ကျနော်နှင့် Smartphone (Chapter 7)

in #myanmar6 years ago

FB_IMG_1527335451652.jpg

Smart phone အကြောင်းများ ရေးနေ၍ ကျနော်သည် သိပ်ပြီးတော့ တတ်သိ နားလည်နေသူ တဦးတော့ မဟုတ်ပေ။ Android အကြောင်းကို အတော်အတန် တီးမိခေါက်မိပေမယ့် Ios အကြောင်းတော့ သိပ်မသိလှပေ။ မသိဆိုသည်က ကျနော် တခါမှ apple (iphone) မကိုင်ဘူးသေးသော်ကြောင့် ဖြစ်၏။ မကိုင်နိုင်ခြင်း ဆိုသည်ထက် ကျနော်အတွက် Android က ပိုပြီး အဆင်ပြေသောကြောင့် ဖြစ်၏။ တချိန်ချိန်မှာတော့ iphone တလုံးလောက်တော့ ကိုင်ကြည့်ဦးမည်။

Touch screen phone များ၏ ရှေ့ပြေး ကနဦး phone များတွင် iphone လည်း အပါအ၀င် ဖြစ်၏။ သူ့ရဲ့ နည်းပညာ၊ သူ့ စွမ်းဆောင်နိုင်စွမ်းကြောင့် iphone များသည် လူအများက လိုချင်သော၊ လူအများစု နှစ်သက်ကြသော phone အမျိုးအစား တခု အဖြစ် ရှိနေ၏။ တလောက online မှာ video လေး တခု တွေ့လိုက်ရသေး၏။ အသစ်ထွက် iphone 8 ကို ကိုင်ချင်သောကြောင့် မိမိ၏ အပျိုစင်ဘ၀ကို ရောင်းစားသည့် ကောင်မလေး အကြောင်း ဖြစ်၏။ ထိုကောင်မလေးကို အသိပညာ ပေးချင်သောကြောင့် လူတချို့က စီစဉ်အကွက်ချပြီး သူမ မှားသွားကြောင်းကို ပြသ ပေးခဲ့ကြ၏။ iphone သည် ဤမျှ ရိုက်ခတ်မှု ပျင်းလွန်းလှ၏။ iphone ကိုင်သူအများစု သည် phone ကို အကျိုးရှိစွာ အသုံးပြုဖို့ထက် ကြွားဝါစရာ ပစ္စည်းတခု အဖြစ် သာ သုံးနေကြခြင်း ဖြစ်၏။ ထိုသို့ ပြောလျှင် ကျနော့်ကို စိတ်ဆိုးကြပေလိမ့်မည်။ တကယ့်တကယ်လည်း iphone သုံးသူ အယောက် (၁၀၀) မှာ (၉၀) လောက်က ထို phone အကြောင်းကို ဂဃနဏ မသိကြပေ။ ကြွားဝါစရာ အဆင်တန်ဆာ တခုအဆင့်ထက် မပိုပေ။

FB_IMG_1536233681963.jpg
photo from Facebook

ကြွားစရာ ဖြစ်အောင်လည်း iphone ဈေးများက ကောင်းလွန်း၊ ကြီးလွန်းလှ၏။ ဈေးကြီးလွန်းသလို phone ထဲမှ သုံးစွဲထားသည့် hardware များ၊ software များကလည်း ကောင်းမွန်လွန်းလှသည်။ သို့ပေမယ့် ယနေ့ခေတ် Android phone များ၏ အရည်အသွေးပိုင်းများသည်လည်း iphone များနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင် လာနိုင်နေပြီ ဖြစ်၏။ တခု ဆိုးသည်က အချို့ android phone များသည် iphone ဒီဇိုင်းကို တုပြီး ထုတ်လုပ်နေကြခြင်း ဖြစ်၏။ ထိုအချက်ကိုတော့ ကျနော်၏ တကိုယ်တည်း အမြင်ကတော့ android phone များကို ကိုယ့် စတိုင် ကိုယ့် ဒီဇိုင်းနှင့် သာ သွားစေ၊ ထုတ်စေ ချင်၏။

Ios နှင့် Android platform နှစ်ခုသည်လည်း တဖြည်းဖြည်း ယှဉ်ပြိုင်လာရင်းနှင့် အသုံးပြုသူများ စိတ်ကျေနပ်ဖွယ် အခြေအနေ တရပ်သို့ ရောက်အောင် ကြိုးစား အားထုတ်လာကြ၏။ Android ကို ကြိုက်ကြသလို Ios ကို ကြိုက်သူများလည်း ရှိ၏။ Android သုံးစွဲသူများက android သည် use to ဖြစ်သည်၊ data များကို မျှဝေပေးသည့် အခါမျိုးမှာ လွယ်ကူ မြန်ဆန်သည်၊ download ပြုလုပ်ရသည်မှာလည်း ပိုမို လွယ်ကူသည်၊ သုံးစွဲသူများကို ပိုမို ထိတွေ့ခွင့် လွတ်လပ်စွာ သုံးစွဲခွဲ့ ပြုသည်၊ ရွေးချယ်စရာ အမျိုးအစား များစွာ ရှိသည် စသည့် အချက်များကြောင့် android ကို ပိုမို နှစ်သက်ကြ၏။ Ios သုံးစွဲသူများ ဖက်ကလည်း ios သည် security ပိုင်းအရ စိတ်ချရသည်၊ os update ပိုင်းအရလည်း သေချာတိကျမှုရှိသည် (modern နိမ့် iphone များကိုပင် မေ့မထားပဲ သင့်တင့်သော update များကို ထုတ်ပေးသည်)၊ Game ချင်းတူတူတောင် ios တွင် ဆော့ကစားရသော game သည် android phone များထက် ရုပ်ထွက်ပိုင်းအရ ပိုမို သာလွန်သည် စသည့် အချက်များကြောင့် iphone များကို ပိုမို နှစ်သက်ကြ၏။

