Weekend Movie :: AndhadhunsteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ဘ၀မှာ ထင်ထားသလို ဖြစ်မလာခဲ့တာတွေ အများကြီး ရှိပါတယ်။ မိမိ မျှော်မှန်းထားသလို ဖြစ်မလာတဲ့ အခါ စိတ်ပျက် ၀မ်းနည်း ရပါတယ်။ ဒါပေမယ့် ဖြေရှင်းဖို့ နည်းလမ်းတွေက အများကြီးပါ။ တနည်းမဟုတ်၊ တနည်းနှင့် အဆင်ပြေသွားမှာပါ။ မိမိ ကိုယ်တိုင်ကပဲ ဖြေရှင်းယူရတာကိုး။ ဒုက္ခဆိုတာ ရှောင်လွဲဖို့မှ မဟုတ်ပဲ နားလည်ဖို့ပဲလေ။ သူ့ကို နားလည်အောင် ကြိုးစားလိုက်ရင် ဖြေရှင်းရမည့် နည်းကို အလွယ်လေး တွေ့သွားမှာပါ။ နည်းလမ်း မတွေ့ခင် တုန်း အထိတော့ ခက်ခဲ ပင်ပန်း မှာပါပဲ။

Akash (Ayushmann Khurrana) ဟာ စန္ဒရား ပညာရှင် ဖြစ်ပါတယ်။ နောက်ပြီး သူဟာ မျက်မမြင် တယောက်ပါ။ သူဟာ သူ့ကြောင်လေး နှင့်အတူ နေထိုင်ပါတယ်။ သူ့ အိမ်နားမှာ ကလေးငယ် တဦး ရှိပါတယ်။ သူကို အရိပ်တကြည့်ကြည့် စောင့်ကြည့်နေတဲ့ ကလေးငယ်ပါ။ တရက် Akash တယောက် မြို့ထဲသွားရင်း လမ်းဖြတ် အကူးမှာ Sophie (Radhika Apte) မောင်းလာတဲ့ ဆိုင်ကယ်နှင့် တိုက်မိခဲ့ပါတယ်။ ကြီးကြီးမားမား ထိခိုက်မှု မရှိသွားခဲ့ပါဘူး။ ဒီ မတော်တဆမှုကနေ Sophie နှင့် Akash တို့ ခင်မင်သွားခဲ့ကြပါတယ်။

စန္ဒရား ပညာရှင် Akash ရဲ့ အရည်အချင်းကို သတိထားမိသွားပြီးတဲ့ နောက် Sophie က Akash ကို သူမရဲ့ ဖခင်ဆိုင်ကို ခေါ်သွားခဲ့ပါတယ်။ ညနေဖက်တွေမှာ ဆိုင်မှာ လာရောက် စားသုံးတဲ့ သူတွေကို ဖျော်ဖြေ ပေးဖို့ပေါ့။ ဆိုင်မှာ ပုံမှန် လာရောက် စားသုံးနေတဲ့ ဖောက်သည်တွေထဲမှာ မင်းသား Pramod Sinha (Anil Dhawan) တယောက်လည်း အပါအ၀င် ဖြစ်ပါတယ်။ သူဟာ Akash ရဲ့ အရည်အချင်းကို သဘောကျ နှစ်ခြိုက် သွားခဲ့ပါတယ်။ မင်းသား Pramod ဟာ တခေတ်တခါက အရမ်းကို နာမည်ကြီး အောင်မြင် ခဲ့တဲ့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။

MV5BZWZhMjhhZmYtOTIzOC00MGYzLWI1OGYtM2ZkN2IxNTI4ZWI3XkEyXkFqcGdeQXVyNDAzNDk0MTQ@._V1_.jpg
photo from Google

