Way (Chapter 6)
သူဌေး တိုင်း ဆိုးသည်ဟု မပြောလိုပေမယ့် သူဌေး အများစုကတော့ မကောင်းလှပေ။ မိမိ ကိုယ်တိုင် လုပ်ငန်း ပိုင်ရှင် ဖြစ်လာလျှင်တော့ မည်သို့ ဖြစ်မည် မသိပေ။ ကိုယ့် လုပ်ငန်း၊ ကိုယ့် ဝင်ငွေနှင့်ဆိုတော့ ဘယ်လိုတွေ ဖြစ်မည်ကို မပြောနိုင်ပေ။ လောဘ ဆိုသည့် အမျိုးကလည်း အဆန်းသားကိုး။ PM က မကြာခင် အလုပ်က နားတော့မည် ကျနော်ကလည်း ခုထိ ဘာမှ ကောင်းကောင်း မသိသေးပေ။ PM ရာထူး တာဝန်က ပြောလို့ ပြောသည် မဟုတ် အတော်လေး ကြီး၏။ ပိုဆိုးသည်က PM က နေရာစုံ နီးပါး လက်စွမ်း ထက်သူဟု ပြောလို့ ရနေသည်ကိုး။
ဆောက်လုပ်ရေးပိုင်းနှင့် ပတ်သက်ပြီး စေ့စပ်သေချာ နှံ့စပ်သလို အခြား နေရာများမှာလည်း ကျွမ်းကျင်လှ၏။ ဒီဇိုင်း ရေးဆွဲခြင်းများမှာလည်း သူက တော်၏။ လုပ်ငန်းပိုင်း၏ လိုဂို၊ ကြော်ငြာများ အားလုံးကို သူသာ ရေးဆွဲခြင်း ဖြစ်၏။ အခြား အပြင်ဆိုင်မှာ တခုခု အပ်နှံ့ခဲ့ရသည်ဆိုတာမျိုး တခါသားမှ မရှိခဲ့ပေ။ အရာရာတိုင်း သူ့ခြေ သူ့လက် ဖြစ်နေတော့၏။ ထို့ကြောင့်လည်း သူက ဒီအလုပ်ကနေ နားဖို့ စဉ်းစားနေခြင်း ဖြစ်၏။ ဟ … ကိုယ့်ခြေ ကိုယ့်လက်ဆို ဘာလို့ နားဟု မေးစရာ ရှိ၏။ အကုန်လုံးကို လုပ်ပေးနေရပေမယ့် ရသည့် လစာက ထင်ထားသလောက်၊ မျှော်မှန်း ထားသလောက် မဖြစ်နေဘူးကိုး။
ယခု ရန်ကုန်က ခေါ်သည့် အလုပ်က လစာအားဖြင့်လည်း ပိုများ၏။ ထို့ပြင် ကိုယ့် ရာထူး တာဝန်နှင့် သက်ဆိုင်သည့် အရာများကိုသာ လုပ်ဆောင်ရမည် ဖြစ်၏။ အခြား အပို အလုပ်များ လုပ်ရမည် မဟုတ်ပေ။ လက်ရှိ အလုပ်က အမျိုးတွေ ဖြစ်နေလို့သာ အောင့်အီးပြီး လုပ်ပေးနေပေမယ့် ပြန်ရသည့် အကျိုး အမြတ်က မက်လောက် စရာ သိပ်မရှိနေဘူးကိုး။ သူလည်း နောင်ရေးအတွက် စဉ်းစားရဦးမည် မဟုတ်လား။ ထို့ကြောင့် လက်ရှိအလုပ်ကနေ နားဖို့ စဉ်းစားလိုက်ခြင်း ဖြစ်၏။ သူက နားတာ အရေးမကြီးပေမယ့် ကျနော်ကတော့ ခေါင်းကြီး၏။
သူက အလုပ်က နားရတော့မည် ဝန်တွေ ပေါ့သွားတော့မည် ဖြစ်သဖြင့် ပျော်နေသလောက် ကျနော့်မှာတော့ တဖြည်းဖြည်း ဝန်တွေ လေးလာမည့် အဖြစ်ကို တွေးရင်း ပူပန်နေမိလေတော့၏။
ဆက်ပါဦးမည်
Don Jaun
MSC 31
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem