ကျနော်နှင့် smartphone (Chapter 6)

in #myanmar6 years ago

FB_IMG_1527335451652.jpg

ယနေ့ အချိန်မှာတော့ smartphone များသည် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်လာနေပြီ ဖြစ်၏။ လူတို့သည် ရည်ရွယ်ချက် အမျိုးမျိုးနှင့် smartphone များကို ၀ယ်ယူ အသုံးပြုကြ၏။ ထို အမျိုးမျိုးများထဲမှ အဓိက ရည်ရွယ်ချက်မှာ ကြွားဝါလိုကြခြင်း ဖြစ်၏။ လူ (၁၀၀) မှာ (၈၀) လောက်က ကြွားဝါဖို့အတွက် smartphone များကို အသုံးပြုကြ၏။ smartphone တလုံး ၀ယ်ယူရာတွင် မိမိ တကယ် အသုံးဝင်၊ အသုံးပြုဖို့လား၊ ကြွားဝါဖို့ သက်သက်လား ဆိုသည်ကိုတော့ မိမိကိုယ်ကို သဲကွဲ သေချာဖို့ လို၏။

Smartphone တလုံး ၀ယ်ယူရာတွင် သေချာ စဉ်းစားပြီးမှ ၀ယ်သင့်၏။ လူပြောသူပြောများကြောင့်၊ အရောင်းစင်တာကြောင့်၊ သူငယ်ချင်းများကြောင့် ဆိုသည်ထက် မိမိ ဘာအတွက် သုံးမည်၊ ဘယ်လို အသုံးပြုမည် တို့ကို အရင်ဆုံး သေချာ စဉ်းစား စီစဉ်ထားဖို့ လို၏။ ပြီးမှ မိမိလိုချင်သည့် အချက်များနှင့် ကိုက်ညီပြီး မိမိသုံးနိုင်မည့် ငွေကြေးတန်ဖိုး တရပ်နှင့်ညီသည့် smartphone ကို ရွေးထုတ်နိုင်ဖို့ လို၏။ သို့မှသာ စွမ်းဆောင်ရည်တူ၊ ဈေးတန်းတူ smartphone များထဲမှ မိမိ စိတ်ကြိုက်ကို ၀ယ်ယူနိုင်မည် ဖြစ်၏။ Electronic devices များသည် ၀ယ်ပြီး အရှုံးသာ ဖြစ်၏။ ကျဈေးသာ ရှိ၏၊ တက်ဈေး မရှိပေ။ ဒီနေ့ အသစ် နက်ဖြန် အဟောင်း ဖြစ်၏။ အခြား တပါး ပယောဂကြောင့် မိမိ သိပ်နှစ်သက်ခြင်း မရှိသည့် phone မျိုး ၀ယ်ယူမိလျှင် မိမိသာ စိတ်ညစ်ရမည် ဖြစ်၏။ ပြန်ရောင်းလျှင်လည်း မိမိဝယ်ဈေး ပမာဏအတိုင်း ပြန်ရနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် မိမိစိတ်ကြိုက်ကို သေချာ ရွေးချယ် ၀ယ်ယူနိုင်ရန် လိုအပ်၏။

banner-img_WhyAndroid.jpg
photo from Google

ကျနော့် အနေဖြင့် phone တလုံး ၀ယ်ယူရန် အမြဲတစေ သတိထား လေ့လာမိသည့် အချက်များ ရှိ၏။ အချက်အလက်များစွာများထဲမှ Ram, Rom, chipset တို့ကို အဓိကထားပြီး လေ့လာ၏။ မူရင်းကောင်းမှ မိတ္တူ ကောင်းမည် မဟုတ်လား၊ နဂိုရှိမှ နဂိုင်းထွက်လည်း ရှိသေးသည်ကိုး။ chipset က ဘောင်ဝင် တန်းမီ မဟုတ်လျှင် အလကားပင်။ မိမိစိတ် စေရာ၊ ဆောင်ရာ နောက်ကို phone က မလိုက်နိုင် ဖြစ်နေနိုင်၏။ နောက်တချက်က Ram။ chipset ကောင်းလျှင် Ram ကောင်းဖို့က ရာခိုင်နှုန်း များ၏။ chipset အကောင်းစားကြီးကို မည်သည့် phone company မှ ပေါချောင်ကောင်း Ram နှင့် ထုတ်မည် မဟုတ်ပေ။ သူ့အိုး သူ့ဆန်ပေါ့။ သတ်မှတ်ထားသော ရှိသင့်သည့် အရေသွေး ပြည့်မီသည့် Ram ပမာဏ ပါဝင်နေမှသာ phone ၏ လုပ်ဆောင်နိုင်စွမ်း၊ စွမ်းဆောင်ရည်များ လျှင်မြန်သွက်လတ် နေမည် ဖြစ်၏။ ဟို app ထဲဝင်ရင် ဟန်းနေလို့၊ ဒီ app ကနေ ထွက်ရင် ဟန်းနေလို့ ဆိုသည့် စကားများသည် Ram နှင့် ဆိုင်၏။

