockey အသင်းကို ပြိုကွဲသွားစေ၏။ India အသင်း ပြိုကွဲသွားမှု နှင့်အတူ Tapan ၏ စိတ်ကူး အိပ်မက်တွေလည်း နောက်ထပ် တကြိမ် မှေးမှိန် ကွယ်ပျောက်သွားရပြန်၏။

India Hockey အသင်း နောက်ထပ်တကြိမ် ပြန်လည် ဖွဲ့စည်းနိုင်ပါ့မလား။ Tapan ရဲ့ စိတ်ကူး အိပ်မက်တွေ တကယ် ဖြစ်လာပါ့မလား။ India အသင်း နောက်တကြိမ် ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ် ဆွတ်ခူးနိုင်ပါ့မလား ဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက် ရှုစားကြပါလို့

India ဇာတ်ကားတွေရဲ့ သဘောသဘာဝအတိုင်းပဲ ယခုကားလေးဟာ ကြည့်ရှုသူတွေကို စိတ်ဝင်စားစွာ အဆုံးထိ ဆွဲခေါ်သွားခဲ့ပါတယ်။ စိတ်ဓါတ် တက်ကြွဖွယ် ဇာတ်ကား ကောင်းတကားဆိုလည်း မမှားပါဘူး။ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး စိတ်ကူး ကွန့်မြူးမှု အနည်းငယ် ဖြည့်စွက် ရိုက်ကူးထားခြင်းကလည်း တမျိုး တဘာသာ ဆန်းနေခဲ့ပါတယ်။ နောက်ဆုံး ဆုပေးပွဲ အခမ်းအနားမှာ ဘာကို မြင်ခဲ့ရလဲ ဆိုတာကို သတိထားပြီး ကြည့်စေချင်ပါတယ်။

Director
Reema Kagti

Cast
Akshay Kumar, Mouni Roy, Kunal Kapoor, Amit Sadh, Vineet Kumar Singh, Sunny Kaushal

Don Jaun

MSC 31

Sort:  

Hello dude. Let's help each other to increase our votes

Ashay Kumar is my favourite actor 😁

Me too
I'm,also like him

ခုနောက်ပိုင်း အိန္ဒိယ ကားတွေ တော်တော် ကြည့်လို့ ကောင်းလာတယ်ခင်ဗျ။ ဒီကားလည်း skynet ကလာမှပဲ သေသေချာချာ ပြန်ကြည့်တော့မယ်ဗျ။ အညွှန်းလေးက တယ်ကောင်း။

Posted using Partiko Android

ဟုတ် ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66765.98
ETH 3234.00
USDT 1.00
SBD 4.23