ခုတော့ အသက်ကြီးနေပြီ ဖြစ်လို့ အနားယူထားပါပြီ။ သူဟာ Simi (Tabu) နှင့် လက်ထပ် ထားပါတယ်။ နောက်အိမ်ထောင်ပေါ့။ သူတို့ရဲ့ မင်္ဂလာ နှစ်ပတ်လည်မှာ စန္ဒရားတီး ဖျော်ဖြေပေးဖို့ Akash ကို ခေါ်ထားခဲ့ပါတယ်။ Pramod က Simi ကို အလုပ်ကိစ္စနှင့် သူ တနေရာသို့ သွားရမည် ဖြစ်ကြောင်း နှစ်ပတ်လည် နေ့ မတိုင်ခင်ညက ပြောထားပါတယ်။ နှစ်ပတ်လည်နေ့ကို ခရီးသွားလို့ Simi က စိတ်ဆိုးနေပါတယ်။ အမှန်တော့ Pramod ဟာ တကယ် ခရီးသွားစရာ မရှိပါဘူး။ သူက Simi ကို surprise လုပ်မလို့ ဖြစ်ပါတယ်။ မနက်ခင်း အစောလောက်ထွက်သွားပြီး Akash သူ့အိမ် မရောက်ခင်လောက်ကို သူက အရင် ရောက်အောင် ပြန်လာပြီး Simi ကို surprise လုပ်မှာပဲ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ အချိန်ရောက်မှာတော့ Akash တယောက် Pramod ရဲ့ အိမ်ကို ရောက်လာခဲ့ပါတယ်။ Simi က အိမ်တံခါး ဖွင့်ပေးပါတယ်။ Pramod မရှိနေပါဘူး။ အမှန်တော့ Pramod ဟာ အိမ်ထဲမှာ ရှိနေပါတယ်။ သက်ရှိတယောက်အနေနှင့်တော့ မဟုတ်ပါဘူး။ သက်မဲ့ တယောက်အနေနှင့် ဖြစ်ပါတယ်။ Pramod တယောက် သေဆုံးနေခဲ့ပြီး ဖြစ်ပါတယ်။ ဒါကို မျက်မမြင် ဖြစ်တဲ့ Akash က သတိထားမိပါတယ်။ အိမ်ထဲမှာ အသက်မဲ့နေတဲ့ Pramod ရယ်၊ Akash ရယ် အပြင် နောက်ထပ် ယောက်ျားသား တဦး ရှိနေပါသေးတယ်။ ဒါကိုလည်း Akash က သိနေပါတယ်။ Akash တယောက် သိသိကြီးနှင့် စန္ဒရားကို ဟန်မပျက် တီးနေခဲ့ပါတယ်။ သူ စန္ဒရား တီးနေတုန်းမှာ Simi နှင့် ထိုအမျိုးသားက Pramod ရဲ့ အလောင်းကို ဖြောက်ဖြတ် ဖို့ လုပ်ဆောင်နေကြပါတယ်။

S90202-11553794(1).jpg
photo from Google

Akash တယောက် စန္ဒရား တီးပေးပြီးနောက် ပြန်လာခဲ့ပါတယ်။ သူ အိမ်ကို တန်းမပြန်ပါဘူး။ ရဲ စခန်းကို သွားခဲ့ပါတယ်။ တခြား မဟုတ်ပါဘူး။ Pramod သေဆုံးသွားမှုကို တိုင်ချက်ဖွင့်ဖို့ပါ။ လူသေဆုံးမှု အကြောင်း သူတိုင်ချက်ဖွင့်နေတုန်းမှာ စခန်းမှူး ရောက်လာခဲ့ပါတယ်။ စခန်းမှူးက တခြားသူ မဟုတ်ပါဘူး။ Simi အိမ်မှာ ရှိနေခဲ့တဲ့ နောက်ထပ် အမျိုးသား တဦးပါပဲ။

မျက်မမြင် Akash တယောက် ယခု ကိစ္စရပ်ကို ဘယ်လို ဆက်လက် လုပ်ဆောင်မလဲ၊ စခန်းမှူးနှင့် Simi တို့က ဘယ်လို ပတ်သက်နေတာလဲ၊ Pramod သေဆုံးမှုက အမှုမှန် ပေါ်လာပါ့မလား၊ မျက်မမြင် Akash ရဲ့ ပြောစကားကိုကော လူတွေက ယုံပါ့မလား၊ ဘာတွေ ဘယ်လို ဆက်ဖြစ်မလဲ ဆိုတာကိုတာ့ ပိတ်ကားထက်မှာ ဆက်လက် ရှုစားပါလို့

ဒီဇာတ်လမ်းဟာ ကြည့်လို့ကောင်းတဲ့ ဇာတ်ကား တကားဖြစ်ပါတယ်။ လှည့်ကွက်တွေ အပြည့်နဲ့ စိတ်ဝင်စားဖွယ် ဖြစ်အောင် ဆွဲဆောင် ခေါ်ယူသွားခဲ့ပါတယ်။ ဘယ်လို ဆက်ဖြစ်မလဲ ဆိုတာကို ခန့်မှန်းရ ခက်ခဲ့ပါတယ်။ ကျနော် အပို မပြောဘူးဆိုတာ ဇာတ်ကားကို ကြည့်ပြီးသွားရင် သိသွားပါလိမ့်မယ်။

Director
Sriram Raghavan

Cast
Tabu, Ayushmann Khurrana, Radhika Apte, Anil Dhawan, Zakir Hussain, Ashwini Kalsekar, Manav Vij, Gopal K Singh

Don Jaun

MSC 31

Sort:  

ဇာတ်ကား လင့်လေးချပေးပါ ရှိရင်နော့

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 68321.15
ETH 3140.45
USDT 1.00
SBD 3.69