Ram ပမာဏ အနည်းငယ်လောက်သာ ပါဝင်သည့် phone များ၌ သူနှင့် သင့်တင့်သည့် app များကိုသာ သွင်းပြီး အသုံးပြုသင့်၏။ ထိုသို့ မဟုတ်ပါက ဟန်းနေမြဲ ဟန်းနေမည်မှာ အသေအချာပင်။ (၂၄) ပြည် ဆိန်အိတ် (၃) အိတ်ကို ထမ်းပြီး လူတိုင်း မြန်မြန် ပြေးနိုင်မည် မဟုတ်ပေ။ နိုင်ရာ သန်ရာ ၀န်လေးကိုသာ ထမ်းထားရလျှင်တော့ ထိုက်သင့်သလောက်တာ့ သွက်လက်နေပေလိမ့်မည်။ ယနေ့ အချိန်မှာတော့ Ram 3G သည် အနိမ့်ဆုံး အဆင့်အနေဖြင့် ရှိနေပြီး 4G, 6G, 8G စသည်ဖြင့် ပြောင်းလည်း တိုးတက်လာနေပြီ ဖြစ်၏။ Ram 4G ဆိုလျှင်ပင် အတော်စွမ်းဆောင်နိုင်သည်ဟု ပြောလို့ ရ၏။

Top-5-Best-Flagships-Killer-Smartphones-Early-2018.png
photo from Google

လွန်ခဲ့သော (၁၀) နှစ်ကျော်လောက်ကတော့ storage (rom) 2G,4G သည် အတော်များနေပြီ ဖြစ်၏ ။ 8G ဆိုလျှင် တော်တော်ကို ဟုတ်နေပြီဟု ပြောလို့ ရနေ၏။ ထို့ထက် 16G ဆိုလျှင် ဆရာကို ကျနေပြီ ဖြစ်၏။ ခုနေများ 16 G ဆိုလျှင် ဘာမှ သိပ်မဆံ့တော့ဟုလို့ပင် ပြောရမည့်ပုံ။ ယနေ့ အချိန်မှာတော့ phone အများစုသည် rom ကို 32G ကနေ စတင်ထည့်သွင်း ပေးနေမည် ဖြစ်၏။ သုံးစွဲသူများ၏ ဈေးကွက်အရ တောင်းဆိုမှုကြောင့်ဟုပင် ဆိုရပေမည်။ sd card ထပ်စိုက်လို့ ရသည် ဆိုပေမယ့် phone မှာ original ပါသည့် rom လောက်တော့ မကောင်းပေ။ data အရွှေ့အပြောင်းနှင့် အလုပ်ပို၏။ 32G, 64G, 128G, 256G စသည်ဖြင့် storage များကို အဆင့်မြှင့်တင်လာနေကြပြီ ဖြစ်၏။ တချို့ဆိုလျှင် 1 TB အထိ storage ကို အလေးပေးထားကြ၏။

ဤသည်မှာ smartphone တလုံး ၀ယ်ယူရာ၌ ကျနော် အလေးထားပြီး ရွေးချယ်ဖြစ်သည့် အဓိက အချက်အလက်များ ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ဟုပ်​ပါ့ဆရာ​ရေ့ သူနဲ့မကိုက်​တဲ့မဆန်​တဲ့​ဆောဝဲထည့်​မိလို့က​တော့
ဟန်းယုံတင်​မက စက်​တလုံး လုံးကို​ဖောမစ်​ချပြစ်​လိုက်​ရတာ

ဟုတ်ပ

ဖုန်းတွေကစုံတွေဗျာ

ဟုတ်

ကိုဒွန်‌‌ရေးတာ‌တွေ ကျွန်‌‌တော်‌လိုက်‌မမှီလို့ နားမလည်‌‌ပေမယ့်‌ တစ်‌ခု‌တော့ ‌ခေါင်းထဲဝင်‌မိတယ်‌။ကိုဒွန်‌ဟာ ‌လေ့လာအား‌ကေင်းသူတစ်‌‌ယောက်‌ဖြစ်‌သလို ‌စေ့‌စေ့စပ်‌စပ်‌ လုပ်‌တတ်‌သူဘဲလို့ ‌တွေးမိတာပါ။‌လေးစားပါတယ်‌ကိုဒွန်‌။

ကျေးဇူးပါဗျ

နီးလို့ကတော့ ကိုဒွန်

ဟမ် ... ဘာလုပ်မို့လဲ ဟင်

ဖုန်းပြင်ခိုင်းမို့ပေါ့အေ😊😊😊

ဟီး ... အဲ့ဆို တော်သေး

RAM, ROM အကုန် အကြီးရေးရတာမဟုတ်လားဆာဒွန်ရယ်
ဆာဒွန်ပြောသလိုပဲ ကျွန်တော့်ဖုန်းဟာဆိုရင်လေ ဆန် 12 ပြည်လောက်ပဲထမ်းနိုင်တာကို ကျွန်တော်က ဆန် 36 ပြည်ထမ်းခိုင်းနေတာ အမြဲပဲ ဟန်းနေဒယ် အာ့ ဘယ်လိုလုပ်ရင် မဟန်းပဲနေမလဲဆာဒွန် ☺☺☺

တချို့ မသုံးတဲ့ app တွေ ဖြုတ်လိုက်ပါ ကိုစိုး။ . file နဲ့ cache file တွေ ရှင်ကြည့်ပါလားဗျ။

ချမယ် ချမယ် ☺☺☺

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဖုန်းဝယ်​ရင်​အ​ရောင်​နှင့်​ပုံစံလှလားဘဲကြည့်​မိတယ်​....ကျန်​တာဘာမှမသိပါဘူး...ခုလို​ပြောပြတာဗဟုသုတရပါတယ်​....

ဟုတ် ကျေးဇူးဗျ

chipsetအကြောင်းသိခွင့်ရပြီ
အရင်ကRAMနှင့်ROMပဲသိခဲ့တာ

ဟုတ် ဟုတ်

ကျော် mi fan တျောက်ပါ😁

သားက sony & meizu

Congratulations @donjaun! You have completed the following achievement on Steemit and have been rewarded with new badge(s) :

You published a post every day of the week

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63643.10
ETH 2582.85
USDT 1.00
SBD 2.75