WaitingsteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ဘာရေးလျှင် ကောင်းမည်နည်း။ တခါတလေ laptop လေးကို ဖွင့်ဖွင့်ပြီး စာရေးချိန်တိုင်း တွေးမိသည့် အတွေးလေး ဖြစ်၏။ ခုတလော အကြောင်းအရာက အရင်လို ကြိုပြီး မစဉ်း၊ မတွေးတောထားမိတော့ပေ။ တွေ့သမျှ မြင်သမျှကို အလွတ်မပေးဘဲ လိုက်လံ မှတ်သားထားသော်လည်း အကြောင်းအရာတိုင်းကို စာလုံး အဖြစ် အသက်သွင်း တင်ပြလို့တော့ မရဘူးကိုး။ နေ့စဉ် တွေ့ကြုံ သိမြင်နေသည့် အရာများထဲမှ ကောင်းနိုးရာရာများကို ပိုစ့် အဖြစ် အသက်သွင်းပြီး ရေးရေး တင်ဖြစ်ခဲ့၏။ ထိုသို့ တင်ဖြစ်ခဲ့လို့ပဲ ပိုစ့်များ တော်တော်များ ရခဲ့သည် မဟုတ်လား။

စာမဖတ်ဖြစ်သည့် အခါမျိုးမှာ ပတ်ဝန်းကျင်မှ အရာများ၊ လူများကို လိုက်လံ ဖတ်ထား၊ မှတ်ထားခြင်းက ယခုလို အခါမျိုးမှာ အကျိုး ဖြစ်သည် မဟုတ်လား။ ဒီလောက်ထိ ရှာကြံပြီး ရေးနေတာတောင် တခါတလေ ဘာရေးလို့ ရေးရမှန်းကို မသိ ဖြစ်ရ၏။ ရေးစရာ ရှိပြန်တော့ စိတ်က မပါနှင့် အတော်လေးကို ကသီ၏။ မည်သို့ပင် ဆိုစေ နေ့စဉ် ပိုစ့် ရေးနိုင်ဖို့ မိမိကိုယ်ကို အတင်း အလေ့အကျင့်ပေးထားနိုင်လို့သာ တော်သေး၏။ ပျင်းပျင်း၊ မပျင်းပျင်း စိတ်ပါပါ၊ မပါပါ နေ့စဉ် ရေးဖြစ်၊ တင်ဖြစ်နေ၏။

Steem ဈေး ကျနေပေမယ့် steemit ကြောင့် အကျိုး ကျေးဇူး၊ အပြောင်းအလဲ အများကြီး တွေ့ကြုံ ခံစားခဲ့ရပြီးပြီ ဖြစ်၏။ သိသာ ထင်ရှားသည့် အချက် တခုက မြန်မာစာ လက်ကွက် သူမတူအောင် လျှင်မြန်လာခဲ့၏။ ဘယ်လောက်တောင် မြန်လာခဲ့လည်း ဆိုလျှင် ယခင် အင်္ဂလိပ်စာ လက်ကွက် ပိုမြန်၊ ပိုရသည့် ကျနော့်လက်များသည် မြန်မာစာ၊ မြန်မလက်ကွက်မှာ ပိုမို မြန်ဆန် လာနေခဲ့ပြီ ဖြစ်၏။ အင်္ဂလိပ်စာ လက်ကွက်မှာ နှေးသွားတော့၏။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

Laptop စ၀ယ်စတုန်းက programming language ဖြစ်သည့် Java ကို လေ့လာဖို့ ဖြစ်၏။ သို့ပေမယ့် နောက်ပိုင်း ထပ်မလေ့လာ ဖြစ်တော့သောအခါ အနှီ laptop ကို သိပ်မဖွင့်ဖြစ် သိပ်မသုံး ဖြစ်တော့ပေ။ သင်တန်း ကိစ္စအတွက် မေးခွန်းများ ရိုက်ဖို့လောက်သာ အနှီ laptop ကို ဖွင့်ဖြစ်တော့၏။ မဖွင့်ဖြစ်တာ ကြာသွားသဖြင့် laptop တောင် ဖုန်များ တက်နေလေ့ ရှိ၏။ ယခု laptop ကို မကြာမကြာ၊ နေ့စဉ် ဖွင့်ဖြစ်တာ steemit ကျေးဇူးကြောင့် ဖြစ်၏။ စာရေးဖို့ ပိုစ့်တင်ဖို့ အနှီ laptop ကို မကြာခဏ အသုံးပြု နေရပြီ မဟုတ်လား။

Steemit ကြောင့် ကျနော်နှင့် ကျနော့် laptop ပြန်လည် ရင်းနှီးခွင့် ရခဲ့သည် မဟုတ်လား။ ဤသည်တို့မှာ steemit ကြောင့် ပြောင်းလဲ တိုးတက်လာသည့် အချက်များ များစွာထဲမှ အနည်းငယ် ဖြစ်၏။ ထို့ကြောင့်ပင် steemit ကို စွဲလန်းမှန်း မသိ စွဲလန်းနေခဲ့တော့၏။ စာမရေးဘဲ မနေနိုင်၊ ပိုစ့်မတင်ဘဲ မနေနိုင်၊ မိမိ၏ steem blog ကို မဖွင့်ကြည့်ဘဲ မနေနိုင်ကို ဖြစ်နေခဲ့၏။ အိပ်မက်တွေ တကယ်ဖြစ်လာဖို့ steemit platform ပေါ်မှာ ဆက်ပြီး လျှောက်လှမ်း နေပေဦးမည် ဖြစ်၏။ တနေ့နေ့တော့ အပြောင်းအလဲတွေ မြင်ရမှာပါလေ။

Don Jaun

MSC 31

Sort:  

စတင်းဈေးမတက်လည်း ရတာအမြတ်ပ ဈေးတက်သွားရင်လည်း.....

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 59934.86
ETH 2666.82
USDT 1.00
SBD 2.45