banner-img_WhyAndroid.jpg
photo from Google

ကိုယ်နှစ်သက်ရာကို လွတ်လပ်စွာ စိတ်ကြိုက် ရွေးချယ်ခွင့် ရှိ၏။ သို့သော် ပုတ်ခတ်ပြောဆို မှုများတော့ မလုပ်သင့်ပေ။ မိမိအသုံးပြုသည့် phone အမျိုးအစားများပေါ်မူတည်ပြီး iphone user များ၊ android user များ ပုတ်ခတ်ပြောဆိုနေကြမှုများကို မကြာမကြာ တွေ့နေရ၏။ ထို့ထက် ဆိုးသည်က android user အချင်းချင်းတောင် မိမိ သုံးစွဲသည့် phone brand အမျိုးအစားပေါ်မူတည်ပြီး ပုတ်ခတ်မှုများ ရှိနေကြ၏။ အလွန်မှပဲ ဆိုးလှ၏။ phone တလုံးသည် ဘ၀တခု မဟုတ်ပေ။ ကျနော်တို့၏ နေ့စဉ်ဘ၀များကို လွယ်ကူချောမွေ့ မြန်ဆန်စေအောင် ကူညီပေးသည့် အရာတခုသာ ဖြစ်၏။ ထို phone ကြောင့် နေ့စဉ် ဘ၀တွင် အနှောင့်အယှက် အဖုအထစ်များ ရှိလာ ဖြစ်လာနေရသည် ဆိုခြင်းမှာ အနှီ phone များကြောင့် မဟုတ်ပဲ ထို phone ကို ကိုင်တွယ် အသုံးပြုနေသည့် အသုံးပြုသူများကြောင့်သာ အနှောင့်အယှက်များ၊ နှောင့်နှေးမှုများ၊ ပြဿနာများ ဖြစ်ပေါ်လာရခြင်း ဖြစ်၏။

Don Jaun

MSC 31

Sort:  

ဖုန်းတစ်လုံးသည် ဘ၀တစ်ခု မဟုတ်ပါ ဆိုတဲ့စကားအကြိုက်ဆုံးပဲ ဆာဒွန်ရေ ဖုန်းကို ဘ၀ လုပ်နေတဲ့ လူငယ်တွေအတွက် အသိတစ်ခုပိုတိုးသွားတယ်ထင်တယ် ရေးစရာ ကုန်ကြမ်းတစ်ခုလည်း ရဘီ ☺☺☺

ဟုတ်ဟုတ်
ရေးပါဗျ

နားလည်အောင်လေ့လာထားတာကောင်းပါသည်

ဟုတ်

ဖုန်းကို အမြဲသုံး​နေ​တော့လဲ ပတ်​ဝန်းကျင်​နဲ့ အဆင်​မ​ပြေပြန်​ 😁😁

မှန်တာပေါ့

iPhone ကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ၀ယ်ကိုင်ပစ်ရလောက်အောင်ထိ မရှာနိုင်သေးတော့ မဲပေါက်ရင်ပဲဖြစ်ဖြစ် ၊ ထီပေါက်မှပဲဖြစ်ဖြစ် ကိုင်တော့မယ်ဗျာ...။ 💲💲💲💲

ဘာပဲ ဖြစ်​ဖြစ်​ပညာတခုတိုးတာ​ပေါ့ဗျာ

ဟုတ် ဦးယု

Me too
😂

ဝန်‌ခံပါတယ်‌ကိုဒွန်‌၊ကိုယ့်‌ဖုန်းအ‌ကြောင်း‌ကောင်း‌ကောင်းမသိ‌သေးဘူး။

နောက်ကျရင်တော့ မြန်မာပြည်ကကိုယ်ပိုင်ထုတ်တဲ့ don ဖုန်းတွေထွက်လာမှာပါ

ဖုန်းကောင်းကောင်း ရမ်များများပါတော့ သုံးလို့ ပိုကောင်းတာပေါ့...ကြွားချင်တဲ့ စိတ်ကလေးတွေကတော့ အနည်းအများ ရှိကြမှာပါလေ....

ဟုတ်ပါ့ ကိုဟိန်း ရယ်

ဖုန်း​တော့ကိုင်​ဖူးသည်​ pc​ခေါ် ကွန်​ပူတာ​တော့ဝယ်​နိုင်​​သေးဘူး.....ဟီး😁

May be one day Bro.
Keep dreaming

ကျော်ကတော့ mi မှ mi ဖဲ😁

ဟုတ်ကဲ့ပါ ဗျာ လို့

ဖုန်းအကြောင်းလည်း နှံ့နှံ့စပ်စပ်ပင် သိပါကော ကိုဒွန်

နည်းနည်းပါးပါး ပါဗျ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64386.10
ETH 3142.17
USDT 1.00
SBD 3.98